マタイ 12
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1そのころ、イエスは安息日に麦畑を通られた。弟子たちは空腹だったので、麦の穂を摘んで食べ始めた。
1ထို ကာလ အခါ ယေရှု သည် ဥပုသ်နေ့ ၌ ဂျုံ စပါးလယ်ကွက်တို့ကို ရှောက်ကြွ တော်မူလျှင်၊ တပည့် တော်တို့သည် ဆာမွတ် သောကြောင့် စပါး အသီးအနှံကို ဆွတ် ၍ စား ကြ၏။
2パリサイ人たちはそれを見て、イエスに言った。「見よ、あなたの弟子たちは、安息日にしてはならないことをしています。」
2ဖာရိရှဲ တို့သည်မြင် လျှင်၊ ကိုယ်တော် ၏ တပည့် တို့သည် ဥပုသ်နေ့ ၌ မ ပြု အပ် သောအမှု ကို ပြု ကြပါသည် တကားဟု လျှောက် ကြသော်၊
3しかし、イエスは彼らに言われた。 「ダビデとその供の者たちが空腹だったとき、ダビデが何をしたか、読んだことがないのか。
3ကိုယ်တော် က ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ ၊
4彼は神の家に入り、祭司のほかは、自分も供の者たちも食べることを許されていない供えのパンを食べた。
4ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ၍ မိမိ မ စားအပ်၊ မိမိ အဘော် မ စား အပ်၊ ယဇ်ပုရောဟိတ် တို့သာ စား အပ်သော ရှေ့ တော်မုန့် ကို စား သည်အကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။
5また、安息日に神殿の祭司たちが安息日を破っても罪に問われないことを、律法で読んだことがないのか。
5ယဇ် ပုရောဟိတ်တို့သည်လည်း ဗိမာန် တော်တွင် ဥပုသ်နေ့ ၌ ဥပုသ် ပျက်သော်လည်း ၊ မပြစ် မသင့်သည်ကို ပညတ္တိ ကျမ်း၌ မ ဘတ် ဘူးသလော။
6しかし、あなたがたに言う。神殿よりも偉大なものがここにある。
6ငါဆို သည်ကား၊ ဤ အရပ်၌ ဗိမာန် တော်ထက် သာ၍ကြီးမြတ်သောအရာရှိ ၏။
7『私が望むのはあわれみであって、いけにえではない』とはどういう意味かを知っていたなら、 あなたがたは罪のない者たちを罪に定めなかっただろう。
7ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည် လျှင် ၊ အပြစ် ကင်းသောသူ တို့ကို အပြစ် မ တင် မစီရင်ကြပြီ။
8人の子は安息日の主だからである。」
8လူ သား သည် ဥပုသ်နေ့ ကို အစိုးရ သည် ဟု မိန့်တော်မူ၏။
9イエスはそこを去り、彼らの会堂に入られた。
9ထို အရပ်မှ ကြွ ၍ တရားစရပ် သို့ ဝင် တော်မူ၏။ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ သည်ဖြစ်၍၊
10見よ、そこに片手の萎えた人がいた。彼らはイエスを訴えるため、「安息日に癒すことは許されていますか」と尋ねた。
10လူအချို့တို့က၊ ဥပုသ်နေ့ ၌ ရောဂါကို ငြိမ်း စေအပ် သလောဟု ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရှာ၍ မေး လျှောက် ကြ၏။
11イエスは彼らに言われた。 「あなたがたのうち、羊を一匹持っている人がいて、その羊が安息日に穴に落ちたなら、つかんで引き上げないだろうか。
11ကိုယ်တော် ကလည်း ၊ မိမိ၌ သိုး တစ် ကောင်တည်းရှိ ၍ ထို သိုးသည် ဥပုသ်နေ့ ၌ တွင်း ထဲသို့ ကျ လျှင် ၊ မ ဆွဲ မတင်ဘဲ နေမည့်သူတစ်စုံတစ်ယောက်မျှ သင် တို့တွင် ရှိ သလော။
12人は羊より、どれほど価値があることか。だから、安息日に良いことをするのは許されている。」
12လူ သည် သိုး ထက်အလွန် မြတ် ပေ၏။ ထို့ကြောင့် ဥပုသ်နေ့ ၌ ကျေးဇူး ပြု အပ် သည် ဟု ပြန်ပြောတော်မူပြီးမှ၊
13それから、その人に 「手を伸ばしなさい」 と言われた。彼が手を伸ばすと、もう一方の手と同じように元どおりになった。
13ထို သူအား ၊ သင် ၏လက် ကိုဆန့် လော့ ဟု မိန့် တော်မူ၍ ၊ သူသည် မိမိလက်ကိုဆန့် လျှင် ထိုလက်သည် လက်တစ်ဘက် ကဲ့သို့ ပကတိ ဖြစ်လေ၏။
14しかし、パリサイ人たちは出て行き、どうすればイエスを殺せるかと相談した。
14ထိုအခါ ဖာရိရှဲ တို့သည် ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ဖျက်ဆီး ရအံ့နည်းဟု တိုင်ပင် ကြ၏။
15イエスはそれを知って、そこから退かれた。大勢の群衆がイエスに従い、イエスは彼らをみな癒された。
15ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။
16そして、ご自分のことを人々に知らせないよう、彼らに命じられた。
16ထိုသူ တို့သည် သိတင်းတော်ကို မ ဖွင့် ရ မည်အကြောင်း ပညတ် တော်မူ၏။
17これは、預言者イザヤを通して語られたことが成就するためであった。
17ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။ နှုတ်ထွက် အချက်ဟူမူကား၊
18「見よ、私が選んだ私の僕、 私の心が喜ぶ、私の愛する者。 私は彼の上に私の霊を置く。 彼は諸国民に公正を告げ知らせる。
18ငါရွေးချယ် သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုး သောသူ ကိုကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
