ယောဘဝတ္တု။ 28
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ငွေလိုက်သောငွေ ကြောင်းသည် စင်စစ် ရှိ ၏။ လူစစ် တတ်သော ရွှေ နေရာ လည်း ရှိ၏။
1כי יש לכסף מוצא ומקום לזהב יזקו׃
2သံ ကိုမြေကြီး ထဲက တူးယူ တတ်၏။ ကျောက် ကို ချက် ၍ ကြေးနီ ကိုရတတ်၏။
2ברזל מעפר יקח ואבן יצוק נחושה׃
3လူသည် မှောင်မိုက် ကို ပျောက်စေတတ်၏။ အဆုံး တိုင်အောင် ၎င်း မှောင်မိုက် ကျောက် ၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ် တတ်၏။
3קץ שם לחשך ולכל תכלית הוא חוקר אבן אפל וצלמות׃
4တောင် ခြေရင်း၌တွင်းတူး၍၊ ခြေ ဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူ နေရာကို စွန့် သွားတတ်၏။
4פרץ נחל מעם גר הנשכחים מני רגל דלו מאנוש נעו׃
5မြေ သည်စားစရာ ကို ပေး တတ်သော်လည်း ၊ အောက် အရပ်၌ မီး ဖြင့်ပျက်သကဲ့သို့ အပျက် ခံရ၏။
5ארץ ממנה יצא לחם ותחתיה נהפך כמו אש׃
6သူ ၏ကျောက် တို့သည် ကျောက် နီနေရာ ဖြစ်၏။ မြေမှုန့် လည်း ရွှေ ဖြစ်၏။
6מקום ספיר אבניה ועפרת זהב לו׃
7အဘယ်ငှက် မျှမ သိ ၊ လင်းတ မျက်စိ လည်း မ မြင် သေးသော လမ်း ရှိ၏။
7נתיב לא ידעו עיט ולא שזפתו עין איה׃
8ထိုလမ်းကိုသားရဲ မ နင်း ၊ ခြင်္သေ့ မ ရှောက် သေး။
8לא הדריכהו בני שחץ לא עדה עליו שחל׃
9လူသည်ကျောက် ပေါ် မှာလက် တင် ၍၊ တောင် တို့ ကို ခြေရင်း တိုင်အောင် မှောက် တတ်၏။
9בחלמיש שלח ידו הפך משרש הרים׃
10ကျောက် တို့တွင် ရေစီးစေတတ်၏။ သူ ၏မျက်စိ သည် ထူးဆန်း သောအရာရှိသမျှ တို့ကို ကြည့် မြင် တတ်၏။
10בצורות יארים בקע וכל יקר ראתה עינו׃
11စီးသောရေ ကို တဖန်ဖြတ်၍၊ ဝှက်ထား သော အရာတို့ကို ထုတ်ဘော် တတ်၏။
11מבכי נהרות חבש ותעלמה יצא אור׃
12သို့ရာတွင် ၊ ပညာ ကိုအဘယ် မှာ တွေ့ ရလိမ့်မည်နည်း။ ဉာဏ် သည်လည်း အဘယ် အရပ် ၌ နေသနည်း။
12והחכמה מאין תמצא ואי זה מקום בינה׃
13ဉာဏ်ပညာအဘိုး ကို လူ မ သိ နိုင်။ အသက် ရှင်သောသူတို့ ၏ နေရာ ၌ ရှာ ၍ မ တွေ့နိုင်။
13לא ידע אנוש ערכה ולא תמצא בארץ החיים׃
14နက်နဲ သော အရပ်ကငါ ၌ မ ရှိ။ ပင်လယ် ကလည်း ၊ ငါ ၌ မ ရှိဟုဆို တတ်၏။
14תהום אמר לא בי היא וים אמר אין עמדי׃
