マタイ 2
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1ヘロデ王の時代に、イエスがユダヤのベツレヘムでお生まれになると、見よ、東方から博士たち がエルサレムに来て言った。
1ယုဒ ပြည်ဗက်လင် မြို့၌ ဟေရုဒ် မင်းကြီး လက်ထက် ၊ ယေရှု သည်ဘွားမြင် ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ ပြည်က ယေရုရှလင် မြို့သို့ ရောက်လာ ကြလျှင်။
2「ユダヤ人の王としてお生まれになった方は、どこにおられますか。私たちは東方でその方の星を見たので、拝むために来ました。」
2ယခု ဘွားမြင် သောယုဒ ရှင်ဘုရင် သည်၊ အဘယ်မှာ ရှိ တော်မူသနည်း။ အရှေ့ ပြည်၌ သူ ၏ကြယ် ကိုငါတို့မြင် ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာရောက်လာ ပြီဟု မေးမြန်းပြောဆို ကြ၏။
3ヘロデ王はこれを聞いて動揺し、エルサレム中も王と共に不安に包まれた。
3ထိုစကားကိုကြား လျှင် ဟေရုဒ် မင်းကြီး သည် ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့် ၊
4王は民の祭司長たちと律法学者たちを全員集め、キリストがどこで生まれることになっているのかと尋ねた。
4ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် ကျမ်းပြု ဆရာရှိသမျှ တို့ကိုစုဝေး စေ၍ ခရစ်တော် ကို အဘယ် အရပ်မှာ ဘွားမြင် လိမ့်မည်နည်းဟု မေးမြန်း တော်မူ၏။
5彼らは王に答えた。「ユダヤのベツレヘムです。預言者を通して、こう書かれています。
5ထိုဆရာ တို့ကလည်း ၊ ပရောဖက် တစ်ဦးရေး ထားသောအချက်ဟူမူကား ၊
6『ユダの地にあるベツレヘムよ、 あなたはユダの君主たちの中で、決して最も小さいものではない。 あなたから一人の支配者が出て、 わたしの民イスラエルを牧するからである。』」
6အိုယုဒ ပြည် ဗက်လင် မြို့၊ အစိုးရ သောယုဒ မြို့တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မ ဟုတ် ။ အကြောင်းမူကား ၊ ငါ ၏လူစု ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင် သည် သင် ၏အထဲ မှာပေါ်ထွန်း လတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့်ယုဒ ပြည်ဗက်လင် မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီး အား ပြန်ကြား လျှောက်ထားကြ၏။
7そこでヘロデは博士たちをひそかに呼び寄せ、星が現れた時期を正確に聞き出した。
7ထိုအခါ ဟေရုဒ် မင်းကြီးသည်၊ မာဂု ပညာရှိတို့ကို မထင်မရှား ခေါ် ၍ ကြယ် ပေါ်ထွန်း သောအချိန် ကာလကို စေ့စေ့ မေးမြန်းပြီးမှ၊
8そして彼らをベツレヘムへ送り出して言った。「行って、幼子を注意深く捜しなさい。見つけたら私に知らせてくれ。私も行って、その方を拝みたい。」
8သင်တို့သွား ၍ ထို သူငယ် ကိုကြိုးစား ရှာ ကြပါ။ တွေ့ လျှင် ငါ့ ထံသို့ပြန်လာ ၍ ငါ လည်း ထိုသူငယ် ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြော ကြပါဟု မှာထား တော်မူလျက်၊ ဗက်လင် မြို့သို့ စေလွှတ် လေ၏။
9彼らは王の言葉を聞いて出かけた。すると見よ、東方で見た星が彼らの先を進み、幼子のいる場所の上まで来ると、そこで止まった。
9ထိုသူ တို့သည် မင်းကြီး စကားကိုနာခံ ပြီးလျှင် ထွက်သွား ကြ၍ အရှေ့ ပြည်၌ မြင် ရသောကြယ် သည် သူ တို့ ရှေ့ ကသွားသဖြင့် သူငယ် တော်ရှိ ရာအရပ် အပေါ်သို့ ရောက် ၍ တည် လျက်နေ၏။
10彼らはその星を見て、この上ない喜びにあふれた。
10ထို ကြယ် ကို မြင် ပြန်သောအခါ အလွန် ဝမ်းမြောက် ဝမ်းသာ ခြင်းရှိ၍၊
11家に入ると、母マリアと共にいる幼子を見た。彼らはひれ伏して幼子を拝み、宝の箱を開け、黄金、乳香、没薬を贈り物としてささげた。
11အိမ် သို့ ဝင် လေသော်၊ မယ်တော် မာရိ နှင့်တကွ သူငယ် တော်ကိုတွေ့မြင် လျှင် ပြပ်ဝပ် ကိုးကွယ် ၍ ၊ မိမိ တို့ ဘဏ္ဍာ ဥစ္စာတို့ကိုဖွင့် ပြီးမှ လောဗန် နှင့် မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေ ကို၎င်း ဆက်ကပ် ပူဇော်ကြ၏။
