Liber Numeri 1
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Locutusque est Dominus ad Moysen in deserto Sinai in tabernaculo fœderis, prima die mensis secundi, anno altero egressionis eorum ex Ægypto, dicens:
1ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ဒုတိယ လ ၊ ပဌမ နေ့၌ သိနာ တော တွင် ပရိသတ်စည်းဝေး ရာ တဲ တော်မှာ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2Tollite summam universæ congregationis filiorum Israël per cognationes et domos suas, et nomina singulorum, quidquid sexus est masculini
2သင် နှင့် အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် တို့တွင်၊ အသက် နှစ်ဆယ် လွန် ၍၊
3a vigesimo anno et supra, omnium virorum fortium ex Israël, et numerabitis eos per turmas suas, tu et Aaron.
3စစ်တိုက် နိုင်သောယောက်ျား အပေါင်း တို့ကို သူ တို့အဆွေအမျိုး အသီးသီးအလိုက် စာရင်း ယူ လျက်၊ တပ်ခင်းကျင်း ၍ရေတွက် လော့။
4Eruntque vobiscum principes tribuum ac domorum in cognationibus suis,
4အမျိုးအနွယ် အသီးသီးတမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီး ဖြစ်သော လူတို့သည် သင် တို့နှင့်အတူ ကူညီ၍ ထိုအမှုကိုဆောင်ရကြမည်။
5quorum ista sunt nomina: de Ruben, Elisur, filius Sedeur;
5သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင် အမျိုး၊ ရှေဒုရ သား ဧလိဇုရ။
6de Simeon, Salamiel filius Surisaddai;
6ရှိမောင် အမျိုး၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ။
7de Juda, Nahasson filius Aminadab;
7ယုဒ အမျိုး၊ အမိနဒပ် သား နာရှုန်။
8de Issachar, Nathanaël filius Suar;
8ဣသခါ အမျိုး၊ ဇုအာ သား နာသနေလ။
9de Zabulon, Eliab filius Helon;
9ဇာဗုလုန် အမျိုး၊ ဟေလုန် သား ဧလျာဘ။
10filiorum autem Joseph, de Ephraim, Elisama filius Ammiud; de Manasse, Gamaliel filius Phadassur;
10ယောသပ် သား တွင်၊ ဧဖရိမ် အမျိုး၊ အမိဟုဒ် သား ဧလိရှမာ ၊ မနာရှေ အမျိုး၊ ပေဒါဇုရ သား ဂါမလျလ။
11de Benjamin, Abidan filius Gedeonis;
11ဗင်္ယာမိန် အမျိုး၊ ဂိဒေါနိ သား အဘိဒန်။
12de Dan, Ahiezer filius Ammisaddai;
12ဒန် အမျိုး၊ အမိရှဒဲ သား အဟေဇာ။
13de Aser, Phegiel filius Ochran;
13အာရှာ အမျိုး၊ ဩကရန် သား ပါဂျေလ။
14de Gad, Eliasaph filius Duel;
14ဂဒ် အမျိုး၊ ဒွေလ သား ဧလျာသပ်။
15de Nephthali, Ahira filius Enan.
15နဿလိ အမျိုး၊ ဧနန် သား အဟိရ တည်း။
16Hi nobilissimi principes multitudinis per tribus et cognationes suas, et capita exercitus Israël,
16ဤသူ တို့သည် ပရိသတ် တွင် ကျော်စော သောသူ၊ အဆွေအမျိုး သူကြီး မင်းဖြစ်၍၊ဣသရေလ အမျိုး ၌ လူတထောင်စီအုပ်ရသောသူဖြစ် ကြသတည်း။
17quos tulerunt Moyses et Aaron cum omni vulgi multitudine:
17ထိုသို့နာမည် ဖြင့် ရွေး တော်မူသော ထို သူ တို့ကို၊ မောရှေ နှင့် အာရုန် သည်ခေါ် ၍ ၊
18et congregaverunt primo die mensis secundi, recensentes eos per cognationes, et domos, ac familias, et capita, et nomina singulorum a vigesimo anno et supra,
18ဒုတိယ လ ၊ ပဌမ နေ့၌ ပရိသတ် အပေါင်း ကို စည်းဝေး စေပြီးမှ ၊ အဆွေအမျိုး စာရင်းကို ဘော်ပြ ၍၊ အနှစ် နှစ်ဆယ် အလွန် သောသူတို့၏ နာမည် ပေါင်း ကို မှတ်သဖြင့်၊
19sicut præceperat Dominus Moysi. Numeratique sunt in deserto Sinai.
19ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူ သည်အတိုင်း ၊ သိနာ တော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက် လေ၏။
20De Ruben primogenito Israëlis per generationes et familias ac domos suas, et nomina capitum singulorum, omne quod sexus est masculini a vigesimo anno et supra, procedentium ad bellum,
20ဣသရေလ ၏သားဦး ၊ ရုဗင် ၏အမျိုးသား တို့တွင်၊ အဆွေအမျိုး အသီးအသီးလိုက်၍ နာမည် များကို စာရင်း ၌ မှတ်သားသည်အတိုင်း၊
21quadraginta sex millia quingenti.
21အသက် နှစ်ဆယ် လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ခြောက်ထောင်ငါး ရာ ရှိကြ၏။
22De filiis Simeon per generationes et familias ac domos cognationum suarum recensiti sunt per nomina et capita singulorum, omne quod sexus est masculini a vigesimo anno et supra, procedentium ad bellum,
22ရှိမောင် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
23quinquaginta novem millia trecenti.
23အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျား ပေါင်း ငါးသောင်း ကိုးထောင်သုံး ရာ ရှိကြ၏။
24De filiis Gad per generationes et familias ac domos cognationum suarum recensiti sunt per nomina singulorum a viginti annis et supra, omnes qui ad bella procederent,
24ဂဒ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
25quadraginta quinque millia sexcenti quinquaginta.
25အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိကြ၏။
26De filiis Juda per generationes et familias ac domos cognationum suarum, per nomina singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
26ယုဒ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
27recensiti sunt septuaginta quatuor millia sexcenti.
27အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက် ရာ ရှိကြ၏။
28De filiis Issachar, per generationes et familias ac domos cognationum suarum, per nomina singulorum a vigesimo anno et supra, omnes qui ad bella procederent,
28ဣသခါ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး ကိုလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
29recensiti sunt quinquaginta quatuor millia quadringenti.
29အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း လေးထောင်လေး ရာ ရှိကြ၏။
30De filiis Zabulon per generationes et familias ac domos cognationum suarum recensiti sunt per nomina singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
30ဇာဗုလုန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
31quinquaginta septem millia quadringenti.
31အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင်လေး ရာ ရှိကြ၏။
32De filiis Joseph, filiorum Ephraim per generationes et familias ac domos cognationum suarum recensiti sunt per nomina singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
32ယောသပ် မှ ဆင်းသက်သော ဧဖရိမ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
33quadraginta millia quingenti.
33အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါး ရာ ရှိကြ၏။
34Porro filiorum Manasse per generationes et familias ac domos cognationum suarum recensiti sunt per nomina singulorum a viginti annis et supra, omnes qui poterant ad bella procedere,
34မနာရှေ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
35triginta duo millia ducenti.
35အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိကြ၏။
36De filiis Benjamin per generationes et familias ac domos cognationum suarum recensiti sunt nominibus singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
36ဗင်္ယာမိန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
37triginta quinque millia quadringenti.
37အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း ငါးထောင်လေး ရာ ရှိကြ၏။
38De filiis Dan per generationes et familias ac domos cognationum suarum recensiti sunt nominibus singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
38ဒန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
39sexaginta duo millia septingenti.
39အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ခြောက်သောင်း နှစ်ထောင်ခုနစ် ရာ ရှိကြ၏။
40De filiis Aser per generationes et familias ac domos cognationum suarum recensiti sunt per nomina singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
40အာရှာ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
41quadraginta millia et mille quingenti.
41အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း တထောင်ငါး ရာ ရှိကြ၏။
42De filiis Nephthali per generationes et familias ac domos cognationum suarum recensiti sunt nominibus singulorum a vigesimo anno et supra, omnes qui poterant ad bella procedere,
42နဿလိ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
43quinquaginta tria millia quadringenti.
43အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း သုံးထောင်လေး ရာ ရှိကြ၏။
44Hi sunt, quos numeraverunt Moyses et Aaron, et duodecim principes Israël, singulos per domos cognationum suarum.
44ထိုသို့ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုး၌ အဆွေအမျိုး သူကြီးဖြစ်သော မင်း ဆယ် နှစ် ပါးတို့သည်
45Fueruntque omnis numerus filiorum Israël per domos et familias suas a vigesimo anno et supra, qui poterant ad bella procedere,
45ဣသရေလ အမျိုးသား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း၊
46sexcenta tria millia virorum quingenti quinquaginta.
46အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော လူပေါင်း ကား ခြောက် သိန်းသုံး ထောင်ငါး ရာ ငါး ဆယ်ရှိ သတည်း။
47Levitæ autem in tribu familiarum suarum non sunt numerati cum eis.
47လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊
48Locutusque est Dominus ad Moysen, dicens:
48ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
49Tribum Levi noli numerare, neque pones summam eorum cum filiis Israël:
49လေဝိ သား တို့ကို၊ ဣသရေလ အမျိုးသား တို့နှင့် ရောနှော၍ မ ရေတွက် ရ။ စာရင်း ထဲ၌မ သွင်း ရ။
50sed constitue eos super tabernaculum testimonii et cuncta vasa ejus, et quidquid ad cæremonias pertinet. Ipsi portabunt tabernaculum et omnia utensilia ejus: et erunt in ministerio, ac per gyrum tabernaculi metabuntur.
50လေဝိ သားတို့အား သက်သေခံ ချက် တဲ တော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှ ကို ၎င်း၊ တဲ တော်နှင့်ဆိုင်သမျှ တို့ကို၎င်းအပ် ၍၊ သူတို့သည် တဲ တော်နှင့် တဲ တော်တန်ဆာ အလုံးစုံ ကို ဆောင်ရွက် ရကြမည်။ တဲ တော်မှုကိုလည်း ထမ်း ရကြမည်။ တပ်ချသောအခါ၊ တဲ တော်ပတ်လည် ၌ မိမိတို့နေရာ ချရကြမည်။
51Cum proficiscendum fuerit, deponent Levitæ tabernaculum; cum castrametandum, erigent. Quisquis externorum accesserit, occidetur.
51တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။
52Metabuntur autem castra filii Israël unusquisque per turmas et cuneos atque exercitum suum.
52ဣသရေလ အမျိုးသား တို့သည် တပ်ချ သောအခါ ၊ အလုံးအရင်း တရှောက်လုံး၊ လူတိုင်း မိမိ ဆိုင်သော တပ် တွင် မိမိ ဆိုင်သော အလံ နားမှာ မိမိတဲကို ဆောက်ရမည်။
53Porro Levitæ per gyrum tabernaculi figent tentoria, ne fiat indignatio super multitudinem filiorum Israël, et excubabunt in custodiis tabernaculi testimonii.
53ဣသရေလ အမျိုးသား စည်းဝေးရာ၊ ပရိသတ် အပေါ် မှာ အမျက် တော်မ သက်ရောက် စေခြင်းငှါ ၊ လေဝိ သားတို့သည် သက်သေခံ ချက် တဲ တော်ပတ်လည် ၌ နေရာ ချ၍ ၊ သက်သေခံ ချက်တဲ တော်ကို စောင့်ရှောက် ရမည် ဟု၊
54Fecerunt ergo filii Israël juxta omnia quæ præceperat Dominus Moysi.
54မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
Tip: use the ← and → keys to turn chapters.