Liber Numeri
Chapter 18
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Liber Numeri 18

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Dixitque Dominus ad Aaron: Tu, et filii tui, et domus patris tui tecum, portabitis iniquitatem sanctuarii: et tu et filii tui simul sustinebitis peccata sacerdotii vestri.
1တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ သင် နှင့် သင် ၏သား မြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင် တို့ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ် ကိုခံရ ကြမည်။
2Sed et fratres tuos de tribu Levi, et sceptrum patris tui sume tecum, præstoque sint, et ministrent tibi: tu autem et filii tui ministrabitis in tabernaculo testimonii.
2သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
3Excubabuntque Levitæ ad præcepta tua, et ad cuncta opera tabernaculi: ita dumtaxat ut ad vasa sanctuarii et ad altare non accedant, ne et illi moriantur, et vos pereatis simul.
3လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။
4Sint autem tecum, et excubent in custodiis tabernaculi, et in omnibus cæremoniis ejus. Alienigena non miscebitur vobis.
4သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။
5Excubate in custodia sanctuarii, et in ministerio altaris: ne oriatur indignatio super filios Israël.
5နောက် တဖန် အမျက် တော်ထွက်၍ ဣသရေလ အမျိုးသား တို့အပေါ် သို့ မ ရောက် မည်အကြောင်း ၊ သင်တို့သည် သန့်ရှင်း ရာဌာနတော်နှင့် ယဇ်ပလ္လင် ကို စောင့် ရကြမည်။
6Ego dedi vobis fratres vestros Levitas de medio filiorum Israël, et tradidi donum Domino, ut serviant in ministeriis tabernaculi ejus.
6ထိုသို့ သင် တို့၏ ညီအစ်ကို လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ထဲက ရွေးယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ထမ်း စေခြင်းငှါ ၊ ထာဝရဘုရား အား ပြု သောပူဇော်သက္ကာ ကဲ့သို့သင် တို့အား ငါပေး၏။
7Tu autem et filii tui custodite sacerdotium vestrum: et omnia quæ ad cultum altaris pertinent, et intra velum sunt, per sacerdotes administrabuntur: si quis externus accesserit, occidetur.
7ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
8Locutusque est Dominus ad Aaron: Ecce dedi tibi custodiam primitiarum mearum. Omnia quæ sanctificantur a filiis Israël, tradidi tibi et filiis tuis pro officio sacerdotali legitima sempiterna.
8တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။
9Hæc ergo accipies de his, quæ sanctificantur et oblata sunt Domino. Omnis oblatio, et sacrificium, et quidquid pro peccato atque delicto redditur mihi, et cedit in Sancta sanctorum, tuum erit, et filiorum tuorum.
9မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။
10In sanctuario comedes illud: mares tantum edent ex eo, quia consecratum est tibi.
10သန့်ရှင်း ရာဌာန၌ စား ရမည်။ ယောက်ျား အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။ သင် တို့အဘို့ သန့်ရှင်း ပေ၏။
11Primitias autem, quas voverint et obtulerint filii Israël, tibi dedi, et filiis tuis, ac filiabus tuis, jure perpetuo: qui mundus est in domo tua, vescetur eis.
11ထိုမှတပါး ဣသရေလ အမျိုးသား တို့ ပူဇော်သော ချီမြှောက် ရာ ပူဇော်သက္ကာ၊ ချီလွှဲ ရာ ပူဇော်သက္ကာတို့ကို၊ သင် နှင့် သင် ၏သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့်ငါပေး ပြီ။ သင့် အိမ် ၌ သန့်ရှင်း သောသူ အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။
12Omnem medullam olei, et vini, ac frumenti, quidquid offerunt primitiarum Domino, tibi dedi.
12ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
13Universa frugum initia, quas gignit humus, et Domino deportantur, cedent in usus tuos: qui mundus est in domo tua, vescetur eis.
13ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင် ဆိုင် ရ မည်။ သင့် အိမ် ၌ သန့်ရှင်း သော သူအပေါင်း တို့သည် စား ရသောအခွင့် ရှိ၏။
14Omne quod ex voto reddiderint filii Israël, tuum erit.
14ဣသရေလ အမျိုး၌ ကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သင် ဆိုင် ရ မည်။
15Quidquid primum erumpit e vulva cunctæ carnis, quam offerunt Domino, sive ex hominibus, sive de pecoribus fuerit, tui juris erit: ita dumtaxat ut pro hominis primogenito pretium accipias, et omne animal quod immundum est redimi facias,
15အဦး ဘွားသောသား၊ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ တို့ကို သင် ဆိုင် ရ မည်။ သို့ရာတွင် လူ ၏သားဦး နှင့် မ စင်ကြယ်သော တိရစ္ဆာန် ၏သားဦး ကို အမှန်ရွေး ရမည်။
16cujus redemptio erit post unum mensem, siclis argenti quinque, pondere sanctuarii. Siclus viginti obolos habet.
16ရွေး ရသောသား တို့ကို အသက်တလ လွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရ နှစ်ဆယ် နှင့်မျှသော အကျပ် တော်အလိုက် ငွေ ငါး ကျပ် နှင့် ရွေး ရမည်။
17Primogenitum autem bovis, et ovis, et capræ, non facies redimi, quia sanctificata sunt Domino. Sanguinem tantum eorum fundes super altare, et adipes adolebis in suavissimum odorem Domino.
