Abdias Propheta
Chapter 1

Abdias Propheta

Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Abdias Propheta 1

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Visio Abdiæ. [Hæc dicit Dominus Deus ad Edom: Auditum audivimus a Domino, et legatum ad gentes misit: surgite, et consurgamus adversus eum in prælium.
1အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော် တော်မူ သံကို ငါတို့သည် ကြား ကြ၏။ သင်တို့ထ ၍ ဧဒုံ ပြည်ကို တိုက် ခြင်းငှါ စစ်ချီ ကြလော့ဟု၊ တပါးအမျိုးသား တို့ထံ သို့ သံတမန် ကို စေလွှတ် တော်မူပြီ။
2Ecce parvulum dedi te in gentibus: contemptibilis tu es valde.
2သင့် ကို တပါးအမျိုးသား တို့တွင် ယုတ်မာ စေခြင်းငှါ ငါစီရင် သဖြင့်၊ သင် ၏အသရေသည် အလွန် ရှုတ်ချ ခြင်း ရှိလိမ့်မည်။
3Superbia cordis tui extulit te, habitantem in scissuris petrarum, exaltantem solium tuum; qui dicis in corde tuo: Quis detrahet me in terram?
3ကျောက် ကြား တို့၌ နေ ၍ မြင့် သောအရပ်ကို ခိုလှုံ လျက်၊ ငါ့ ကို မြေ သို့ အဘယ်သူ နှိမ့်ချ နိုင်သနည်းဟု အောက်မေ့ သော သူဖြစ် သောကြောင့်၊ သင် ၏မာန သည် သင့် ကို လှည့်စား ပြီ။
4Si exaltatus fueris ut aquila, et si inter sidera posueris nidum tuum, inde detraham te, dicit Dominus.
4သင်သည် ရွှေလင်းတ ကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ် တို့တွင် အသိုက် ကို လုပ် သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
5Si fures introissent ad te, si latrones per noctem, quomodo conticuisses? nonne furati essent sufficientia sibi? Si vindemiatores introissent ad te, numquid saltem racemum reliquissent tibi?
5ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။
6Quomodo scrutati sunt Esau; investigaverunt abscondita ejus?
6သင်သည် အလွန်ပျက်စီး ပြီတကား။ ဧသော သည် အလွန် အစစ်ခံရပြီတကား။ သူ ဝှက် ထားသော ဥစ္စာ ကို အလွန်ရှာဖွေ ကြသည်တကား။
7Usque ad terminum emiserunt te: omnes viri fœderis tui illuserunt tibi: invaluerunt adversum te viri pacis tuæ, qui comedunt tecum, ponent insidias subter te; non est prudentia in eo.
7သင် နှင့်မိဿဟာယ ဖွဲ့သော သူ အပေါင်း တို့ သည် ပြည် စွန်းသို့ နှင် ကြပြီ။ အဆွေ လုပ်သောသူ တို့ သည် သင့် ကို လှည့်စား ၍ နိုင် ကြပြီ။ သင် နှင့်အတူစားသောက် သော သူတို့သည် သင့် အောက် ၌ ကျော့ကွင်း ကို ထောင် ထားကြပြီ။ သင် ၏ ဉာဏ် ပညာ ကုန် ပြီ။
8Numquid non in die illa, dicit Dominus, perdam sapientes de Idumæa, et prudentiam de monte Esau?
8ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ဧဒုံ ပြည်မှ ပညာရှိ တို့ကို၎င်း ၊ ဧသော ၏တောင် မှ ဉာဏ် ကောင်းသော သူတို့ ကို၎င်းငါပယ်ရှား မည်။
9Et timebunt fortes tui a meridie, ut intereat vir de monte Esau.
9အိုတေမန် မြို့၊ ဧသော ၏တောင် မှ ခပ်သိမ်း သောသူတို့ ကို ပယ်ဖြတ် မည်အကြောင်း ၊ သင် ၏ သူရဲ တို့သည် ကြောက် ကြလိမ့်မည်။
10Propter interfectionem, et propter iniquitatem in fratrem tuum Jacob, operiet te confusio, et peribis in æternum.
10သင် သည် ညီ ယာကုပ် ကို အသေသတ်ခြင်း၊ အနိုင် အထက် ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ ၍ ၊ အကုန်အစင် ပယ်ဖြတ် ခြင်းကိုခံရလိမ့်မည်။
11In die cum stares adversus eum, quando capiebant alieni exercitum ejus, et extranei ingrediebantur portas ejus, et super Jerusalem mittebant sortem, tu quoque eras quasi unus ex eis.
11သင် သည် တဘက် ၌ နေ သောနေ့ ၊ တကျွန်း တနိုင်ငံသား တို့သည် သူ ၏အမှုထမ်း များကို သိမ်း သွားသောနေ့ ၊ တပါး အမျိုးသားတို့သည် သူ ၏မြို့တံခါး ထဲသို့ ဝင် ၍ ယေရုရှလင် မြို့ကို စာရေးတံ ချ သောနေ့၌ သင် သည် လက်ခံသောသူဖြစ်၏။
