သုတ္တံကျမ်း။ 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ငါ့ သား ၊ သင်သည် သမ္မာ သတိရှိ၍ ၊ သင့် ၏နှုတ်ခမ်း သည် သိပ္ပံ အတတ်ကို စောင့် မည်အကြောင်း၊
1בני לחכמתי הקשיבה לתבונתי הט אזנך׃
2ငါ့ ပညာ ကို မှတ် ကျုံး၍၊ ငါ ပေးသောဉာဏ် သို့ သင့် နား ကို လှည့် လော့။
2לשמר מזמות ודעת שפתיך ינצרו׃
3အကြောင်း မူကား၊ အမျိုး ပျက်သောမိန်းမ၏ နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယိုတတ် ၍ ၊ သူ ပြော သောစကား သည် ဆီ ထက် ချော သော်လည်း၊
3כי נפת תטפנה שפתי זרה וחלק משמן חכה׃
4အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။
4ואחריתה מרה כלענה חדה כחרב פיות׃
5သူ ၏ခြေ တို့သည် သေ ခြင်းသို့ဆင်း ၍၊ သူ သွား ရာလမ်း သည် မရဏာ နိုင်ငံသို့ ရောက်တတ်၏။
5רגליה ירדות מות שאול צעדיה יתמכו׃
6သင်သည်အသက် လမ်း ကို မ ဆင်ခြင် ရအောင်၊ သူ့ ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား မ လည်နိုင်ရ။
6ארח חיים פן תפלס נעו מעגלתיה לא תדע׃
7သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ဟောပြော ချက်တို့ကို မ ပယ် ကြနှင့်။
7ועתה בנים שמעו לי ואל תסורו מאמרי פי׃
8ထိုသို့သောမိန်းမ ကို ဝေး စွာရှောင်သွားလော့။ သူ့ နေရာ တံခါးဝ သို့ မ ချဉ်း နှင့်။
8הרחק מעליה דרכך ואל תקרב אל פתח ביתה׃
9သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၌ ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌ ၎င်း အပ် လိမ့်မည်။
9פן תתן לאחרים הודך ושנתיך לאכזרי׃
10တပါးအမျိုးသား တို့သည် သင် ၏စည်းစိမ် နှင့် ပြည့်ဝ ကြလိမ့်မည်။ သင် လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ် သို့ ရောက်လိမ့်မည်။
10פן ישבעו זרים כחך ועצביך בבית נכרי׃
11နောက်ဆုံး ၌ သင့် အသား ၊ သင့် ကိုယ် ကာယ ဆွေးမြေ့ သောအခါ၊
11ונהמת באחריתך בכלות בשרך ושארך׃
12ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။
12ואמרת איך שנאתי מוסר ותוכחת נאץ לבי׃
13ငါ့ ဆရာ တို့၏ စကား ကို နား မ ထောင်ဘဲ၊ ငါ့ အား သွန်သင် သောသူတို့ ၏စကားကို နား မ ခံဘဲနေလေပြီ တကား။
13ולא שמעתי בקול מורי ולמלמדי לא הטיתי אזני׃
14စည်းဝေး သော ပရိတ်သတ် များအလယ် ၌ ဒုစရိုက် မျိုးကို ကုန်စင် လုသည်တိုင်အောင် ငါပြု လေပြီ တကားဟု မြည်တမ်း ရလိမ့်မည်။
14כמעט הייתי בכל רע בתוך קהל ועדה׃
15ကိုယ် ဆိုင်သော ရေ အိုး ကို သုံး၍ ၊ ကိုယ် ရေတွင်း ထဲက ထွက် သော စမ်းရေကို သောက် လော့။
15שתה מים מבורך ונזלים מתוך בארך׃
16သင် ၏ စမ်းရေ များပြား ၍၊ လမ်း များအနား မှာ စီးသော မြစ် များ ဖြစ်စေလော့။
16יפוצו מעינתיך חוצה ברחבות פלגי מים׃
17တပါး အမျိုးသားနှင့် ပေါင်းဘက်၍ မ ဆိုင်စေဘဲ၊ ကိုယ် တပါး တည်းသာ ဆိုင် စေလော့။
17יהיו לך לבדך ואין לזרים אתך׃
18သင် ၏စမ်းရေ တွင်း၌မင်္ဂလာ ရှိ စေ၍ ၊ အသက် အရွယ် ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယား နှင့်အတူပျော်မွေ့ လော့။
18יהי מקורך ברוך ושמח מאשת נעורך׃
19သူသည်စုံမက် တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မ ကဲ့သို့ဖြစ်၍ ၊ သူ ၏သားမြတ် တို့သည် သင် ၏အလိုဆန္ဒ ကို အစဉ်ပြေစေ၍၊ သူ့ ကိုချစ် သောစိတ် နှင့် အစဉ် ယစ်မူး လျက်နေလော့။
19אילת אהבים ויעלת חן דדיה ירוך בכל עת באהבתה תשגה תמיד׃
20ငါ့ သား ၊ သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။
20ולמה תשגה בני בזרה ותחבק חק נכריה׃
21လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။
21כי נכח עיני יהוה דרכי איש וכל מעגלתיו מפלס׃
22အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။
22עוונותיו ילכדנו את הרשע ובחבלי חטאתו יתמך׃
23သူ သည် အလွန် မိုက် သောကြောင့် မှားယွင်း ၍ ၊ သွန်သင် ခြင်းကို မ ခံရဘဲသေ သွားရလိမ့်မည်။
23הוא ימות באין מוסר וברב אולתו ישגה׃
Tip: use the ← and → keys to turn chapters.