マタイ 22
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1イエスは再び、たとえをもって彼らに語られた。
1တစ်ဖန် ယေရှု သည် ဥပမာ ကိုဆောင်၍ ပရိသတ် တို့အား မိန့်မြွက် တော်မူသည်ကား၊
2「天の御国は、自分の息子のために婚宴を催した、ある王のようなものである。
2ကောင်းကင် နိုင်ငံ တော်သည် မိမိ သား အဘို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို စီရင် သောမင်းကြီး နှင့်တူ ၏။
3王は、婚宴に招いておいた人々を呼ぶために僕たちを遣わしたが、彼らは来ようとしなかった。
3ထိုမင်းကြီးသည် ဘိတ် ပြီးသောသူ တို့ကို ခေါ် စေခြင်းငှာလုလင် တို့ကိုစေလွှတ် သောအခါ ထိုသူတို့သည် မ လာ ဘဲနေကြ၏။
4そこで王は再び、ほかの僕たちを遣わして言った。『招いておいた人々にこう告げなさい。「見よ、食事の用意ができた。私の雄牛も肥えた家畜もほふられ、すべてが整っている。婚宴に来なさい。」』
4တစ်ဖန် အခြား သောလုလင် တို့ကို စေလွှတ် ၍ ငါ့ ပွဲ ကို ငါပြင်ဆင် ပြီ။ နွား မှစသောဆူဖြိုး သော တိရစ္ဆာန် များကို သတ် ၍ပြီးပြီ။ အလုံးစုံ တို့သည် အသင့် ရှိပြီ။ မင်္ဂလာဆောင်ပွဲ သို့ လာ ကြပါဟု ဘိတ် ပြီးသောသူ တို့အား ပြော ကြဟု မှာ လိုက်ပြန်၏။
5しかし彼らは気にも留めず、一人は自分の畑へ、もう一人は商売へ出かけて行った。
5သို့သော်လည်း ထိုသူ တို့သည် နားမထောင် ဘဲ အချို့ တို့သည် မိမိ လယ် သို့ သွား ကြ၏။ အချို့ တို့သည် ကုန်သွယ် ရာသို့ သွားကြ၏။
6残りの者たちは王の僕たちを捕らえ、辱めたうえで殺した。
6ကြွင်း သောသူ တို့သည်လည်း လုလင် တို့ကိုဘမ်းဆီး ၍ ညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကို ပြုကြ၏။
7王はこれを聞いて怒り、軍隊を送り、その人殺しどもを滅ぼして、彼らの町を焼き払った。
7ထိုမင်းကြီး သည်ကြားလျှင် အမျက်ထွက် ၍ စစ် ချီ စေသဖြင့် ၊ လူ အသက်ကိုသတ်သော ထို သူတို့ကို အပြီးလုပ်ကြံ ၍ သူ တို့၏မြို့ ကို မီးရှို့ လေ၏။
8それから王は僕たちに言った。『婚宴の用意はできているが、招いておいた人々はふさわしくなかった。
8ထိုနောက်မှ မင်းကြီးသည်လုလင် တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင် ပွဲသည် အသင့် ရှိ ၏။ ခေါ်ဘိတ် သောသူ တို့သည် မ ထိုက် မတန်သောကြောင့် ၊
9だから、大通りの交差する所へ行き、見つけた人をみな婚宴に招きなさい。』
9လမ်းမ လမ်းကြား သို့ သွား ၍ တွေ့ သမျှ သောသူတို့ကို ပွဲ သို့ ခေါ်ဘိတ် ကြဟု အမိန့် တော်ရှိသည်အတိုင်း၊
10僕たちは大通りへ出て行き、悪い人も良い人も、見つけた者をみな集めた。こうして婚宴の席は客でいっぱいになった。
10လုလင် တို့သည် လမ်း များသို့ ထွက်သွား ၍ ကောင်း မကောင်း တွေ့ သမျှ သော လူအပေါင်း တို့ကို စုဝေး စေ၍ ပွဲ တော်၌ အပြည့် ရှိလေ၏။
11王が客を見ようと入って来ると、婚礼の礼服を着ていない人が一人いるのを見つけた。
11မင်းကြီး သည် ပွဲ ၌ လျောင်း သောသူ တို့ကို ကြည့်ရှု ခြင်းငှာဝင် တော်မူသောအခါ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် ကိုမ ဝတ် သောသူ တစ်ယောက်ကိုမြင် လျှင် ၊
12そこで王はその人に、『友よ、婚礼の礼服を着ないで、どうしてここに入って来たのか』と尋ねた。その人は何も答えられなかった。
12အဆွေ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် မ ရှိ ဘဲ အဘယ်ကြောင့် ဝင် သနည်းဟု မေး တော်မူသည်ကို ထိုသူ သည် မ ပြောနိုင်ဘဲနေ၏။
13すると王は僕たちに言った。『この者の手足を縛って連れ出し、外の闇に投げ込みなさい。そこで泣き叫び、歯ぎしりすることになる。』
13ထိုအခါ မင်းကြီး သည် အခြံအရံ တို့အား ထိုသူ ၏လက် ခြေ ကိုတုပ်နှောင် လော့။ ငိုကြွေး ခြင်းအံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ် မှောင်မိုက် ထဲသို့ ယူသွားချ လိုက်ကြဟု အမိန့် တော်ရှိ၏။
14招かれる者は多いが、選ばれる者は少ない。」
14ထိုသို့ ခေါ် တော်မူသောသူအများ ရှိ သော်လည်း ၊ ရွေးကောက် တော်မူသောသူနည်း သည် ဟု မိန့်တော်မူ၏။
15それからパリサイ人たちは出て行き、イエスの言葉尻を捕らえるにはどうすればよいか、相談した。
