Евангелие от Матфея 9
Synodal Translation (Синодальный перевод)Translation
Synodal Translation (Синодальный перевод)
Judson Burmese Bible (1840)
1Тогда Он, войдя в лодку, переправился обратно и прибыл в Свой город.
1ထိုအခါ ကိုယ်တော်သည် လှေ စီး ၍ ကူး ပြန်သဖြင့်၊ မိမိ မြို့ သို့ ရောက် တော်မူ၏။
2И вот, принесли к Нему расслабленного, положенного на постели. И, видя Иисус веру их, сказал расслабленному: дерзай, чадо! прощаются тебе грехи твои.
2လက်ခြေသေ ၍ အိပ်ရာ ပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြ၏။ ယေရှု သည်ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် လက်ခြေသေ သောသူ အား၊ ငါ့သား မ စိုးရိမ်နှင့်။ သင် ၏အပြစ် ကို လွတ် စေပြီ ဟုမိန့် တော်မူ၏။
3При сем некоторые из книжников сказали сами в себе: Он богохульствует.
3ကျမ်းပြု ဆရာအချို့ တို့က၊ ဤသူ သည်ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင် ကြ၏။
4Иисус же, видя помышления их, сказал: для чего вы мыслите худое в сердцах ваших?
4ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
5ибо что легче сказать: прощаются тебе грехи, или сказать: встань и ходи?
5အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကို လွတ် စေပြီဟု ပြောလွယ်သလော။ သင်ထ ၍ လှမ်းသွား လော့ဟု ပြော လွယ်သလော။
6Но чтобы вы знали, что Сын Человеческий имеет власть на земле прощать грехи, - тогда говорит расслабленному: встань, возьми постель твою и иди в дом твой.
6လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
7И он встал, взял постель свою и пошел в дом свой.
7ထိုသူသည်လည်း ထ ၍ မိမိ အိမ် သို့ သွား လေ၏။
8Народ же, видев это, удивился и прославил Бога, давшего такую власть человекам.
8လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းရှိ၍ ၊ လူ တို့အား ဤသို့သော အခွင့် ကို အပ်ပေး တော်မူသော ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
9Проходя оттуда, Иисус увидел человека, сидящего у сбора пошлин, по имени Матфея, и говорит ему: следуй за Мною. И он встал и последовал за Ним.
9ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ထ ၍ နောက် တော်သို့ လိုက်လေ၏။
10И когда Иисус возлежал в доме, многие мытари и грешники пришли и возлегли с Ним и учениками Его.
10ထိုနောက်မှ အိမ် တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် လာ ၍ ကိုယ်တော် မှစသော တပည့် တော်တို့နှင့်တကွ စားပွဲ၌လျောင်း ကြ၏။
11Увидев то, фарисеи сказали ученикам Его: для чего Учитель ваш ест и пьет с мытарями и грешниками?
11ဖာရိရှဲ တို့သည် မြင် လျှင် တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။
12Иисус же, услышав это, сказал им: не здоровые имеют нужду во враче, но больные,
12ယေရှုသည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကို အလို မ ရှိ ကြ။ နာ သောသူ တို့ သာလျှင် အလိုရှိ ကြ၏။
13пойдите, научитесь, что значит: милости хочу, а не жертвы? Ибо Я пришел призвать не праведников, но грешников к покаянию.
13ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍ သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။
14Тогда приходят к Нему ученики Иоанновы и говорят: почему мы и фарисеи постимся много, а Твои ученики не постятся?
14ထိုအခါ ယောဟန် ၏ တပည့် တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အကျွန်ုပ် တို့နှင့် ဖာရိရှဲ တို့သည် အဖန်တလဲလဲ အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ မ ရှောင်ဘဲ နေကြပါသနည်းဟု လျှောက် ကြ၏။
15И сказал им Иисус: могут ли печалиться сыны чертога брачного, пока с ними жених? Но придут дни, когда отнимется у них жених, и тогда будут поститься.
15ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။
16И никто к ветхой одежде не приставляет заплаты из небеленой ткани, ибо вновь пришитое отдерет от старого, и дыра будет еще хуже.
16အဝတ် ဟောင်း ကို အထည် သစ် နှင့်ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာ သောအထည်သည် အဝတ် ဟောင်းကို စား ၍ အပေါက် ကျယ်တတ်၏။
17Не вливают также вина молодого в мехи ветхие; а иначе прорываются мехи, и вино вытекает, и мехи пропадают, но вино молодое вливают в новые мехи, и сберегается то и другое. -
17၎င်းနည်းဟောင်း သော သားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် ၊ သားရေဘူး သည် စုတ်ကွဲ သဖြင့် ၊ စပျစ်ရည် သည် ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သော စပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ် ပါးစလုံးမ ပျက်စီး ဟု မိန့် တော်မူ၏။
18Когда Он говорил им сие, подошел к Нему некоторый начальник и, кланяясь Ему, говорил: дочь моя теперь умирает; но приди, возложи на нее руку Твою, и она будет жива.