15ရွှေစင် ကိုပေး ၍ပညာကိုမ ရ။ ငွေ ကိုချိန် ၍ ပညာအဘိုး ကို မ မှီနိုင်။
15לא יתן סגור תחתיה ולא ישקל כסף מחירה׃
16ဩဖိရ ရွှေ ၊ မြတ် သောရှဟံ ကျောက်၊ နီလာ ကျောက်နှင့် ဝယ် သော်လည်းမ ရနိုင်။
16לא תסלה בכתם אופיר בשהם יקר וספיר׃
17ရွှေ ဖြစ်စေ ၊ ကျောက် သလင်းဖြစ်စေမ မှီ နိုင်။ ရွှေစင် တန်ဆာ များနှင့်ဖယ်လှည် ၍မရနိုင်။
17לא יערכנה זהב וזכוכית ותמורתה כלי פז׃
18သန္တာ နှင့် ပုလဲ ကိုပြော စရာမ ရှိ။ ပညာ သည် ပတ္တမြား ထက် သာ၍အဘိုး ကြီး၏။
18ראמות וגביש לא יזכר ומשך חכמה מפנינים׃
19ကုရှ ဥဿဘယား သည် မ မှီ နိုင်။ အမြတ် ဆုံးသော ရွှေ နှင့် ဝယ် ၍ မ ရနိုင်။
19לא יערכנה פטדת כוש בכתם טהור לא תסלה׃
20သို့ဖြစ်၍ ၊ ပညာ သည် အဘယ် က လာ သနည်း။ ဉာဏ် သည် အဘယ် ဆီမှာနေရာ ကျသနည်း။
20והחכמה מאין תבוא ואי זה מקום בינה׃
21အသက် ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့် ၍မမြင်နိုင်။ မိုဃ်း ကောင်းကင်ငှက် တို့သည် ရှာ ၍ မတွေ့နိုင်။
21ונעלמה מעיני כל חי ומעוף השמים נסתרה׃
22အဗဒ္ဒုန် မင်းနှင့် သေမင်း တို့က၊ ပညာ၏သိတင်း ကို နား နှင့် ကြား ရုံမျှသာရှိသည်ဟု ဆို တတ်ကြ၏။
22אבדון ומות אמרו באזנינו שמענו שמעה׃
23ဘုရား သခင်သာလျှင်ပညာလမ်း ကို နားလည် တော်မူ၏။ ပညာနေရာ အရပ်ကို သိ တော်မူ၏။
23אלהים הבין דרכה והוא ידע את מקומה׃
24-
24כי הוא לקצות הארץ יביט תחת כל השמים יראה׃
25လေ ကိုချိန် လျက်၊ ရေ ကိုလည်းခြင် လျက်၊ မြေကြီး စွန်း တိုင်အောင် ကြည့်ရှု ၍၊ ကောင်းကင် အောက် ၌ရှိသမျှ တို့ကို မြင် တော်မူ၏။
25לעשות לרוח משקל ומים תכן במדה׃
26မိုဃ်းရွာ မှုကို စီရင်၍၊ မိုဃ်းကြိုး လျှပ်စစ်ပြက်ရာ လမ်း ကို ဖန်ဆင်း သောအခါ၊
26בעשתו למטר חק ודרך לחזיז קלות׃
27ပညာကိုမြင် ၍ ဘော်ပြ တော်မူ၏။ ပညာတရားကို ထား ၍ စုံစမ်း တော်မူ၏။
27אז ראה ויספרה הכינה וגם חקרה׃
28လူ တို့အား လည်း ထာဝရ ဘုရားကို ကြောက်ရွံ့ ခြင်းသည် ပညာ ဖြစ်ကြောင်းနှင့် ၊ ဒုစရိုက် ကို ရှောင် ခြင်း သည် ဉာဏ် ဖြစ်ကြောင်းကို မိန့် တော်မူပြီဟုမြွက်ဆို၏။
28ויאמר לאדם הן יראת אדני היא חכמה וסור מרע בינה׃
Tip: use the ← and → keys to turn chapters.