19彼は争わず、叫ばず、 通りでその声を聞く者もない。
19ငြင်းခုံ ခြင်း၊ ဟစ်ကြော် ခြင်းကို မ ပြုမူ၍၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူ မျှမကြား စေရ။
20傷ついた葦を折らず、 くすぶる灯芯を消さない。 公正を勝利へと導くまで。
20နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။
21諸国民は彼の名に望みを置く。」
21သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။
22その時、悪霊につかれ、目が見えず、口も利けない人が、イエスのもとに連れて来られた。イエスが彼を癒すと、その人は話し、見えるようになった。
22ထိုအခါ နတ်ဆိုးစွဲ သောလူကန်း လူအ တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင် ၍ စကားပြော နိုင်အောင်ကယ်မ တော်မူ၏။
23群衆はみな驚いて、「この方がダビデの子ではないだろうか」と言った。
23လူအစုအဝေး အပေါင်း တို့သည်မိန်းမော တွေဝေ၍ ဤသူ သည် ဒါဝိဒ် ၏သား တော်ဖြစ် လိမ့်မည်လော ဟု ပြောဆို ကြ၏။
24しかし、パリサイ人たちはこれを聞いて言った。「この男が悪霊どもを追い出すのは、悪霊どもの支配者ベルゼブルによるほかはない。」
24ဖာရိရှဲ တို့သည်ကြား လျှင် ၊ ဤသူ သည် နတ်ဆိုး မင်း ဗေလဇေဗုလ ကိုအမှီပြု ၍သာ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟုဆို ကြ၏။
25イエスは彼らの考えを知って、言われた。 「内輪で分裂した国はすべて荒れ果て、内輪で分裂した町や家は立ち行かない。
25ယေရှုသည် ထိုသူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍၊ တိုင်း နိုင်ငံမည်သည်ကား ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။ မြို့ ရွာဖြစ်စေ ၊ အိမ် ဖြစ်စေ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင်ရာ။
26もしサタンがサタンを追い出すなら、彼は内輪で分裂している。それでは、どうして彼の国が立ち行くだろうか。
26စာတန် သည်လည်း စာတန် ကိုနှင်ထုတ် သည်မှန်လျှင် ၊ သူသည်မိမိ နှင့်ကွဲပြား ၏။ သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
27もし私がベルゼブルによって悪霊どもを追い出しているのなら、あなたがたの子らはだれによって追い出すのか。だから、彼らがあなたがたを裁く者となる。
27ငါ သည် ဗေလဇေဗုလ ကိုအမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍နှင်ထုတ် ကြသနည်း။ ထိုကြောင့် သူ တို့သည်သင် တို့အား တရား စီရင်သောသူဖြစ် ကြလိမ့်မည်။
28しかし、私が神の霊によって悪霊どもを追い出しているのなら、神の御国はすでにあなたがたのところに来ている。
28ငါ သည် ဘုရားသခင် ၏ဝိညာဉ် တော်ကိုအမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏ နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
29また、まず強い者を縛らなければ、どうしてその家に入って家財を奪うことができるだろうか。縛ってから、その家を略奪するのである。
29သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ အဘယ်သူ သည်သူရဲ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို လုယူ နိုင် အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။
30私と共にいない者は私に敵対している。私と共に集めない者は散らしている。
30ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
31だから、あなたがたに言う。人のあらゆる罪と冒涜は赦される。しかし、聖霊に対する冒涜は赦されない。
31ထိုကြောင့် ငါဆို သည်ကား၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့ သောအပြစ်အမျိုးမျိုး တို့နှင့် လွတ် စေ ခြင်းအခွင့်ကို လူ တို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့ သောအပြစ်နှင့်လွတ် စေခြင်းအခွင့်ကို လူတို့သည် မ ရနိုင်ကြ။
32人の子に逆らう言葉を語る者は赦される。しかし、聖霊に逆らう言葉を語る者は、この時代でも、来るべき時代でも赦されない。
32လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။
33木を良いとするなら、その実も良いとしなさい。木を悪いとするなら、その実も悪いとしなさい。木はその実によって分かるからである。
33အသီး အားဖြင့် အပင် ၏သဘောထင်ရှား သည်ဖြစ်၍ ၊ အသီး ကောင်း လျှင် အပင် ကောင်း သည်ဟု ဆို ကြလော့။ အသီး မကောင်း လျှင် အပင် မကောင်း ဟု ဆို ကြလော့။
34まむしの子らよ。悪い者であるあなたがたに、どうして良いことを語れるだろうか。心に満ちていることを口が語るからである。
34အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။
