Евангелие от Матфея 25
Synodal Translation (Синодальный перевод)Translation
Synodal Translation (Синодальный перевод)
Judson Burmese Bible (1840)
1Тогда подобно будет Царство Небесное десяти девам, которые, взяв светильники свои, вышли навстречу жениху.
1ထိုအခါ ကောင်းကင် နိုင်ငံ တော် သည် ကား၊ မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြု အံ့သောငှာ မီးခွက် ကိုကိုင်ယူ ၍ ထွက်သွား သောသတို့သမီး တစ်ကျိပ် နှင့်တူ ၏။
2Из них пять было мудрых и пять неразумных.
2ထိုသတို့သမီး တို့တွင် ငါး ယောက်သည် ပညာ သတိရှိကြ၏။ ငါး ယောက်မူကား အမိုက် ဖြစ် ကြ၏။
3Неразумные, взяв светильники свои, не взяли с собою масла.
3မိုက် သောသူ တို့သည် မီးခွက် တို့ကိုသာယူ ၍ ဆီ ကို မ ယူ ကြ။
4Мудрые же, вместе со светильниками своими, взяли масла в сосудах своих.
4ပညာ သတိရှိသောသူ တို့မူကား ၊ မီးခွက် နှင့်တကွ ဘူး ၌ ပါသောဆီ ကိုလည်း ယူ ကြ၏။
5И как жених замедлил, то задремали все и уснули.
5မင်္ဂလာဆောင် လုလင်သည် မ လာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်း တို့သည် ငိုက် ၍ အိပ်ပျော် ကြ၏။
6Но в полночь раздался крик: вот, жених идет, выходите навстречу ему.
6သန်းခေါင်ယံ ၌ကြည့် ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြု ခြင်းငှာ ထွက်သွား ကြကုန်ဟု ကြွေးကြော် လျှင် ၊
7Тогда встали все девы те и поправили светильники свои.
7ထို သတို့သမီး အပေါင်း တို့သည် ထ ၍ မီးခွက် များကို ပြင်ဆင် ကြ၏။
8Неразумные же сказали мудрым: дайте нам вашего масла, потому что светильники наши гаснут.
8မိုက် သောသူ တို့က ငါ တို့ဆီမီး သေ ပါပြီ။ သင် တို့ ဆီ ကိုအနည်းငယ်ပေး ပါဟု ပညာရှိ သောသူ တို့အား တောင်း ကြ၏။
9А мудрые отвечали: чтобы не случилось недостатка и у нас и у вас, пойдите лучше к продающим и купите себе.
9ပညာရှိ သောသူ တို့ကလည်း သင်တို့ အဘို့နှင့် ငါ တို့အဘို့ ဆီမ လောက် ။ ထို့ကြောင့်ဆီရောင်း သောသူ ရှိရာ သို့သွား ၍ ကိုယ် သုံးဘို့ဝယ် လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြော ကြ၏။
10Когда же пошли они покупать, пришел жених, и готовые вошли с ним на брачный пир, и двери затворились;
10ထိုသူ တို့သည် ဆီဝယ် သွား သည်အခိုက်တွင် မင်္ဂလာဆောင် လုလင်သည်လာ ၍ ၊ အသင့် ရှိသော သတို့သမီး တို့သည် လုလင် နှင့်အတူ ပွဲ သို့ ဝင် ကြပြီးလျှင် တံခါး ကိုပိတ် ထား၏။
11после приходят и прочие девы, и говорят: Господи! Господи! отвори нам.
11ထိုနောက် ကြွင်း သောသတို့သမီး တို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မ တို့အား တံခါးကိုဖွင့် ပါဟု တောင်းလျှောက် ကြသော်၊
12Он же сказал им в ответ: истинно говорю вам: не знаю вас.
12အရှင် ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင် တို့ကို ငါမ သိ ဟု ပြန်ပြော လေ၏။
13Итак, бодрствуйте, потому что не знаете ни дня, ни часа, в который приидет Сын Человеческий.
13သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
14Ибо Он поступит, как человек, который, отправляясь в чужую страну, призвал рабов своих и поручил им имение свое:
14ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် ၍ မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ် ၊
15и одному дал он пять талантов, другому два, иному один, каждому по его силе; и тотчас отправился.
