သုတ္တံကျမ်း။ 31
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1လေမွေလ မင်းကြီး ၏ မယ်တော် သည်သား ကို ဆုံးမ သွန်သင်သော တရား စကား ဟူမူကား၊
1דברי למואל מלך משא אשר יסרתו אמו׃
2ငါ့ သား အဘယ် သို့နည်း။ ငါ ဘွား သောသား ၊ အဘယ် သို့နည်း။ ငါ့ ၏သစ္စာ ဂတိနှင့်ဆိုင်သောသား အဘယ် သို့နည်းဟု မေးမြန်းသော်၊
2מה ברי ומה בר בטני ומה בר נדרי׃
3သင် ၏အစွမ်း သတ္တိကို မိန်းမ တို့အား မ ပေး နှင့်။ ရှင်ဘုရင် တို့ကိုဖျက်ဆီး တတ်သောအရာ၌ သင့် ၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
3אל תתן לנשים חילך ודרכיך למחות מלכין׃
4အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။
4אל למלכים למואל אל למלכים שתו יין ולרוזנים או שכר׃
5သူတို့သည်သောက် လျက် တရား တော်ကို မေ့လျော့ ၍ ၊ ဆင်းရဲသား အမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
5פן ישתה וישכח מחקק וישנה דין כל בני עני׃
6ဆုံး လုသောသူအား သေရည် သေရက်ကို၎င်း၊ စိတ်ညစ် သောသူအား စပျစ်ရည် ကို၎င်း ၊ ပေး လော့။
6תנו שכר לאובד ויין למרי נפש׃
7ထိုသူတို့သည် သောက် ၍ မိမိ ဒုက္ခ ဆင်းရဲကို မ အောက်မေ့ ဘဲ မေ့လျော့ ပါစေ။
7ישתה וישכח רישו ועמלו לא יזכר עוד׃
8ကိုးကွယ် ရာမရှိသော သူ အပေါင်း တို့၏အမှု ကို စောင့်ခြင်းငှါ ၊ စကားအ သောသူတို့ဘက် မှာ နေ၍ပြော လော့။
8פתח פיך לאלם אל דין כל בני חלוף׃
9စကားပြော လျက်၊ တရား သဖြင့်စီရင် လျက် ၊ ဆင်းရဲ ငတ်မွတ် သောသူတို့၏ အမှုကိုစောင့် လော့။
9פתח פיך שפט צדק ודין עני ואביון׃
10သီလ နှင့်ပြည့်စုံသော မိန်းမ ကိုအဘယ်သူ တွေ့ ရ သနည်း။ ထိုသို့သောမိန်းမ သည် ပတ္တမြား ထက် အဘိုး သာ၍ထိုက်ပေ၏။
10אשת חיל מי ימצא ורחק מפנינים מכרה׃
11သူ ၏ခင်ပွန်း သည် သူ့ ကို ယုံ ၍ ၊ ဆင်းရဲ ခြင်းနှင့် ကင်းလွတ် လိမ့်မည်။
11בטח בה לב בעלה ושלל לא יחסר׃
12ထို မယားသည် မိမိ ခင်ပွန်းအကျိုး ကို မ ဖျက် ၊ တသက်လုံး ပြုစု တတ်၏။
12גמלתהו טוב ולא רע כל ימי חייה׃
13သိုးမွေး နှင့် ဝါ ကို ရှာ ၍ ၊ မိမိ လက် နှင့် အလို အလျောက်လုပ် တတ်၏။
13דרשה צמר ופשתים ותעש בחפץ כפיה׃
14ကုန်သည် သင်္ဘော ကဲ့သို့ ဖြစ်၍ ၊ စားစရာ ကို ဝေး သောအရပ်မှ ဆောင် ခဲ့တတ်၏။
14היתה כאניות סוחר ממרחק תביא לחמה׃
15မိုဃ်း မလင်းမှီထ လျက် ၊ အိမ်သူ အိမ်သားတို့အား စားစရာ ကို၎င်း ၊ ကျွန်မ တို့အား အငန်း အတာကို၎င်း ပေး ဝေတတ်၏။
15ותקם בעוד לילה ותתן טרף לביתה וחק לנערתיה׃
16ကောင်းမွန်စွာ ဆင်ခြင် ၍၊ လယ်ကွက် ကိုဝယ် ယူ တတ်၏။ ကိုယ်တိုင် လုပ်၍ရသောငွေနှင့် စပျစ် ဥယျာဉ်ကို ပြုစု တတ်၏။
16זממה שדה ותקחהו מפרי כפיה נטע כרם׃