35良い人は、その良い蓄えから良いものを取り出し、 悪い人は、その悪い蓄えから悪いものを取り出す。
35ကောင်း သောသူ သည် ကောင်း သောစိတ်နှလုံးဘဏ္ဍာတိုက် ထဲက ကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောဘဏ္ဍာတိုက် ထဲက မကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။
36あなたがたに言う。人々が口にする無益な言葉はすべて、裁きの日に申し開きをしなければならない。
36ငါ ဆိုသည်ကား ၊ လူ တို့သည် အကျိုးမဲ့ သောစကား ကို ပြော သမျှ အတွက် ၊ တရား ဆုံးဖြတ်သောနေ့ ၌ စစ်ကြောခြင်းကို ခံရ ကြလတံ့။ သင့် စကား များအားဖြင့် သင်သည်အပြစ် လွတ်လိမ့်မည်။
37あなたは自分の言葉によって義とされ、自分の言葉によって罪に定められるからである。」
37သို့မဟုတ် သင့် စကား များအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည် ဟု မိန့်တော်မူ၏။
38すると、律法学者とパリサイ人の何人かが答えた。「先生、あなたからしるしを見せていただきたいのです。」
38ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊
39しかし、イエスは彼らに答えられた。 「邪悪で不実な時代はしるしを求めるが、預言者ヨナのしるしのほかには、しるしは与えられない。
39ကိုယ်တော်က ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကို တောင်း သည်မှာ၊ ပရောဖက် ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
40ヨナが三日三晩、巨大な魚の腹の中にいたように、人の子も三日三晩、地の中心にいるからである。
40ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။
41ニネベの人々は、裁きの時にこの時代の人々と共に立ち上がり、彼らを罪に定める。ニネベの人々はヨナの宣教を聞いて悔い改めたからである。見よ、ヨナよりも偉大な者がここにいる。
41တရား ဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေ မြို့သား တို့သည် ဤ လူမျိုး တစ်ဘက်၌ ထ ၍အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြော သောစကားကြောင့် နောင်တရ ကြ၏။ ဤ အရပ်၌ ကား၊ ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။
42南の女王は、裁きの時にこの時代の人々と共によみがえり、彼らを罪に定める。彼女はソロモンの知恵を聞くために、地の果てから来たからである。見よ、ソロモンよりも偉大な者がここにいる。
42တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
43汚れた霊が人から出て行くと、休み場を求めて水のない所を通り歩くが、見つからない。
43ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌လည် ၍ ငြိမ်ဝပ် ခြင်းကို ရှာ တတ်၏။
44そこで、『出て来た自分の家に帰ろう』と言う。帰ってみると、家は空いていて、掃除され、整えられている。
44မ တွေ့ လျှင် ငါ သည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊ ရောက် သောအခါထိုအိမ်သည် လွတ်လပ် ၍ သုတ်သင် ပြင်ဆင်လျက်ရှိသည်ကိုတွေ့ သော်၊
45そこで出かけて行き、自分より悪いほかの七つの霊を連れて来る。彼らは中に入って住みつく。その人の後の状態は、初めよりも悪くなる。この悪い時代も同じようになる。」
45မိမိ ထက်သာ၍ညစ်ညူး သော နတ်ဆိုး ခုနစ် ယောက်ကိုခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍နေ ကြ၏။ ထို လူ နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက် သာ၍ဆိုး ၏။ ဆိုးညစ် သောဤ လူမျိုး ၌ ထိုနည်းတူ ဖြစ် လတံ့ ဟု မိန့် တော်မူ၏။
46イエスがまだ群衆に話しておられると、見よ、母と兄弟たちがイエスに話そうとして外に立っていた。
46ထိုသို့ ပရိသတ် တို့အား ဟော တော်မူစဉ် တွင်၊ မယ်တော် နှင့် ညီ တော်တို့သည် နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေကြ၏။
47ある人がイエスに言った。「見よ、あなたのお母様と兄弟たちが、あなたに話そうとして外に立っています。」
47လူ တစ်ယောက်ကလည်း ၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် နှင့်နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေ ကြပါ၏ဟုလျှောက် လျှင်၊
48しかし、イエスはそう告げた人に答えられた。 「私の母とはだれか。私の兄弟たちとはだれか。」
48ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း ဟု မေး တော်မူ၏။
49そして弟子たちのほうに手を伸ばして、言われた。 「見よ、私の母、私の兄弟たちである。
49လက် တော်ကိုလည်းဆန့် ၍ တပည့် တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။
50天におられる私の父の御心を行う者はだれでも、私の兄弟、姉妹、また母だからである。」
50ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.