12Et non despicies in die fratris tui, in die peregrinationis ejus: et non lætaberis super filios Juda in die perditionis eorum: et non magnificabis os tuum in die angustiæ.
12သင် ၏ညီ သည် တပါး အမျိုးသားဖြစ်သောနေ့ ၌ သူ၏အမှုကို သင်မ ကြည့် သင့်။ ယုဒ အမျိုးသား တို့သည် ပျက်စီး သောနေ့ ၌ မ ဝါကြွား သင့်။ ဒုက္ခ ခံရသောနေ့ ၌ စော်ကား သောစကား ကို မ ပြောသင့်။
13Neque ingredieris portam populi mei in die ruinæ eorum; neque despicies et tu in malis ejus in die vastitatis illius. Et non emitteris adversus exercitum ejus in die vastitatis illius,
13ငါ ၏လူ တို့သည် ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ နေရာတံခါး အတွင်းသို့ မ ဝင် သင့်။ ဘေး ဥပဒ်ကို ခံရသော နေ့ ၌ သူ တို့၏ဆင်းရဲ ဒုက္ခကို မ ကြည့် မရှုသင့်။ ဘေး ဥပဒ် ကို ခံရသောနေ့ ၌ သူ တို့ဥစ္စာ ကို မ လု မယူသင့်။
14neque stabis in exitibus ut interficias eos qui fugerint, et non concludes reliquos ejus in die tribulationis.
14လွတ် သောသူတို့ကို ဆီးတား ခြင်းငှါ ဖြတ်လမ်း ၌ မ ရပ် မနေ သင့်။ အမှု ရောက်သောနေ့ ၌ ကျန် ကြွင်းသောသူတို့ ကို မ အပ် သင့်။
15Quoniam juxta est dies Domini super omnes gentes: sicut fecisti, fiet tibi; retributionem tuam convertet in caput tuum.
15အကြောင်း မူကား၊ ထာဝရဘုရား ၏နေ့ ရက်သည် ခပ်သိမ်း သောလူမျိုး တို့နှင့် နီး ပြီ။ သင်ပြု သည်အတိုင်း သင် ၌ သူတပါး ပြု လိမ့်မည်။ သင် ပြုသောအမှု သည် သင့် ခေါင်း ပေါ် သို့ ရောက် ရလိမ့်မည်။
16Quomodo enim bibistis super montem sanctum meum, bibent omnes gentes jugiter: et bibent, et absorbebunt, et erunt quasi non sint.
16ယုဒအမျိုးသားတို့သည် သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ စားသောက် သကဲ့သို့ ၊ ပတ်လည်၌နေသောလူမျိုး အပေါင်း တို့သည် စားသောက် ရကြလိမ့်မည်။ စားသောက် ၍ မျို သဖြင့် မ ရှိ ဘူးသောသူကဲ့သို့ ဖြစ် ရကြလိမ့်မည်။
17Et in monte Sion erit salvatio, et erit sanctus; et possidebit domus Jacob eos qui se possederant.
17ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
18Et erit domus Jacob ignis, et domus Joseph flamma, et domus Esau stipula: et succendentur in eis, et devorabunt eos, et non erunt reliquiæ domus Esau, quia Dominus locutus est.
18ယာကုပ် အမျိုး သည် မီး ၊ ယောသပ် အမျိုး သည် မီးလျှံ ၊ ဧသော အမျိုး သည် အမှိုက် ဖြစ် လျက် မီးညှိ ၍ လောင် သဖြင့် ၊ ဧသော အမျိုးသား မ ကျန် ကြွင်းရ။ ထာဝရဘုရား မိန့် တော်မူပြီ။
19Et hæreditabunt hi, qui ad austrum sunt, montem Esau, et qui in campestribus, Philisthiim: et possidebunt regionem Ephraim et regionem Samariæ, et Benjamin possidebit Galaad.
19တောင် မျက်နှာသားတို့သည် ဧသော ၏တောင် ကို၎င်း ၊ မြေညီ သောအရပ်သားတို့သည် ဖိလိတ္တိ ပြည်ကို၎င်း ၊ ဧဖရိမ် လယ်ပြင် နှင့် ရှမာရိ လယ်ပြင် ကို၎င်း ၊ ဗင်္ယာမိန် အမျိုးသည် ဂိလဒ် ပြည်ကို၎င်း သိမ်းယူ ကြ လိမ့်မည်။
20Et transmigratio exercitus hujus filiorum Israël, omnia loca Chananæorum usque ad Sareptam: et transmigratio Jerusalem, quæ in Bosphoro est, possidebit civitates austri.
20သိမ်း သွားခြင်းကို ခံရ၍၊ ခါနနိ လူတို့တွင်ရှိသော ဣသရေလ အမျိုး အလုံးအရင်း သည် ဇရတ္တ မြို့တိုင်အောင် ၎င်း ၊ သိမ်း သွားခြင်းကို ခံရ၍ သေဖရဒ် ပြည်၌ ရှိသော ယေရုရှလင် မြို့သားတို့သည် တောင် မျက်နှာမြို့ ရွာတို့ကို ၎င်း သိမ်းယူ ကြလိမ့်မည်။
21Et ascendent salvatores in montem Sion judicare montem Esau, et erit Domino regnum.]
21ဧသော ၏တောင် ကို တရား စီရင်ခြင်းငှါ ကယ်တင် သောသူတို့သည် ဇိအုန် တောင် ပေါ် သို့ တက် ကြ လိမ့်မည်။ တိုင်း နိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ် လိမ့်သတည်း။

Tip: use the ← and → keys to turn chapters.