15တစ်ဦး ၌ အခွက်နှစ်ဆယ် ၊ တစ်ဦး ၌ အခွက်တစ်ဆယ် ကို အပ်ပေး ပြီးမှချက်ခြင်း သွား လေ၏။
16Получивший пять талантов пошел, употребил их в дело и приобрел другие пять талантов;
16အခွက် ငါးဆယ် ကိုခံ သောသူ သည် သွား ၍ကုန်သွယ်ခြင်းကိုပြု သဖြင့် အခြား သောအခွက်ငါးဆယ် ကို အမြတ်ရ လေ၏။
17точно так же и получивший два таланта приобрел другие два;
17ထိုနည်းတူ အခွက်နှစ်ဆယ် ကိုခံသောသူ သည်လည်း၊ အခြား သောအခွက်နှစ်ဆယ် ကို အမြတ်ရ လေ၏။
18получивший же один талант пошел и закопал его в землю и скрыл серебро господина своего.
18အခွက်တစ်ဆယ် ကို ခံ သောသူ မူကား ၊ သွား ၍ မြေ ၌တွင်းတူး ပြီးလျှင် အရှင် ၏ငွေ ကိုဝှက်ထား လေ၏။
19По долгом времени приходит господин рабов тех и требует у них отчета.
19ကာလ ကြာမြင့် ပြီးမှ ထို ငယ်သား တို့၏ အရှင် သည်လာ ၍ သူ တို့ကိုစာရင်း ယူ လေ၏။
20И, подойдя, получивший пять талантов принес другие пять талантов и говорит: господин! пять талантов ты дал мне; вот, другие пять талантов я приобрел на них.
20အခွက် ငါးဆယ် ကို ခံ သောသူ သည်ချဉ်းကပ် ၍ အခြား သောအခွက် ငါးဆယ် ကိုဆက် လျက်၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် ငါးဆယ်ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် ငါးဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေ၏။
21Господин его сказал ему: хорошо, добрый и верный раб! в малом ты был верен, над многим тебя поставлю; войди в радость господина твоего.
21အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
22Подошел также и получивший два таланта и сказал: господин! два таланта ты дал мне; вот, другие два таланта я приобрел на них.
22အခွက် နှစ်ဆယ် ကို ခံသောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် နှစ်ဆယ် ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် နှစ်ဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေသော်၊
23Господин его сказал ему: хорошо, добрый и верный раб! в малом ты был верен, над многим тебя поставлю; войди в радость господина твоего.
23အရှင် က၊ သာဓု သစ္စာရှိ သောငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ ငါအပ်ပေး မည်။ သင် ၏ သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
24Подошел и получивший один талант и сказал: господин! я знал тебя, что ты человек жестокий, жнешь, где не сеял, и собираешь, где не рассыпал,
24အခွက် တစ်ဆယ် ကို ခံ သောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ရိတ် ၍၊ ကိုယ်မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း တတ်သည်ကို အကျွန်ုပ်သိ ၍ ၊
25и, убоявшись, пошел и скрыл талант твой в земле; вот тебе твое.
25ကြောက် သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေ အခွက်တဆယ်ကို မြေ ၌ ဝှက်ထား ပါပြီ။ ယခုကိုယ်တော် ၏ ဥစ္စာ ရှိ ပါသည်ဟု လျှောက် ၏။
26Господин же его сказал ему в ответ: лукавый раб и ленивый! ты знал, что я жну, где не сеял, и собираю, где не рассыпал;
26အရှင် ကလည်း ၊ ဆိုးညစ် ပျင်းရိ သောငယ်သား ၊ ငါသည် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ ရိတ် ၍၊ ကိုယ် မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း သည်ကို သင်သိ သည်မှန်လျှင်၊
27посему надлежало тебе отдать серебро мое торгующим, и я, придя, получил бы мое с прибылью;
27ငါ့ ငွေ ကို ပွဲစား လက်သို့ အပ် ရမည်။ ထိုသို့ အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အတိုး ကိုရ နိုင်၏။
28итак, возьмите у него талант и дайте имеющему десять талантов,
28ထို့ကြောင့် အခွက် တဆယ်ကို ထိုသူ ၏ လက်မှ နှုတ် ကြ။ အခွက် တရာ ရှိ သောသူ ကို ပေး ကြ။
29ибо всякому имеющему дастся и приумножится, а у неимеющего отнимется и то, что имеет;
29အကြောင်းမူကား ၊ အကြင်သူသည်ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိသမျှ ကိုပင် နှုတ် လိမ့်မည်။
30а негодного раба выбросьте во тьму внешнюю: там будет плач и скрежет зубов. Сказав сие, возгласил: кто имеет уши слышать, да слышит!
30အသုံး မရသော ထိုငယ်သား ကိုငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိရာ ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင် တော်မူ၏။
31Когда же приидет Сын Человеческий во славе Своей и все святые Ангелы с Ним, тогда сядет на престоле славы Своей
31လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
32и соберутся пред Ним все народы; и отделит одних от других, как пастырь отделяет овец от козлов;
32ရှေ့ တော်၌ လူမျိုး အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ သိုးထိန်း သည် သိုး နှင့်ဆိတ် တို့ကို အသီးအခြား ခွဲ ၍ ၊
33и поставит овец по правую Свою сторону, а козлов - по левую.