18ထို စကားကို မိန့် တော်မူစဉ် အရာရှိ တစ် ယောက်သည် လာ ၍ ပြပ်ဝပ် လျက်၊ အကျွန်ုပ် ၏ သမီး သည် ယခုပင် သေ ဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့ အပေါ် ၌လက် ကိုတင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက် ၏။
19И встав, Иисус пошел за ним, и ученики Его.
19ယေရှု သည် ထ ၍ တပည့် တော်နှင့်အတူထိုသူ နောက် သို့လိုက်တော်မူ၏။
20И вот, женщина, двенадцать лет страдавшая кровотечением, подойдя сзади, прикоснулась к краю одежды Его,
20ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန်အနာစွဲသောမိန်းမ တစ်ယောက်က၊
21ибо она говорила сама в себе: если только прикоснусь к одежде Его, выздоровею.
21ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု စိတ်ထင် နှင့် နောက် တော်သို့ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကို တို့ လေ၏။
22Иисус же, обратившись и увидев ее, сказал: дерзай, дщерь! вера твоя спасла тебя. Женщина с того часа стала здорова. -
22ယေရှု သည် လှည့် ၍ ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။
23И когда пришел Иисус в дом начальника и увидел свирельщиков и народ в смятении,
23အရာရှိ အိမ် သို့ ရောက် တော်မူ၍ တီးမှုတ် သော သူတို့နှင့် များစွာ သောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင် လျှင် ၊
24сказал им: выйдите вон, ибо не умерла девица, но спит. И смеялись над Ним.
24ဖယ်ရှား ကြလော့။ မိန်းမငယ် သေ သည်မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။
25Когда же народ был выслан, Он, войдя, взял ее за руку, и девица встала.
25ထိုလူ များကို ပြင် သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍၊ မိန်းမငယ် ၏လက် ကို ကိုင် တော်မူသည်တွင် သူသည် ထ လေ၏။
26И разнесся слух о сем по всей земле той.
26ထို သိတင်း စကားသည် တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောလေ၏။
27Когда Иисус шел оттуда, за Ним следовали двое слепых и кричали: помилуй нас, Иисус, сын Давидов!
27ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား တော်မူပါဟု ဟစ်ကြော် ကြ၏။
28Когда же Он пришел в дом, слепые приступили к Нему. И говорит им Иисус: веруете ли, что Я могу это сделать? Они говорят Ему: ей, Господи!
28အိမ် သို့ ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို ယုံ သလော ဟု မေး တော်မူလျှင် ၊ ယုံ ပါ၏သခင် ဟု လျှောက် ကြ၏။
29Тогда Он коснулся глаз их и сказал: по вере вашей да будет вам.
29ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊
30И открылись глаза их; и Иисус строго сказал им: смотрите, чтобы никто не узнал.
30သူ တို့သည် မျက်စိ ပွင့်လင်း လေ၏။ ယေရှု ကလည်း ၊ အဘယ်သူ မျှမသိ စေခြင်းငှာသတိပြု ကြလော့ ဟု မြစ်တား တော်မူ၏။
31А они, выйдя, разгласили о Нем по всей земле той.
31သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောစေ၏။
32Когда же те выходили, то привели к Нему человека немого бесноватого.
32ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ တော်သို့ ဆောင်ခဲ့ ကြ၏။
33И когда бес был изгнан, немой стал говорить. И народ, удивляясь, говорил: никогда не бывало такого явления в Израиле.
33နတ်ဆိုး ကို နှင်ထုတ် တော်မူပြီးမှ ထိုအ သောသူ သည်စကား ပြော၏။ လူ အစုအဝေးတို့သည်လည်း အံ့ဩ ၍၊ ဣသရေလ အမျိုး၌ ဤကဲ့သို့ မ မြင်ရစဖူးဟု ပြောဆို ကြ၏။
34А фарисеи говорили: Он изгоняет бесов силою князя бесовского.
34ဖာရိရှဲ တို့ကလည်း ၊ နတ်ဆိုး အကြီး ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ပြောဆို ကြ၏။
35И ходил Иисус по всем городам и селениям, уча в синагогах их, проповедуя Евангелие Царствия и исцеляя всякую болезнь и всякую немощь в людях.
35ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူ အစုအဝေးတို့ကို မြင် တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ၏။
36Видя толпы народа, Он сжалился над ними, что они были изнурены и рассеяны, как овцы, не имеющие пастыря.
36အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။
37Тогда говорит ученикам Своим: жатвы много, а делателей мало;
37ထိုအခါ ကိုယ်တော် က၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည် နည်း ကြ၏။
38итак молите Господина жатвы, чтобы выслал делателей на жатву Свою.
38ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာ စေလွှတ် တော်မူမည်အကြောင်း ၊ စပါးရှင် ကို ဆုတောင်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.