マタイ 17
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1六日後、イエスはペテロとヤコブと、その兄弟ヨハネの三人だけを連れ、高い山に登られた。
1ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယာကုပ် ညီ ယောဟန် တို့ကိုခေါ် ၍၊ မြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။
2すると、イエスの姿が彼らの目の前で変わった。 顔は太陽のように輝き、衣は光のように白くなった。
2သူ တို့ရှေ့ ၌ ထူးခြား သောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊ မျက်နှာ တော်သည် နေ ကဲ့သို့ ထွန်းတောက် လျက် ၊ အဝတ် တော်သည် အလင်း ကဲ့သို့ ဖြူ လျက် ရှိ ၏။
3見よ、モーセとエリヤが彼らに現れ、イエスと語り合っていた。
3မောရှေ နှင့် ဧလိယ သည် ထင်ရှား ၍ ကိုယ်တော် နှင့်အတူ စကား ပြောလျက်နေကြ၏။
4ペテロはイエスに言った。「主よ、私たちがここにいるのは良いことです。お望みなら、ここに幕屋を三つ建てましょう。一つはあなたのため、一つはモーセのため、もう一つはエリヤのためです。」
4ထိုအခါ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့ တစ် ဆောင်၊ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အလို တော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ် ပါမည်ဟု လျှောက် လေ၏။
5ペテロがまだ話しているうちに、見よ、輝く雲が彼らを覆った。そして見よ、雲の中から声がして言った。「これはわたしの愛する子。わたしはこの子を心から喜んでいる。彼の言うことを聞きなさい。」
5ထိုသို့လျှောက် စဉ် တွင်၊ ထွန်းလင်း သောမိုဃ်းတိမ် သည် ထိုသူ တို့ကိုလွှမ်းမိုး ၍၊ ဤ သူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ်လေ၏။
6弟子たちはこれを聞くと、ひれ伏し、非常に恐れた。
6တပည့် တော်တို့သည် ကြား ရလျှင် ၊ ပြပ်ဝပ် ၍ အလွန် ကြောက်လန့် ခြင်းရှိကြ၏။
7イエスは近づいて彼らに触れ、 「起きなさい。恐れることはない」 と言われた。
7ယေရှု သည်လာ ၍ သူ တို့ကို လက်နှင့်တို့ တော်မူလျက် ၊ ထ ကြ၊ မ ကြောက် ကြနှင့် ဟု မိန့် တော်မူသော်၊
8彼らが目を上げると、イエスのほかにはだれも見えなかった。
8သူ တို့သည် ကြည့်မြော် သဖြင့် ၊ ယေရှု တစ်ယောက်တည်း မှတစ်ပါး ၊ အဘယ်သူ ကိုမျှ မမြင် ကြ။
9山を下りる途中、イエスは彼らに命じて言われた。 「人の子が死者の中からよみがえるまでは、今見たことをだれにも話してはならない。」
9တောင် ပေါ်မှ ဆင်း ကြသောအခါ ယေရှု က၊ လူ သား သည်သေ ခြင်းမှ မ ထမြောက် မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံ ကို အဘယ်သူ အားမျှမပြော ကြနှင့်ဟု တပည့် တော်တို့ကို ပညတ် တော်မူ၏။
10弟子たちはイエスに尋ねた。「それでは、なぜ律法学者たちは、まずエリヤが来なければならないと言うのですか。」
10ထိုအခါ တပည့် တော်တို့က၊ ဧလိယ သည် အရင် လာ ရ မည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ပါသနည်းဟု မေးလျှောက် ကြလျှင် ၊
11イエスは彼らに答えられた。 「確かにエリヤがまず来て、すべてを回復する。
11ယေရှု က၊ ဧလိယ သည်အရင်လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည်မှန် ပေ၏။
12しかし、あなたがたに言う。エリヤはすでに来た。それなのに人々は彼を認めず、思いのままに扱った。同じように、人の子も彼らから苦しみを受ける。」
12ငါဆို သည်ကား၊ ဧလိယ ရောက်လာ ပြီ ။ လူများသည်သူ့ ကိုမ သိ သဖြင့် သူ့ အားပြုချင် သမျှ ကိုပြု ကြပြီ။ ထိုနည်းတူ လူ သား သည်လည်း ထိုလူ များလက်၌ ခံရ မည် ဟုမိန့် တော်မူသော်၊
13そのとき弟子たちは、イエスがバプテスマのヨハネについて話されたのだと理解した。
13ဗတ္တိဇံ ဆရာယောဟန် ကို အမှတ် ပြု၍ မိန့် တော်မူကြောင်း ကို တပည့် တော်တို့သည် နားလည် ကြ၏။
14彼らが群衆のところへ来ると、一人の男がイエスに近づき、ひざまずいて言った。
14လူအစုအဝေး ရှိရာ သို့ ရောက် ကြသောအခါ ၊ လူ တစ်ယောက်သည် အထံ တော်သို့ချဉ်းကပ် ၍ ဒူးထောက် လျက် ၊ သခင် ၊
15「主よ、息子をあわれんでください。てんかんを患い、ひどく苦しんでいます。たびたび火の中に、また水の中に倒れ込みます。
15အကျွန်ုပ် ၏သား ကို ကယ်မ သနားတော်မူပါ။ ဝက်ရူးနာ စွဲ၍ ပြင်းစွာ ခံစား ရပါ၏။ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း အကြိမ်ကြိမ် လဲ တတ်ပါ၏။