33သိုး တို့ကို လက်ျာ တော်ဘက် ၊ ဆိတ် တို့ကို လက်ဝဲ တော်ဘက် ၌ ထား တော်မူလတံ့။
34Тогда скажет Царь тем, которые по правую сторону Его: приидите, благословенные Отца Моего, наследуйте Царство, уготованное вам от создания мира:
34ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။
35ибо алкал Я, и вы дали Мне есть; жаждал, и вы напоили Меня; был странником, и вы приняли Меня;
35အကြောင်းမူကား ၊ ငါ သည် မွတ်သိပ် သောအခါ သင်တို့သည် ကျွေး ကြ၏။ ငါ သည် ရေငတ် သောအခါ သင်တို့သည် သောက် ဘို့ပေးကြ၏။ ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည်ဧည့်သည် ဝတ်ကို ပြုကြ၏။
36был наг, и вы одели Меня; был болен, и вы посетили Меня; в темнице был, и вы пришли ко Мне.
36ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊
37Тогда праведники скажут Ему в ответ: Господи! когда мы видели Тебя алчущим и накормили? или жаждущим и напоили?
37ဖြောင့်မတ် သောသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ကိုယ်တော်ကို လုပ်ကျွေး ပါသနည်း။ ရေငတ် တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက် ဘို့ပေးပါသနည်း။
38когда мы видели Тебя странником и приняли? или нагим и одели?
38ဧည့်သည် ဖြစ်တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြု ပါသနည်း။ အဝတ် အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ် နှင့်ဖုံးလွှမ်းပါသနည်း။
39когда мы видели Тебя больным или в темнице и пришли к Тебе?
39အနာ စွဲတော်မူသည်ကို၎င်း၊ ထောင် ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ် အခါ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံ တော်သို့ ရောက် ပါသနည်းဟု ပြန် ၍လျှောက်ကြသော် ၊
40И Царь скажет им в ответ: истинно говорю вам: так как вы сделали это одному из сих братьев Моих меньших, то сделали Мне.
40မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။
41Тогда скажет и тем, которые по левую сторону: идите от Меня, проклятые, в огонь вечный, уготованный диаволу и ангелам его:
41ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။
42ибо алкал Я, и вы не дали Мне есть; жаждал, и вы не напоили Меня;
42အကြောင်းမူကား ၊ ငါသည် မွတ်သိပ် သောအခါ သင်တို့သည်မ ကျွေး ၊ ငါသည် ရေငတ် သောအခါ သင် တို့သည် သောက် ဘို့မ ပေး။
43был странником, и не приняли Меня; был наг, и не одели Меня; болен и в темнице, и не посетили Меня.
43ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည် ဧည့်သည် ဝတ်ကိုမ ပြု။ ငါ သည် အဝတ် အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ် နှင့်မ ဖုံးမလွှမ်း။ ငါ သည် အနာ ရောဂါစွဲသောအခါ ၌၎င်း ၊ ထောင် ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မ ကြည့်ရှု မပြုစုဟု မိန့် တော်မူလျှင်၊
44Тогда и они скажут Ему в ответ: Господи! когда мы видели Тебя алчущим, или жаждущим, или странником, или нагим, или больным, или в темнице и не послужили Тебе?
44ထိုသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူခြင်း၊ ရေငတ် တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ် အချည်းစည်းရှိတော်မူခြင်း၊ အနာ စွဲတော်မူခြင်း၊ ထောင် ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ် အခါ၌မြင် ၍ ကိုယ်တော် ကို မ ပြုစု မလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက် ကြသော်၊
45Тогда скажет им в ответ: истинно говорю вам: так как вы не сделали этого одному из сих меньших, то не сделали Мне.
45မင်းကြီးက၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူ တို့တွင် အငယ်ဆုံး သောသူ တစ်ယောက်အား မ ပြု သမျှ တို့ကို ငါ့ အား မ ပြု ကြပြီဟုပြန်၍မိန့် တော်မူလတံ့။
46И пойдут сии в муку вечную, а праведники в жизнь вечную.
46ထိုသူ တို့သည် ထာဝရ အပြစ် ဒဏ်ခံရာသို့ ၎င်း ၊ ဖြောင့်မတ် သောသူ တို့မူကား ၊ ထာဝရ အသက် ရှင်ရာ သို့ ၎င်း သွား ရကြလတံ့ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.