マタイ 20
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1天の御国は、ぶどう園で働く人を雇うため、朝早く出かけた家の主人のようなものである。
1ဥပမာကား၊ ကောင်းကင် နိုင်ငံ တော်သည် စပျစ် ဥယျာဉ်ကို လုပ်ဆောင် သောသူတို့ကို ငှား ခြင်းငှာနံနက် စောစောထွက်သွား သော အိမ်ရှင် နှင့်တူ ၏။
2主人は一日一デナリ という約束を労働者たちと交わし、彼らをぶどう園に送った。
2ထိုသူ သည် တစ်နေ့ လျှင် ဒေနာရိ တစ်ပြားစီပေးမည်ဟူ၍လုပ်ဆောင် သောသူတို့နှင့် ဝန်ခံ ပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ် လေ၏။
3また、第三時ごろ に出て行き、ほかの人たちが何もせずに市場に立っているのを見た。
3နံနက်တချက်တီး အချိန် ၌ ထွက် ပြန်လျှင် ၊ အခြား သောသူတို့သည် အလုပ် ကိုမလုပ်၊ ဈေး ၌ ရပ် နေသည် ကို မြင် ၍၊
4そこで彼らに、『あなたがたもぶどう園へ行きなさい。ふさわしい賃金を支払おう』と言った。彼らはぶどう園へ行った。
4သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြ။ တော်လျော် စွာ ငါပေး မည်ဟုဆို လျှင် ထိုသူတို့သည် သွား ကြ၏။
5主人は第六時と第九時ごろ にも出て行き、同じようにした。
5တစ်ဖန် နှစ်ချက်တီး အချိန်၊ တစ်ဖန် သုံးချက်တီး အချိန် ၌ ထွက် ၍ ရှေ့နည်းအတူ ပြု လေ၏။
6第十一時ごろ にも出て行き、ほかの人たちが何もせずに立っているのを見つけた。主人は彼らに、『なぜ一日中、何もせずにここに立っているのか』と尋ねた。
6ဆယ်တ နာရီအချိန်၌လည်း ထွက် ပြန်လျှင် အခြား သောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ် နေသည်ကို တွေ့ ၍၊ သင်တို့သည် တစ်နေ့ လုံး အလုပ် ကိုမလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့် နေ ကြသနည်းဟုမေး သော်၊
7彼らは答えた。『だれも私たちを雇ってくれなかったからです。』 主人は彼らに言った。『あなたがたもぶどう園へ行きなさい。ふさわしい賃金を受け取るだろう。』
7ထိုသူတို့က၊ ကျွန်တော် တို့ကိုအဘယ်သူ မျှ မငှား ပါဟု ပြောဆို ကြလျှင်၊ သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြသော် လျော်စွာရကြလိမ့်မည်ဟု ဆို လေ၏။
8夕方になると、ぶどう園の主人は管理人に言った。『労働者たちを呼び、最後に来た者から始めて、最初に来た者まで賃金を支払いなさい。』
8ည အချိန် ရောက် သောအခါ စပျစ် ဥယျာဉ်ရှင် က လုပ်ဆောင် သော သူတို့ကိုခေါ် ခဲ့လော့။ နောက် ဝင် သောသူမှစ၍ အရင် အဦးဝင်သောသူ တိုင်အောင် အခ ကိုပေး လော့ဟု မိမိ စာရေး ကိုမှာ လိုက်လေ၏။
9第十一時ごろに雇われた者たちが来て、それぞれ一デナリを受け取った。
9ထို့ကြောင့်ဆယ်တ နာရီအချိန် ၌ ဝင်သောသူ တို့သည်လာ ၍ ဒေနာရိ တစ်ပြားစီ ခံ ကြ၏။
10最初に雇われた者たちは、自分たちはもっと多く受け取れると思った。しかし、彼らもそれぞれ一デナリを受け取った。
10အရင် ဝင်သောသူတို့သည် လာ ကြသောအခါ ငါတို့သည်သာ၍ ရ မည်ဟု စိတ်ထဲမှာထင်မှတ် သော်လည်း ဒေနာရိ တစ်ပြားစီ ခံရ ကြ၏။
11彼らはそれを受け取ると、家の主人に不平を言い、
11ထိုသို့ ခံ ပြီးလျှင် အိမ်ရှင် ကို ကဲ့ရဲ့ပြစ်တင် ၍၊
12『最後に来たこの者たちは、一時間しか働いていません。それなのに、一日の重荷と焼けつく暑さに耐えた私たちと同じ扱いをなさいました』と言った。
12နောက် ဝင်သောသူ တို့သည် တစ် နာရီ ခန့်မျှသာ လုပ်ဆောင် သော်လည်း ၊ တစ်နေ့လုံး အမှုဝန် ကို ထမ်းရွက် ၍ နေပူ ဆင်းရဲခံရသော အကျွန်ုပ် တို့နှင့်အညီအမျှ ကိုယ်တော် စီရင် ပါပြီတကားဟု ဆို ကြ၏။
13しかし、主人はその一人に答えた。『友よ、私はあなたに不当なことをしていない。あなたは一デナリで私と合意したではないか。
13အိမ်ရှင် ကလည်း အဆွေ ၊ သင် ၌ မတရား သောအမှုကိုငါမ ပြု။ ဒေနာရိ တစ်ပြားကိုအမှတ်ပြု၍ သင်သည် ငါ နှင့်ဝန်ခံ သည်မ ဟုတ်လော။
14自分の賃金を受け取って帰りなさい。私は最後に来たこの者にも、あなたと同じだけ与えたいのだ。
14သင် ၏ဥစ္စာ ကို ယူ ၍ သွား လော့။ နောက် ဝင်သောသူတို့အား သင် နှင့်အညီအမျှ ပေး ခြင်းငှာငါအလိုရှိ ၏။
15自分のものを自分の思いどおりにすることは許されているではないか。それとも、私が良い者なので、あなたはねたみの目で見るのか。』
15ငါသည် ကိုယ် ဥစ္စာကို ပြု လို သမျှ မ ပြု ရာသလော။ ငါ့ သဘောကောင်း သောကြောင့် သင် သည် မျက်မုန်းကြိုး ရသလောဟု ဆို လေ၏။
16このように、後にいる者が先になり、先にいる者が後になる。招かれる者は多いが、選ばれる者は少ない。」
16ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။
17イエスはエルサレムへ上って行く途中、十二人の弟子だけを脇へ呼び、道すがら彼らに言われた。
17ယေရှု သည် ယေရုရှလင် မြို့သို့ တက်ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို ဆိတ်ကွယ် ရာအရပ်သို့ခေါ် ၍ ၊