15ထိုအခါ ဖာရိရှဲ တို့သည် ထွက်သွား ပြီးလျှင်၊ ငါတို့သည်သူ ၏စကား ကို ချောင်းမြောင်း၍ အပြစ် ပြုခွင့်ကို အဘယ်သို့ရ နိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊
16そして自分たちの弟子をヘロデ党の者たちと共にイエスのもとへ遣わして言わせた。「先生、私たちは、あなたが誠実な方で、真理に基づいて神の道を教え、だれにも左右されないことを知っています。人を分け隔てなさらないからです。
16မိမိ တပည့် တို့နှင့် ဟေရုဒ် တပည့်တို့ကို အထံ တော်သို့စေလွှတ် ၍ အရှင် ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကိုမ ထောက် ဘဲ ဘုရားသခင် ၏တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။
17それでは、どう思われるか、お聞かせください。カエサルに税を納めることは、律法にかなっているでしょうか。それとも、かなっていないでしょうか。」
17သို့ဖြစ်၍ ကိုယ်တော် သည် အဘယ်သို့ ထင် တော်မူသနည်း။ ကဲသာ ဘုရင်အားအခွန် ကို ဆက် အပ် သလော။ မ ဆက်အပ်သလော အကျွန်ုပ် တို့အား မိန့် တော်မူပါဟု မေးလျှောက် ကြ၏။1”
18しかし、イエスは彼らの悪意を見抜いて言われた。 「偽善者たちよ。なぜ私を試すのか。
18ယေရှု သည် ထိုသူ တို့၏ဆိုးညစ် သောသဘောကို သိ တော်မူလျှင် ၊ လျှို့ဝှက် သောသူတို့၊ အဘယ်ကြောင့် ငါ့ ကို စုံစမ်း နှောင့်ရှက်ကြသနည်း။
19税として納める貨幣を見せなさい。」 彼らは一デナリを持って来た。
19အခွန် ငွေ တစ်ပြားကိုပြ ပါ ဟု မိန့် တော်မူ၍၊ ဒေနာရိ တစ်ပြားကို ယူခဲ့ ကြ၏။
20イエスは彼らに尋ねられた。 「これはだれの肖像と銘か。」
20ဤ ပုံ ဤလိပ်စာ ကား၊ အဘယ်သူ ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်း ဟု မေး တော်မူလျှင် ၊
21彼らは、「カエサルのものです」と答えた。 するとイエスは彼らに言われた。 「それなら、カエサルのものはカエサルに、神のものは神に返しなさい。」
21ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ယေရှုကလည်း၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ ဥစ္စာ ကိုကား ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
22彼らはこれを聞いて驚き、イエスを残して立ち去った。
22ထိုသူတို့သည် ကြား ရလျှင် အံ့ဩ ၍ အထံ တော်မှ ထွက် သွား ကြ၏။
23その日、復活はないと言っているサドカイ人たちが、イエスのもとに来て尋ねた。
23ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူရှိသော ဇဒ္ဒုကဲ တို့သည် ထို နေ့ ၌ အထံ တော်သို့ချဉ်းကပ် ၍၊
24「先生、モーセは、『ある人が子どもを残さずに死んだなら、その人の兄弟がその妻と結婚し、兄弟のために子孫をもうけなければならない』と言いました。
24အရှင် ဘုရား၊ လူ မည်သည်ကားသား မ ရှိ ဘဲသေ လျှင် ၊ သူ ၏မယား ကို သူ့ ညီ သိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု မောရှေ စီရင်ပါပြီ။
25ところで、私たちのところに七人の兄弟がいました。長男は結婚しましたが、子孫を残さずに死に、妻を弟に残しました。
25ကျွန်ုပ် တို့တွင် ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့် စုံဘက် ၍ သား မ ရှိ ဘဲ သေ သဖြင့် မိမိ မယား ကို မိမိ ညီ နှင့် ကျန်ရစ် စေ၏။
26次男も三男も同じようになり、ついには七人ともそうなりました。
26ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှသေကြ၏။
27最後に、その女も死にました。
27နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
28では、復活の時、その女は七人のうちだれの妻になるのでしょうか。七人とも彼女を妻にしたのです。」
28သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမသည်ခုနစ် ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ ၏ မယား ဖြစ် ရပါမည်နည်း။ ထိုသူအပေါင်း တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။
29イエスは彼らに答えられた。 「あなたがたは聖書も神の力も知らないので、思い違いをしている。
29ယေရှု ကလည်း ၊ သင်တို့သည် ကျမ်းစာ ကိုနား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့်မှား သောအယူကိုယူကြ၏။