17နွား သားဦး ၊ သိုး သားဦး ၊ ဆိတ် သားဦး သည် သန့်ရှင်း သောကြောင့်မ ရွေး ရ။ သူ ၏အသွေး ကို ယဇ်ပလ္လင် ပေါ်မှာ ဖြန်း ရမည်။ ဆီဥ ကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေ၍၊ မီး ဖြင့် ပူဇော်သက္ကာပြုရမည်။
18Carnes vero in usum tuum cedent, sicut pectusculum consecratum, et armus dexter: tua erunt.
18အသား မူကား ချီလွှဲ ရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာ ပခုံး ကဲ့သို့ သင့် အဘို့ ဖြစ် ရမည်။
19Omnes primitias sanctuarii, quas offerunt filii Israël Domino, tibi dedi, et filiis, ac filiabus tuis, jure perpetuo. Pactum salis est sempiternum coram Domino, tibi ac filiis tuis.
19ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ထာဝရဘုရား အား ဆောင် ခဲ့သော ပူဇော်သက္ကာ ရှိသမျှ တို့ကို သင် နှင့် သင် ၏ သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့် ငါပေး ပြီ။ သင် အစရှိသောသင် ၏အမျိုးအနွယ် နှင့်ဆို၍ ထာဝရဘုရား ရှေ့ တော်၌ ဆား နှင့်ယှဉ် သော ထာဝရ ပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
20Dixitque Dominus ad Aaron: In terra eorum nihil possidebitis, nec habebitis partem inter eos: ego pars et hæreditas tua in medio filiorum Israël.
20တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ နေရာပြည် ၌ သင့်အမွေ ခံရာမြေ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မ ရှိ ရ။ ငါ သည်ကား သူ တို့တွင် သင် ပိုင်သောအဘို့ သင့် အမွေ ဥစ္စာဖြစ်၏။
21Filiis autem Levi dedi omnes decimas Israëlis in possessionem, pro ministerio, quo serviunt mihi in tabernaculo fœderis:
21လေဝိ သား တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် သောကြောင့်၊ သူ တို့အမွေခံ စရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို ငါပေး ပြီ။
22ut non accedant ultra filii Israël ad tabernaculum, nec committant peccatum mortiferum,
22ယခုမှစ၍ဣသရေလ အမျိုးသား တို့သည် ကိုယ်အပြစ် ကိုခံ ၍ သေ ဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်အနီးအပါးသို့ မ ချဉ်း မကပ် ရကြ။
23solis filiis Levi mihi in tabernaculo servientibus, et portantibus peccata populi. Legitimum sempiternum erit in generationibus vestris. Nihil aliud possidebunt,
23လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
24decimarum oblatione contenti, quas in usus eorum et necessaria separavi.
24ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ ကို၊ လေဝိ သားအမွေ ခံစရာဘို့ ငါပေး ပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ဟု ငါ့အမိန့် တော်ရှိ၏။
25Locutusque est Dominus ad Moysen, dicens:
25တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် လေဝိ သားတို့အား ဆင့်ဆို ရမည်မှာ၊
26Præcipe Levitis, atque denuntia: Cum acceperitis a filiis Israël decimas, quas dedi vobis, primitias earum offerte Domino, id est, decimam partem decimæ,
26သင် တို့အမွေခံ စရာ ငါပေး သော ဣသရေလ အမျိုးသား တို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ် ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
27ut reputetur vobis in oblationem primitivorum, tam de areis quam de torcularibus:
27ထိုပူဇော်သက္ကာ ကို၊ ကောက်နယ် တလင်းထဲက ယူသော ဆန် စပါးကဲ့သို့ ၎င်း ၊ စပျစ်သီး နယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎င်း၊ သင် တို့အဘို့ မှတ် ရ လိမ့်မည်။
28et universis quorum accipitis primitias, offerte Domino, et date Aaron sacerdoti.
28ထိုသို့ သင်တို့သည် ဣသရေလ အမျိုးသား တို့မှ ခံယူ သော ဆယ်ဘို့တဘို့ ထဲက ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန် အား လှူ ရကြမည်။
29Omnia quæ offeretis ex decimis, et in donaria Domini separabitis, optima et electa erunt.
29သင် တို့ခံရသမျှ သော အလှူ တို့အထဲ က အကောင်းဆုံး သောအဘို့ သန့်ရှင်း သောအဘို့ကို နှုတ်ယူ၍ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
30Dicesque ad eos: Si præclara et meliora quæque obtuleritis ex decimis, reputabitur vobis quasi de area, et torculari dederitis primitias:
30သို့ဖြစ်၍ သူ တို့အား ဆင့်ဆို ရမည်မှာ၊ လေဝိ သား တို့သည် အကောင်းဆုံး သောအဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ် တလင်း၏ ကျေးဇူး ၊ စပျစ်သီး နယ်ရာကျင်း၏ ကျေးဇူး ကဲ့သို့ မိမိတို့အဘို့ မှတ် ရ လိမ့်မည်။
31et comedetis eas in omnibus locis vestris, tam vos quam familiæ vestræ: quia pretium est pro ministerio, quo servitis in tabernaculo testimonii.
31ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စား ရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေး ရာတဲ တော်၌ အမှု စောင့် သောအတွက် ငါချသောဆု ဖြစ်၏။
32Et non peccabitis super hoc, egregia vobis et pinguia reservantes, ne polluatis oblationes filiorum Israël, et moriamini.
32အကောင်းဆုံး သော အဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့်အပြစ် ရောက် စရာအကြောင်းမ ရှိ။ သေ ဘေးနှင့် မ တွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာတို့ကို မ ညစ်ညူး စေ ရဟု မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.