12そして、ヘロデのもとへ戻らないよう夢で警告を受けたので、別の道を通って自分たちの国へ帰った。
12နောက်မှ ဟေရုဒ် မင်းကြီးထံသို့ မ ပြန် ရမည်အကြောင်းကို အိပ်မက် တွင် ဗျာဒိတ် တော်ကိုရ၍ မိမိ တို့ ပြည် သို့ အခြား သောလမ်း ဖြင့် ပြန်သွား ကြ၏။
13彼らが立ち去ると、見よ、主の使いが夢の中でヨセフに現れて言った。「起きて、幼子とその母を連れ、エジプトへ逃げなさい。そして、私が知らせるまでそこにいなさい。ヘロデが幼子を殺そうとして捜し回るからだ。」
13ထိုသူ တို့သွား ကြသည်နောက် ၊ ယောသပ် သည် အိပ်မက် ကိုမြင် သည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့ ပြေး ၍၊ တစ်ဖန်ငါပြောဆို သည်တိုင်အောင် ထို ပြည်၌ နေ လော့။ ဟေရုဒ် မင်းကြီးသည် သူငယ် တော်ကို သတ် အံ့သောငှာ ရှာ လိမ့်မည်ဟုဆို လေ၏။
14そこでヨセフは起き、夜のうちに幼子とその母を連れて、エジプトへ立ち去った。
14ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ညဉ့် အချိန်၌ ဆောင်ယူ ပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား ၍ ၊
15そして、ヘロデが死ぬまでそこにいた。これは、主が預言者を通して語られたことが成就するためであった。「エジプトから、わたしの子を呼び出した。」
15ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်တိုင်အောင် ထို ပြည်၌ နေ လေ၏။ ဤအကြောင်းအရာကား၊ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ငါခေါ် ခဲ့ပြီဟု ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထား တော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်းတည်း။
16その後ヘロデは、自分が博士たちに欺かれたと知ると、激しく怒った。そして人を遣わし、博士たちから正確に聞き出した時期に基づいて、ベツレヘムとその周辺一帯にいた二歳以下の男の子をすべて殺させた。
16ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။
17こうして、預言者エレミヤを通して語られたことが成就した。
17ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊
18「ラマで声が聞こえた。 嘆きと泣き声、大いなる悲しみ。 ラケルが自分の子どもたちのために泣いている。 子どもたちはもういないので、 彼女は慰めを受けようとしなかった。」
18ရာမ အရပ်၌ သည်းစွာ သောညည်းတွား ငိုကြွေး၊ မြည်တမ်း ခြင်းအသံ ကိုကြား ရ၍၊ ရာခေလ သည် မိမိ သား တို့ မ ရှိ သောကြောင့် ငို ၍ စိတ် မ ပြေနိုင် ဟူသောစကား သည် ထိုအခါ ၌အမှန် ကျသတည်း။
19ヘロデが死ぬと、見よ、主の使いがエジプトにいたヨセフの夢に現れて言った。
19ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်နောက် ၊ ယောသပ် သည် အဲဂုတ္တု ပြည်၌ အိပ်မက် ကိုမြင် ပြန်သည် မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည်ထင်ရှား ၍၊
20「起きて、幼子とその母を連れ、イスラエルの地へ行きなさい。幼子のいのちを狙っていた者たちは死んだからだ。」
20သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား လော့။ သူငယ် တော်ကိုသတ်အံ့သောငှာ ရှာ သောသူ တို့သည်သေ ကြပြီဟု ဆို လေ၏။
21そこでヨセフは起き、幼子とその母を連れて、イスラエルの地へ戻った。
21ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား၍ ရောက် သည်ရှိသော်၊
22しかし、アルケラオが父ヘロデに代わってユダヤを治めていると聞き、そこへ行くことを恐れた。そして夢で警告を受け、ガリラヤ地方へ退いた。
22ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ၌ ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊
23そこで、ナザレという町に行って住んだ。これは、預言者たちを通して「彼はナザレ人と呼ばれる」と語られたことが成就するためであった。
23ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် ၍ အမြဲနေ လေ၏။
Tip: use the ← and → keys to turn chapters.