17မိမိ ခါး ကို ခွန်အား နှင့် စည်း ၍ ၊ မိမိ လက် တို့ကိုသန်မြန် စေတတ်၏။
17חגרה בעוז מתניה ותאמץ זרעותיה׃
18မိမိ လုပ် သောဥစ္စာကောင်း သည်ကို ရိပ်မိ ၍၊ သူ ၏မီးခွက် သည် တညလုံး မ သေ တတ်။
18טעמה כי טוב סחרה לא יכבה בליל נרה׃
19ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ် လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ်၏။
19ידיה שלחה בכישור וכפיה תמכו פלך׃
20ဆင်းရဲ သောသူတို့အား လက် ကိုဖြန့် ၍ ၊ ငတ်မွတ် သောသူတို့အား လက်ရုံး ကိုဆန့် တတ်၏။
20כפה פרשה לעני וידיה שלחה לאביון׃
21မိုဃ်းပွင့် ကျသော်လည်း ၊ မိမိ အိမ်သူ အိမ်သားတို့ အတွက် မ စိုးရိမ်။ အိမ်သူ အိမ်သားအပေါင်း တို့သည် ကတ္တီပါနီ ကို ဝတ် ကြ၏။
21לא תירא לביתה משלג כי כל ביתה לבש שנים׃
22ကိုယ် အဖို့ စောင် တို့ကို ရက် ၍၊ ပိတ်ချော နှင့် မောင်း သောအထည် ကို ဝတ်တတ်၏။
22מרבדים עשתה לה שש וארגמן לבושה׃
23သူ ၏ခင်ပွန်း သည်လည်း မြို့တံခါး တို့၌ ပြည် သားအသက်ကြီး သူတို့နှင့် ထိုင် ၍ ၊ ထင်ရှား သောသူဖြစ် ရ၏။
23נודע בשערים בעלה בשבתו עם זקני ארץ׃
24ချော သောအထည်အလိပ်ကို ရက် ၍ ရောင်း တတ် ၏။ ခါးစည်း တို့ကိုလည်း ကုန်သည် ၌ ချ တတ်၏။
24סדין עשתה ותמכר וחגור נתנה לכנעני׃
25သူ လုပ်သောအထည် အလိပ်သည် ခိုင်ခံ့ ၍ ၊ လှ သောအဆင်းနှင့် ပြည့်စုံသဖြင့် ၊ သူသည်နောင် ကာလ ၌ ဝမ်းမြောက် လိမ့်မည်။
25עז והדר לבושה ותשחק ליום אחרון׃
26ပညာ စကားကို ပြော တတ်၍ ၊ မေတ္တာ တရား အားဖြင့် နှုတ်မြွတ် တတ်၏။
26פיה פתחה בחכמה ותורת חסד על לשונה׃
27အိမ်သူ အိမ်သား ပြုမူ သမျှတို့ကို ကြည့်ရှု တတ် ၏။ ပျင်းရိ ခြင်းအစာ ကို မ စား တတ်၊
27צופיה הליכות ביתה ולחם עצלות לא תאכל׃
28သူ ၏သားသမီး တို့သည်ထ ၍ ၊ အမိ ကို ကောင်းကြီး ပေးတတ်ကြ၏။ သူ ၏ခင်ပွန်း ကလည်း၊
28קמו בניה ויאשרוה בעלה ויהללה׃
29လူမျိုးသမီး အများ တို့သည် ကောင်းမွန် စွာ ပြု ကြ ပြီ။ သို့ရာတွင် ၊ သင် သည် ထိုသူ အပေါင်း တို့ကို လွန်ကဲ ပြီ ဟု သူ့ကို ချီးမွမ်း တတ်၏။
29רבות בנות עשו חיל ואת עלית על כלנה׃
30ယဉ်ကျေး သောအရာသည် လှည့်စား ခြင်းနှင့် ယှဉ်တတ်၏။ လှ သောအဆင်းသည်လည်း အချည်းနှီး ဖြစ် ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော မိန်းမ မူကား၊ ချီးမွမ်း ခြင်းကိုခံရလိမ့်မည်။
30שקר החן והבל היפי אשה יראת יהוה היא תתהלל׃
31ထိုသို့သော မိန်းမ ကျင့် ရာ အကျိုး ကို ပေး လော့။ သူ ပြု သောအမှုသည် မြို့တံခါး တို့၌ သူ ၏အသရေ ကို ထင်ရှားစေသတည်း။
31תנו לה מפרי ידיה ויהללוה בשערים מעשיה׃
Tip: use the ← and → keys to turn chapters.