သုတ္တံကျမ်း။

Old Testament

Chapter 8

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 8

Judson Burmese Bible (1840)
Modern Hebrew Bible
1ဉာဏ် ပညာသည်ခေါ် ၍ မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော။
1הלא חכמה תקרא ותבונה תתן קולה׃
2မြင့် သောအရပ် ထိပ် ၌ ၎င်း၊ လမ်း ခရီးအနား ၌ ၎င်း ရပ် နေ၏။
2בראש מרומים עלי דרך בית נתיבות נצבה׃
3ကြီးသောတံခါးဝ ၊ မြို့ တံခါး ၊ အိမ်တံခါး ဝမှာ ကြွေးကြော် ၍၊
3ליד שערים לפי קרת מבוא פתחים תרנה׃
4အချင်းလူ တို့၊ သင် တို့အား ငါခေါ် ၏။ လူ သားတို့ အား အသံ ကို ငါ လွှင့်၏။
4אליכם אישים אקרא וקולי אל בני אדם׃
5ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။
5הבינו פתאים ערמה וכסילים הבינו לב׃
6နားထောင် ကြ။ မြတ် သောစကားကို ငါပြော မည်။ မှန် သောတရားစကားကို ငါ နှုတ်မြွက် မည်။
6שמעו כי נגידים אדבר ומפתח שפתי מישרים׃
7ငါ့ နှုတ်ထွက် စကား သည် သမ္မာ တရားနှင့်သာ ဆိုင်၍ ၊ ငါ့ နှုတ်ခမ်း တို့သည် ဒုစရိုက် ကို စက်ဆုပ် ရွံ့ရှာ၏။
7כי אמת יהגה חכי ותועבת שפתי רשע׃
8ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ၍ ၊ ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။
8בצדק כל אמרי פי אין בהם נפתל ועקש׃
9နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ၍ ၊ ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။
9כלם נכחים למבין וישרים למצאי דעת׃
10ငွေ အရင်၊ ငါ့ နည်း ကို၎င်း၊ မြတ် သောရွှေ အရင် ၊ ပညာ အတတ်ကို၎င်း ခံယူ ကြလော့။
10קחו מוסרי ואל כסף ודעת מחרוץ נבחר׃
11အကြောင်း မူကား၊ ပညာ သည် ပတ္တမြား ထက် သာ၍မြတ် ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
11כי טובה חכמה מפנינים וכל חפצים לא ישוו בה׃
12ငါ့ ဉာဏ် ပညာသည် သမ္မာ သတိနှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အတတ်များကို ဘော် တတ်၏။
12אני חכמה שכנתי ערמה ודעת מזמות אמצא׃
13ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
13יראת יהוה שנאת רע גאה וגאון ודרך רע ופי תהפכות שנאתי׃
14အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ၌ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။
14לי עצה ותושיה אני בינה לי גבורה׃
15ငါ့ အားဖြင့် ရှင် ဘုရင်တို့သည် စိုးစံ ရသောအခွင့်၊ မင်း အရာရှိတို့သည် ဆုံးဖြတ် ရသောအခွင့်ရှိကြ ၏။
15בי מלכים ימלכו ורוזנים יחקקו צדק׃
16ငါ့ အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။
16בי שרים ישרו ונדיבים כל שפטי צדק׃
17ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။
17אני אהביה אהב ומשחרי ימצאנני׃
18ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
18עשר וכבוד אתי הון עתק וצדקה׃
19ငါ ပေးသောအကျိုး သည် ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍မြတ်၏။ ငါ ကြောင့်ရသောအခွန် ဘဏ္ဍာသည် ငွေ တော်ထက် သာ၍မြတ် ၏။
19טוב פריי מחרוץ ומפז ותבואתי מכסף נבחר׃
20ငါသည် ဖြောင့်မတ် ခြင်းလမ်း ၊ တရား သဖြင့် စီရင်ခြင်းလမ်း အလယ် ၌ ရှောက်သွား သည်ဖြစ်၍၊
20בארח צדקה אהלך בתוך נתיבות משפט׃
21ငါ့ ကိုချစ် သောသူတို့ သည် အမွေ ခံရသောအခွင့်နှင့် ၊ သူ တို့ဘဏ္ဍာ တိုက်ပြည့်ဝ စေသော အခွင့်ကို ငါပေးတတ်၏။
21להנחיל אהבי יש ואצרתיהם אמלא׃
22ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။
22יהוה קנני ראשית דרכו קדם מפעליו מאז׃
23မြေကြီး မ ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။
23מעולם נסכתי מראש מקדמי ארץ׃
24နက်နဲ သောပင်လယ်မ ဖြစ်၊ ရေ နှင့်ကြွယ်ဝ သော စမ်းရေ တွင်းမ ဖြစ်မှီ ငါ့ကိုဖြစ် ဘွားစေတော်မူ၏။
24באין תהמות חוללתי באין מעינות נכבדי מים׃
25တောင် ကြီးမ တည် ၊ တောင် ငယ်မဖြစ် မှီ၊
25בטרם הרים הטבעו לפני גבעות חוללתי׃
26မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း ၊ အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
26עד לא עשה ארץ וחוצות וראש עפרות תבל׃
27မိုဃ်းကောင်းကင် ကို ပြင် တော်မူသောအခါ ငါ ရှိ ၏။ သမုဒ္ဒရာ မျက်နှာ ကို ကန့်ကွက် သောအမှု၊
27בהכינו שמים שם אני בחוקו חוג על פני תהום׃
28အထက် မိုဃ်းတိမ် ကို တည် စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေ ပေါက်တို့ကို ခိုင်ခံ့ စေသောအမှု၊
28באמצו שחקים ממעל בעזוז עינות תהום׃
29သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊
29בשומו לים חקו ומים לא יעברו פיו בחוקו מוסדי ארץ׃
30ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံ တော်ပါးတွင် နေ ၍ ၊ အစဉ် မပြတ်မွေ့လျော် တော်မူရာ ဖြစ် ၏။ ရှေ့ တော်၌ အစဉ် မပြတ် ကစား လျက် ၊
30ואהיה אצלו אמון ואהיה שעשעים יום יום משחקת לפניו בכל עת׃
31ဖန်ဆင်းတော်မူသောမြေကြီး တပြင်လုံး တွင် ရွှင်လန်း လျက် ၊ လူ သားတို့နှင့်ပေါင်းဘော်၍ ပျော်ပါး လျက် နေ၏။
31משחקת בתבל ארצו ושעשעי את בני אדם׃
32သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
32ועתה בנים שמעו לי ואשרי דרכי ישמרו׃
33ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ၍ ပညာ ရှိကြလော့။
33שמעו מוסר וחכמו ואל תפרעו׃
34ငါ့ စကားကို ကြား ၍ ငါ့ တံခါး နား မှာ နေ့ တိုင်း စောင့် လျက် ၊ တံခါး တိုင် နားမှာ မြော်လင့် လျက် နေသောသူ သည် မင်္ဂလာ ရှိ၏။
34אשרי אדם שמע לי לשקד על דלתתי יום יום לשמר מזוזת פתחי׃
35ငါ့ ကိုရှာ ၍ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ၏ ကျေးဇူး တော်ကိုလည်း ခံရ ၏။
35כי מצאי מצאי חיים ויפק רצון מיהוה׃
36ငါ့ ကိုပြစ်မှား သော သူမူကား ၊ မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။
36וחטאי חמס נפשו כל משנאי אהבו מות׃

Tip: use the ← and → keys to turn chapters.