သုတ္တံကျမ်း။

Old Testament

Chapter 11

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 11

Judson Burmese Bible (1840)
Modern Hebrew Bible
1မ မှန်သောချိန်ခွင် သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန် သောအလေး မူကား ၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
1מאזני מרמה תועבת יהוה ואבן שלמה רצונו׃
2မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။
2בא זדון ויבא קלון ואת צנועים חכמה׃
3ဖြောင့် သောသဘောသည် ဖြောင့်မတ် သောသူတို့ ကိုပဲ့ပြင် တတ်၏။ ကောက် သောသဘောမူကား ၊ လွန်ကျူး သောသူတို့ကို ဖျက်ဆီး တတ်၏။
3תמת ישרים תנחם וסלף בוגדים ושדם׃
4အမျက် ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုး မ ပေးနိုင်။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ်၏။
4לא יועיל הון ביום עברה וצדקה תציל ממות׃
5ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
5צדקת תמים תישר דרכו וברשעתו יפל רשע׃
6ဖြောင့်မတ် သောသူတို့ ၏ဖြောင့်မတ် သော သဘောသည် သူ တို့ကိုကယ်တင် တတ်၏။ လွန်ကျူး သောသူတို့ မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိ တတ်ကြ၏။
6צדקת ישרים תצילם ובהות בגדים ילכדו׃
7ဆိုး သောသူ သည် သေ သောအခါ မြော်လင့် ခြင်း ပျက် တတ်၏။ မတရားသောသူ၏တောင့်တ ခြင်းလည်း ပျက် တတ်၏။
7במות אדם רשע תאבד תקוה ותוחלת אונים אבדה׃
8ဖြောင့်မတ် သောသူသည် ဒုက္ခ ထဲက ထွက်မြောက် ၍ ၊ သူ့ ကိုယ်စား မ တရားသောသူခံရ ၏။
8צדיק מצרה נחלץ ויבא רשע תחתיו׃
9အဓမ္မ လူသည် မိမိနှုတ် ဖြင့် မိမိ အိမ်နီးချင်း ကို ဖျက် တတ်၏။ တရား သောသူမူကား ၊ ပညာ အတတ် အားဖြင့် အမှု လွတ်တတ်၏။
9בפה חנף ישחת רעהו ובדעת צדיקים יחלצו׃
10တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ၊ ကြွေးကြော် ခြင်းရှိ၏။
10בטוב צדיקים תעלץ קריה ובאבד רשעים רנה׃
11တရား သောသူသည် ကောင်းကြီး ပေးသော အားဖြင့် သူ၏နေရာမြို့ သည် ချီးမြှောက် ခြင်းသို့၎င်း၊ မ တရားသောသူ ၏နှုတ် ဖြင့် ဖြိုဖျက် ခြင်းသို့၎င်း ရောက် တတ်၏။
11בברכת ישרים תרום קרת ובפי רשעים תהרס׃
12ပညာမဲ့ သောသူသည် မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ် ကောင်းသောသူ မူကား ၊ တိတ်ဆိတ် စွာ နေတတ်၏။
12בז לרעהו חסר לב ואיש תבונות יחריש׃
13လည် ၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက် အပ်သောအရာကို ဘော်ပြ တတ်၏။ သစ္စာ စောင့်သောသူမူကား ၊ ဝှက်ထား တတ်၏။
13הולך רכיל מגלה סוד ונאמן רוח מכסה דבר׃
14အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။
14באין תחבלות יפל עם ותשועה ברב יועץ׃
15အကျွမ်း မဝင်သောသူ၏ အမှု၌အာမခံ သောသူသည် အလွန် နာလိမ့်မည်။ လက်ဝါးချင်းရိုက် သော အမှုကိုမုန်း သောသူမူကား ၊ စိုးရိမ် စရာမရှိ။
15רע ירוע כי ערב זר ושנא תקעים בוטח׃
16နှစ်သက် ဘွယ်သောမိန်းမ သည် ဂုဏ် အသရေကို၎င်း ၊ ခွန်အား ကြီးသော ယောက်ျားသည် စည်းစိမ် ကို၎င်း ရ တတ်၏။
16אשת חן תתמך כבוד ועריצים יתמכו עשר׃
