Mattheum 20
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Simile est regnum cælorum homini patrifamilias, qui exiit primo mane conducere operarios in vineam suam.
1ဥပမာကား၊ ကောင်းကင် နိုင်ငံ တော်သည် စပျစ် ဥယျာဉ်ကို လုပ်ဆောင် သောသူတို့ကို ငှား ခြင်းငှာနံနက် စောစောထွက်သွား သော အိမ်ရှင် နှင့်တူ ၏။
2Conventione autem facta cum operariis ex denario diurno, misit eos in vineam suam.
2ထိုသူ သည် တစ်နေ့ လျှင် ဒေနာရိ တစ်ပြားစီပေးမည်ဟူ၍လုပ်ဆောင် သောသူတို့နှင့် ဝန်ခံ ပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ် လေ၏။
3Et egressus circa horam tertiam, vidit alios stantes in foro otiosos,
3နံနက်တချက်တီး အချိန် ၌ ထွက် ပြန်လျှင် ၊ အခြား သောသူတို့သည် အလုပ် ကိုမလုပ်၊ ဈေး ၌ ရပ် နေသည် ကို မြင် ၍၊
4et dixit illis: Ite et vos in vineam meam, et quod justum fuerit dabo vobis.
4သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြ။ တော်လျော် စွာ ငါပေး မည်ဟုဆို လျှင် ထိုသူတို့သည် သွား ကြ၏။
5Illi autem abierunt. Iterum autem exiit circa sextam et nonam horam: et fecit similiter.
5တစ်ဖန် နှစ်ချက်တီး အချိန်၊ တစ်ဖန် သုံးချက်တီး အချိန် ၌ ထွက် ၍ ရှေ့နည်းအတူ ပြု လေ၏။
6Circa undecimam vero exiit, et invenit alios stantes, et dicit illis: Quid hic statis tota die otiosi?
6ဆယ်တ နာရီအချိန်၌လည်း ထွက် ပြန်လျှင် အခြား သောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ် နေသည်ကို တွေ့ ၍၊ သင်တို့သည် တစ်နေ့ လုံး အလုပ် ကိုမလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့် နေ ကြသနည်းဟုမေး သော်၊
7Dicunt ei: Quia nemo nos conduxit. Dicit illis: Ite et vos in vineam meam.
7ထိုသူတို့က၊ ကျွန်တော် တို့ကိုအဘယ်သူ မျှ မငှား ပါဟု ပြောဆို ကြလျှင်၊ သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြသော် လျော်စွာရကြလိမ့်မည်ဟု ဆို လေ၏။
8Cum sero autem factum esset, dicit dominus vineæ procuratori suo: Voca operarios, et redde illis mercedem incipiens a novissimis usque ad primos.
8ည အချိန် ရောက် သောအခါ စပျစ် ဥယျာဉ်ရှင် က လုပ်ဆောင် သော သူတို့ကိုခေါ် ခဲ့လော့။ နောက် ဝင် သောသူမှစ၍ အရင် အဦးဝင်သောသူ တိုင်အောင် အခ ကိုပေး လော့ဟု မိမိ စာရေး ကိုမှာ လိုက်လေ၏။
9Cum venissent ergo qui circa undecimam horam venerant, acceperunt singulos denarios.
9ထို့ကြောင့်ဆယ်တ နာရီအချိန် ၌ ဝင်သောသူ တို့သည်လာ ၍ ဒေနာရိ တစ်ပြားစီ ခံ ကြ၏။
10Venientes autem et primi, arbitrati sunt quod plus essent accepturi: acceperunt autem et ipsi singulos denarios.
10အရင် ဝင်သောသူတို့သည် လာ ကြသောအခါ ငါတို့သည်သာ၍ ရ မည်ဟု စိတ်ထဲမှာထင်မှတ် သော်လည်း ဒေနာရိ တစ်ပြားစီ ခံရ ကြ၏။
11Et accipientes murmurabant adversus patremfamilias,
11ထိုသို့ ခံ ပြီးလျှင် အိမ်ရှင် ကို ကဲ့ရဲ့ပြစ်တင် ၍၊
12dicentes: Hi novissimi una hora fecerunt, et pares illos nobis fecisti, qui portavimus pondus diei, et æstus.
12နောက် ဝင်သောသူ တို့သည် တစ် နာရီ ခန့်မျှသာ လုပ်ဆောင် သော်လည်း ၊ တစ်နေ့လုံး အမှုဝန် ကို ထမ်းရွက် ၍ နေပူ ဆင်းရဲခံရသော အကျွန်ုပ် တို့နှင့်အညီအမျှ ကိုယ်တော် စီရင် ပါပြီတကားဟု ဆို ကြ၏။
13At ille respondens uni eorum, dixit: Amice, non facio tibi injuriam: nonne ex denario convenisti mecum?
13အိမ်ရှင် ကလည်း အဆွေ ၊ သင် ၌ မတရား သောအမှုကိုငါမ ပြု။ ဒေနာရိ တစ်ပြားကိုအမှတ်ပြု၍ သင်သည် ငါ နှင့်ဝန်ခံ သည်မ ဟုတ်လော။
14Tolle quod tuum est, et vade: volo autem et huic novissimo dare sicut et tibi.