18「見よ、私たちはエルサレムへ上って行く。人の子は祭司長たちと律法学者たちに引き渡され、彼らは人の子を死刑に定める。
18ငါတို့သည် ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။ လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက် သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ကြလိမ့်မည်။
19そして、あざけり、むち打ち、十字架につけるために、異邦人に引き渡す。しかし、彼は三日目によみがえる。」
19လူသားအား ပြက်ယယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
20そのとき、ゼベダイの息子たちの母が二人の息子と共にイエスのもとに来て、ひざまずき、あることを願った。
20ထိုအခါ ဇေဗေဒဲ ၏သား တို့အမိ သည် သား တို့နှင့်အတူ အထံ တော်သို့ချဉ်း ၍ ပြပ်ဝပ် လျက်ဆု ကျေးဇူးကို တောင်းပန် လေ၏။ ကိုယ်တော် က သင်သည် အဘယ် ဆုကျေးဇူးကို အလိုရှိ သနည်း ဟု မေး တော်မူသော်၊
21イエスは彼女に言われた。 「何を望んでいるのか。」 彼女はイエスに言った。「私のこの二人の息子が、あなたの御国で、一人はあなたの右に、もう一人は左に座れるよう、お命じください。」
21ကိုယ်တော် ၏နိုင်ငံ တွင် ကျွန်မ ၌ ဤ သား နှစ် ယောက်တို့သည် လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက် ထိုင် ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက် လေ၏။
22しかし、イエスは答えられた。 「あなたがたは、自分が何を願っているのか分かっていない。私が飲もうとしている杯を飲み、私が受けようとしているバプテスマを受けることができるか。」 二人はイエスに答えた。「できます。」
22ယေရှု ကလည်း ၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် ရအံ့ သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော်၊
23イエスは彼らに言われた。 「確かに、あなたがたは私の杯を飲み、私が受けようとしているバプテスマを受ける。しかし、私の右と左に座ることは、私が与えるものではない。それは、私の父によって備えられた人たちのためのものである。」
23ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။
24ほかの十人はこれを聞いて、二人の兄弟に腹を立てた。
24အခြားသောတပည့်တော်တစ်ကျိပ် တို့သည် ကြားသိ လျှင် ၊ ထိုညီအစ်ကို နှစ် ယောက်တို့ကို အမျက်ထွက် ကြ၏။
25そこでイエスは彼らを呼び寄せて言われた。 「あなたがたが知っているように、諸国民の支配者たちは人々の上に君臨し、偉い者たちは人々に権力を振るっている。
25ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍၊ သင်တို့ သိ သည်အတိုင်း လောကီ မင်း တို့သည်အစိုးတရ ပြု တတ်ကြ၏။
26しかし、あなたがたの間では、そうであってはならない。あなたがたの間で偉くなりたい者は、 あなたがたに仕える者となる。
26အကဲအမှူး တို့သည် အာဏာထားတတ်ကြ၏။
27また、あなたがたの間で第一になりたい者は、あなたがたの奴隷となりなさい。
27သင် တို့မူကား ထိုသို့ မ ပြု ကြနှင့်။ လူ သား သည် သူတပါးကိုစေစား ခြင်းငှာမ လာ၊
28それは、人の子が仕えられるためではなく仕えるために、また、多くの人のための贖いの代価として自分のいのちを与えるために来たのと同じである。」
28သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။
29彼らがエリコを出て行くと、大勢の群衆がイエスに従った。
29ယေရိခေါ မြို့မှ ထွက်သွား ကြစဉ်တွင် လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။
30見よ、道端に座っていた二人の目の見えない人が、イエスが通り過ぎられると聞いて叫んだ。「主よ、ダビデの子よ、私たちをあわれんでください。」
30ယေရှု သည် ကြွသွား တော်မူကြောင်း ကို လမ်း နား မှာထိုင် နေသော လူကန်း နှစ် ယောက်တို့သည် ကြား ရ လျှင် ။ ဒါဝိဒ် ၏သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
31群衆は黙らせようと彼らを叱ったが、二人はますます叫んだ。「主よ、ダビデの子よ、私たちをあわれんでください。」
31ထိုသူ တို့ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူ အစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြ၏။
32イエスは立ち止まって二人を呼び、尋ねられた。 「私に何をしてほしいのか。」
32ယေရှု သည်လည်း ရပ် တော်မူလျက် ထိုသူ တို့ကိုခေါ် ၍ သင် တို့၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင် ၊
33二人は答えた。「主よ、目が開かれるようにしてください。」
33သခင် ၊ အကျွန်ုပ် တို့ မျက်စိ ကို ပွင့်လင်း စေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကြသော်၊
34イエスは深くあわれみ、彼らの目に触れられた。すると、すぐに目が見えるようになり、彼らはイエスに従った。
34ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက် ကြ၏။
Tip: use the ← and → keys to turn chapters.