17သနား တတ်သောသူ သည် မိမိ ကိုယ် ၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ် သောသူမူကား ၊ မိမိ ကိုယ် ကိုပင် နှောင့်ရှက် တတ်၏။
17גמל נפשו איש חסד ועכר שארו אכזרי׃
18မ တရားသောသူပြု သော အမှု သည် အမြဲ မတည်တတ်။ ဖြောင့်မတ် ခြင်းတရားမျိုးစေ့ကို ကြဲ သော သူမူကား ၊ မြဲမြံ သော အကျိုး ကိုခံရလိမ့်မည်။
18רשע עשה פעלת שקר וזרע צדקה שכר אמת׃
19ဖြောင့်မတ် ခြင်း တရား သည် အသက်ရှင် ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက် ကိုလိုက် ရှာသောသူ သည်လည်း ၊ မိမိ သေ ခြင်းတိုင်အောင် လိုက်ရှာတတ်၏။
19כן צדקה לחיים ומרדף רעה למותו׃
20သဘော ကောက် သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့် သောလမ်းသို့ လိုက်သောသူတို့ ကိုကား ၊ နှစ်သက် တော်မူ၏။
20תועבת יהוה עקשי לב ורצונו תמימי דרך׃
21လူဆိုး တို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ် ဒဏ် နှင့်မ လွတ်ရကြ။ ဖြောင့်မတ် သောသူတို့၏ အမျိုးအနွှယ် မူကား လွတ် ရ၏။
21יד ליד לא ינקה רע וזרע צדיקים נמלט׃
22သမ္မာ သတိမရှိ၊ အဆင်း လှသော မိန်းမ သည် ဝက်မ နှာခေါင်း ဖျား၌ တပ်သော ရွှေ တန်ဆာ နှင့်တူ၏။
22נזם זהב באף חזיר אשה יפה וסרת טעם׃
23ဖြောင့်မတ် သောသူသည် မြတ် သောအရာကို သာ တောင့်တ တတ်၏။ မ တရားသောသူမြော်လင့် သော အရာမူကား၊ ဒေါသ အမျက်နှင့် ဆိုင်သတည်း။
23תאות צדיקים אך טוב תקות רשעים עברה׃
24စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
24יש מפזר ונוסף עוד וחושך מישר אך למחסור׃
25စွန့်ကြဲ တတ်သောသူသည် ကြွယ်ဝ လိမ့်မည်။ သူတပါးကို ရေ လောင်းသောသူသည် ကိုယ်တိုင် ရေ လောင်းခြင်း အကျိုး ကိုခံရလိမ့်မည်။
25נפש ברכה תדשן ומרוה גם הוא יורא׃
26စပါး ကိုသိုထား သောသူသည် လူ များကျိန်ဆဲ ခြင်း ကိုခံရလိမ့်မည်။ ရောင်း ချသောသူ၏ခေါင်း ၌ မူကား ၊ ကောင်းကြီး မင်္ဂလာရှိလိမ့်မည်။
26מנע בר יקבהו לאום וברכה לראש משביר׃
27ကောင်း သောအရာကိုကြိုးစား၍ ရှာ သောသူသည် ကျေးဇူး ကိုခံရ လိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါရှာ ကြံသောသူမူကား ၊ ကိုယ် အကျိုးပျက်ခြင်းရှိ လိမ့်မည်။
27שחר טוב יבקש רצון ודרש רעה תבואנו׃
28မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။
28בוטח בעשרו הוא יפל וכעלה צדיקים יפרחו׃
29မိမိ အိမ် ကိုနှောင့်ရှက် သောသူသည် လေ ကို အမွေ ခံရလိမ့်မည်။ မိုက် သောသူသည်လည်း ၊ လိမ္မာ သော သူထံ ၌ ကျွန် ခံရလိမ့်မည်။
29עוכר ביתו ינחל רוח ועבד אויל לחכם לב׃
30ဖြောင့်မတ် သောသူ သီးသော အသီး သည် အသက် ပင် အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ် ကို ရ သောသူသည်လည်း ပညာရှိ ဖြစ်၏။
30פרי צדיק עץ חיים ולקח נפשות חכם׃
31ဖြောင့်မတ် သောသူသော်လည်း မြေကြီး ပေါ် မှာ အပြစ်ဒဏ်ကို ခံရ ၏။ မ တရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား ၊ အဘယ် ဆိုဘွယ်ရာရှိသနည်း။
31הן צדיק בארץ ישלם אף כי רשע וחוטא׃

Tip: use the ← and → keys to turn chapters.