14သင် ၏ဥစ္စာ ကို ယူ ၍ သွား လော့။ နောက် ဝင်သောသူတို့အား သင် နှင့်အညီအမျှ ပေး ခြင်းငှာငါအလိုရှိ ၏။
15Aut non licet mihi quod volo, facere? an oculus tuus nequam est, quia ego bonus sum?
15ငါသည် ကိုယ် ဥစ္စာကို ပြု လို သမျှ မ ပြု ရာသလော။ ငါ့ သဘောကောင်း သောကြောင့် သင် သည် မျက်မုန်းကြိုး ရသလောဟု ဆို လေ၏။
16Sic erunt novissimi primi, et primi novissimi. Multi enim sunt vocati, pauci vero electi.
16ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။
17Et ascendens Jesus Jerosolymam, assumpsit duodecim discipulos secreto, et ait illis:
17ယေရှု သည် ယေရုရှလင် မြို့သို့ တက်ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို ဆိတ်ကွယ် ရာအရပ်သို့ခေါ် ၍ ၊
18Ecce ascendimus Jerosolymam, et Filius hominis tradetur principibus sacerdotum, et scribis, et condemnabunt eum morte,
18ငါတို့သည် ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။ လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက် သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ကြလိမ့်မည်။
19et tradent eum gentibus ad illudendum, et flagellandum, et crucifigendum, et tertia die resurget.
19လူသားအား ပြက်ယယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
20Tunc accessit ad eum mater filiorum Zebedæi cum filiis suis, adorans et petens aliquid ab eo.
20ထိုအခါ ဇေဗေဒဲ ၏သား တို့အမိ သည် သား တို့နှင့်အတူ အထံ တော်သို့ချဉ်း ၍ ပြပ်ဝပ် လျက်ဆု ကျေးဇူးကို တောင်းပန် လေ၏။ ကိုယ်တော် က သင်သည် အဘယ် ဆုကျေးဇူးကို အလိုရှိ သနည်း ဟု မေး တော်မူသော်၊
21Qui dixit ei: Quid vis? Ait illi: Dic ut sedeant hi duo filii mei, unus ad dexteram tuam, et unus ad sinistram in regno tuo.
21ကိုယ်တော် ၏နိုင်ငံ တွင် ကျွန်မ ၌ ဤ သား နှစ် ယောက်တို့သည် လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက် ထိုင် ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက် လေ၏။
22Respondens autem Jesus, dixit: Nescitis quid petatis. Potestis bibere calicem, quem ego bibiturus sum? Dicunt ei: Possumus.
22ယေရှု ကလည်း ၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် ရအံ့ သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော်၊
23Ait illis: Calicem quidem meum bibetis: sedere autem ad dexteram meam vel sinistram non est meum dare vobis, sed quibus paratum est a Patre meo.
23ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။
24Et audientes decem, indignati sunt de duobus fratribus.
24အခြားသောတပည့်တော်တစ်ကျိပ် တို့သည် ကြားသိ လျှင် ၊ ထိုညီအစ်ကို နှစ် ယောက်တို့ကို အမျက်ထွက် ကြ၏။
25Jesus autem vocavit eos ad se, et ait: Scitis quia principes gentium dominantur eorum: et qui majores sunt, potestatem exercent in eos.
25ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍၊ သင်တို့ သိ သည်အတိုင်း လောကီ မင်း တို့သည်အစိုးတရ ပြု တတ်ကြ၏။
26Non ita erit inter vos: sed quicumque voluerit inter vos major fieri, sit vester minister:
26အကဲအမှူး တို့သည် အာဏာထားတတ်ကြ၏။
27et qui voluerit inter vos primus esse, erit vester servus.
27သင် တို့မူကား ထိုသို့ မ ပြု ကြနှင့်။ လူ သား သည် သူတပါးကိုစေစား ခြင်းငှာမ လာ၊
28Sicut Filius hominis non venit ministrari, sed ministrare, et dare animam suam redemptionem pro multis.
28သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။
29Et egredientibus illis ab Jericho, secuta est eum turba multa,
29ယေရိခေါ မြို့မှ ထွက်သွား ကြစဉ်တွင် လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။
30et ecce duo cæci sedentes secus viam audierunt quia Jesus transiret: et clamaverunt, dicentes: Domine, miserere nostri, fili David.
30ယေရှု သည် ကြွသွား တော်မူကြောင်း ကို လမ်း နား မှာထိုင် နေသော လူကန်း နှစ် ယောက်တို့သည် ကြား ရ လျှင် ။ ဒါဝိဒ် ၏သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
31Turba autem increpabat eos ut tacerent. At illi magis clamabant, dicentes: Domine, miserere nostri, fili David.
31ထိုသူ တို့ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူ အစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြ၏။
32Et stetit Jesus, et vocavit eos, et ait: Quid vultis ut faciam vobis?
32ယေရှု သည်လည်း ရပ် တော်မူလျက် ထိုသူ တို့ကိုခေါ် ၍ သင် တို့၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင် ၊
33Dicunt illi: Domine, ut aperiantur oculi nostri.
33သခင် ၊ အကျွန်ုပ် တို့ မျက်စိ ကို ပွင့်လင်း စေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကြသော်၊
34Misertus autem eorum Jesus, tetigit oculos eorum. Et confestim viderunt, et secuti sunt eum.
34ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက် ကြ၏။
Tip: use the ← and → keys to turn chapters.