30復活の時には、めとることも嫁ぐこともなく、天にいる神の御使いたちのようになるからである。
30ထမြောက် ရာကာလ၌ စုံဘက် ခြင်းကို မ ပြု၊ ထိမ်းမြား ပေးစားခြင်းကို မ ပြု။
31死者の復活について、神があなたがたに語られた次の言葉を読んだことがないのか。
31ကောင်းကင် သားဘုရားသခင်၏ တမန်တော် ကဲ့သို့ ဖြစ် ကြ၏။
32『私はアブラハムの神、イサクの神、ヤコブの神である。』 神は死者の神ではなく、生きている者の神である。」
32ထိုမှတပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် က၊ ငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ် သည်ဟု သင် တို့အား မိန့်မြွက် တော်မူကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။ ဘုရားသခင်သည် သေ နေသောသူတို့၏ ဘုရား မ ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည် ဟု မိန့် တော်မူ၏။
33群衆はこれを聞いて、イエスの教えに驚いた。
33ပရိသတ် များတို့သည် ကြား ရလျှင် ဆုံးမ ဩဝါဒပေးတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏။
34パリサイ人たちは、イエスがサドカイ人たちを黙らせたと聞いて、一緒に集まった。
34ဇဒ္ဒုကဲ တို့၏ စကား ကို ချေတော်မူကြောင်း ကို ဖာရိရှဲ တို့သည်ကြား လျှင် စုဝေး ကြ၍ ၊
35そのうちの一人の律法の専門家が、イエスを試そうとして尋ねた。
35သူ တို့အဝင် အပါဖြစ်သော ကျမ်းတတ် တစ် ယောက်သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာ၊
36「先生、律法の中で最も大切な戒めはどれですか。」
36အရှင် ဘုရား၊ ပညတ္တိ ကျမ်း၌ အဘယ် မည်သော ပညတ် သည်သာ၍ ကြီးသနည်းဟု မေးလျှောက် သော်၊
37イエスは彼に言われた。 「『心を尽くし、魂を尽くし、思いを尽くして、あなたの神である主を愛しなさい。』
37ယေရှု က၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံးအကြွင်းမဲ့ ဉာဏ် ရှိသမျှ နှင့် ချစ် လော့၊
38これが第一の、最も大切な戒めである。
38ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ် ၏။ ကြီးမြတ် သော ပညတ်လည်း ဖြစ်၏။
39第二もこれと同じように大切である。『隣人を自分自身のように愛しなさい。』
39ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသောဒုတိယ ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ၏။
40律法全体と預言者たちは、この二つの戒めにかかっている。」
40ဤ ပညတ် နှစ် ပါးတို့ကား ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း ရှိသမျှ တို့၏ အချုပ်အခြာ ပင်ဖြစ်သတည်း ဟု မိန့် တော်မူ၏။
41さて、パリサイ人たちが集まっていたとき、イエスは彼らに尋ねられた。
41ဖာရိရှဲ တို့သည် စုဝေး ၍ နေကြစဉ်တွင်ယေရှု က၊ သင် တို့သည် ခရစ်တော် ကို အဘယ်သို့ ထင်မှတ် ကြ သနည်း။
42「あなたがたはキリストについてどう思うか。彼はだれの子か。」 彼らはイエスに、「ダビデの子です」と答えた。
42အဘယ်သူ ၏ သား ဖြစ် သနည်း ဟု မေး တော်မူလျှင်၊ ဒါဝိဒ် ၏သား ဖြစ်သည်ဟု လျှောက် ကြသော်၊
43イエスは彼らに言われた。 「それでは、どうしてダビデは聖霊によって彼を主と呼び、こう言っているのか。
43သို့ဖြစ်လျှင် ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ဝိညာဉ် တော်အားဖြင့် အဘယ်ကြောင့် ခေါ် သနည်း။
44『主は私の主に言われた。 「私の右に座っていなさい。 私があなたの敵をあなたの足台とするまで。」』
44ဒါဝိဒ်၏စကားမှာ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
45ダビデが彼を主と呼んでいるのなら、どうして彼はダビデの子なのか。」
45ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် ၊ အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူသည်ရှိသော်၊
46だれも一言も答えることができず、その日からは、あえてイエスに質問する者は一人もいなかった。
46အဘယ်သူ မျှစကား တစ်ခွန်းကိုပြန် လျှောက်ခြင်းငှာမတတ်နိုင် ကြ။ ထို နေ့ မှစ၍ နောက်တစ်ဖန် အဘယ်သူ မျှမ မေး မလျှောက်ဝံ့ ကြ။
Tip: use the ← and → keys to turn chapters.