16そこで、あなたの弟子たちのところに連れて来ましたが、彼らには治せませんでした。」
16တပည့် တော်တို့ထံသို့ဆောင်ခဲ့ ၍ သူတို့သည်ချမ်းသာ မ ပေးနိုင် ကြပါဟု လျှောက် လျှင် ၊
17イエスは答えられた。 「信仰のない、よこしまな時代よ。いつまで私はあなたがたと共にいなければならないのか。いつまであなたがたに耐えなければならないのか。その子をここに連れて来なさい。」
17ယေရှု က၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ယူခဲ့ ကြ ဟု မိန့် တော်မူ၏။
18イエスが悪霊を叱りつけられると、悪霊はその子から出て行った。その時から、少年は癒された。
18ယေရှု သည် သူ့ ကိုဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည် သူ မှ ထွက်သွား သဖြင့် ၊ ထို ခဏ မှစ၍ သူငယ် သည် ကျန်းမာ ပကတိဖြစ်လေ၏။
19それから弟子たちはひそかにイエスのもとに来て尋ねた。「なぜ私たちは、あの悪霊を追い出せなかったのでしょうか。」
19ထိုအခါ တပည့် တော်တို့သည် ဆိတ်ကွယ် ရာအရပ်၌ ယေရှု ထံတော်သို့ချဉ်းကပ် ၍၊ အကျွန်ုပ် တို့သည် ထိုနတ်ဆိုး ကိုအဘယ်ကြောင့် မ နှင်ထုတ် နိုင် ပါသနည်းဟု လျှောက် ကြသော်၊
20イエスは彼らに言われた。 「あなたがたの不信仰のためである。まことに、あなたがたに言う。からし種一粒ほどの信仰があるなら、この山に、『ここからあそこへ移れ』と言えば、山は移る。あなたがたに不可能なことは何もない。
20သင် တို့သည် ယုံကြည် ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန် ဆို သည်ကား၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ၊ ထို တောင် ကို နေရာမှ ရွေ့ လော့ဟုဆို ကြသော်၊ နေရာမှ ရွေ့ လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင် တို့မ တတ်နိုင်သောအမှုမ ရှိ။
21しかし、この種類のものは、祈りと断食によらなければ出て行かない。」
21သို့သော်လည်းဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ် ဟု မိန့်တော်မူ၏။
22彼らがガリラヤに滞在していたとき、イエスは弟子たちに言われた。 「人の子は人々の手に引き渡されようとしている。
22ဂါလိလဲ ပြည်၌ နေကြစဉ်တွင် ယေရှု က၊ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီ။
23彼らは人の子を殺すが、彼は三日目によみがえる。」 弟子たちは非常に悲しんだ。
23သူတို့သည် သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု တပည့် တော်တို့အား မိန့် တော်မူ၏။ သူတို့သည်လည်း အလွန် ဝမ်းနည်း ခြင်းရှိကြ၏။
24彼らがカペナウムに来ると、ディドラクマ銀貨を集める人たち がペテロのところに来て尋ねた。「あなたがたの先生はディドラクマを納めないのですか。」
24ကပေရနောင် မြို့သို့ ရောက် သောအခါ ၊ ဗိမာန်တော်အခွန်တည်းဟူသောဒိဒြမ္မ ကိုခံ သောသူ တို့သည် ပေတရု ဆီသို့လာ ၍ သင် ၏ဆရာ သည်ဒိဒြမ္မ ကိုမ ပေး သလောဟု မေးမြန်းလျှင်၊ ပေး ပါသည်ဟု ပေတရုဆို ၏။
25ペテロは、「納めます」と答えた。 彼が家に入ると、イエスのほうから先に言われた。 「シモン、どう思うか。地上の王たちは、だれから関税や貢ぎを取り立てるのか。自分の子どもたちからか、それとも、ほかの人々からか。」
25ပေတရု သည် အိမ် သို့ ဝင် သောအခါ ၊ ယေရှု သည် တင်ကူး ၍၊ အချင်းရှိမုန် ၊ သင် သည်အဘယ်သို့ ထင် သနည်း။ လောကီ ရှင်ဘုရင် တို့သည် အဘယ်သူ မှာ အခွန် ကိုခံ ကြသနည်း။ မိမိ သား မှာ ခံကြသလော။ သူတစ်ပါး မှာ ခံကြသလော၊ ဟုမေး တော်မူလျှင်၊
26ペテロはイエスに答えた。「ほかの人々からです。」 イエスは彼に言われた。 「それなら、王の子どもたちは免除されている。
26ပေတရုက၊ သူတစ်ပါး မှာ ခံကြပါသည်ဟုလျှောက် သော်၊ ယေရှု ကလည်း သို့ဖြစ်လျှင် သား မူကားလွတ် ရ ၏။ သို့သော်လည်း ထိုသူ တို့သည် ငါတို့ကြောင့်မ မှားယွင်း မည်အကြောင်း ၊ အိုင် သို့ သွား ၍ ငါးမျှား ကိုချ လော့။
27しかし、彼らをつまずかせないために、湖へ行って釣り針を投げ、最初に釣れた魚を取りなさい。その口を開けると、スタテル銀貨が一枚見つかる。 それを取って、私とあなたの分として彼らに渡しなさい。」
27ရှေ့ဦးစွာ ရ သောငါး ကိုယူ ၍ ပစပ် ကိုဖွင့် လျှင် ၊ သတာတဲ တစ်ပြားကိုတွေ့ လိမ့်မည်။ ထို ငွေကိုယူ ၍ ငါ့ အဘို့ နှင့် သင့် အဘို့ ထိုသူ တို့အားပေး လော့ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.