ယောဘဝတ္တု။

Old Testament

Chapter 26
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 26

Judson Burmese Bible (1840)
Modern Hebrew Bible
1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
1ויען איוב ויאמר׃
2သင်သည်အားနည်း သောသူကို အဘယ်သို့ မစ သနည်း။ လက် ကျ သောသူကို အဘယ်သို့ထောက်ပင့် သနည်း။
2מה עזרת ללא כח הושעת זרוע לא עז׃
3မိုက် သောသူကို အဘယ်သို့ အကြံ ပေးသနည်း။ ထူးဆန်း သော ပညာ ကို အဘယ်သို့ပြ သနည်း။
3מה יעצת ללא חכמה ותושיה לרב הודעת׃
4ဤစကား ကို အဘယ်သူ အားမြွက်ဆို သနည်း။ အဘယ်သူ ၏ ဝိညာဉ် အားဖြင့်ဟောပြောသနည်း။
4את מי הגדת מלין ונשמת מי יצאה ממך׃
5အောက် အရပ်၌ သင်္ချိုင်း သားတို့နှင့်တကွရေ များနှင့် ရေ၌ နေ သောသူများတို့သည် တုန်လှုပ် ကြ၏။
5הרפאים יחוללו מתחת מים ושכניהם׃
6မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။
6ערום שאול נגדו ואין כסות לאבדון׃
7မိုဃ်းကောင်းကင်ကို လွတ်လပ် လဟာ၌ ကြက် တော်မူ၏။ မြေကြီး ကိုအခုအခံမ ရှိ ဆွဲထား တော်မူ၏။
7נטה צפון על תהו תלה ארץ על בלי מה׃
8ထူထပ်သော မိုဃ်းတိမ် တော်နှင့် ရေ ကို ထုပ် တော်မူ၍၊ မိုဃ်းတိမ် သည် မ စုတ် မပြတ်နေ၏။
8צרר מים בעביו ולא נבקע ענן תחתם׃
9မိုဃ်းတိမ် တော်ကို ဖြန့် ၍ ပလ္လင် တော်မျက်နှာ ကို ဖုံးအုပ် တော်မူ၏။
9מאחז פני כסה פרשז עליו עננו׃
10အလင်း နှင့် အမိုက် ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
10חק חג על פני מים עד תכלית אור עם חשך׃
11ဆုံးမ တော်မူခြင်းကြောင့် ၊ မိုဃ်း ကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမော တွေဝေလျက်နေကြ၏။
11עמודי שמים ירופפו ויתמהו מגערתו׃
12တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။
12בכחו רגע הים ובתובנתו מחץ רהב׃
13ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။
13ברוחו שמים שפרה חללה ידו נחש בריח׃
14ဤ ရွှေ့ကား၊ အမှု တော်အရိပ်အမြွက်သာဖြစ်၏။ စကား တော် အသံအနည်းငယ် ကိုသာ နားကြား ရ၏။ တန်ခိုး တော်မိုဃ်းကြိုး သံကို အဘယ်သူ နားလည် နိုင် သနည်းဟု မြွက်ဆို ၏။
14הן אלה קצות דרכו ומה שמץ דבר נשמע בו ורעם גבורתו מי יתבונן׃

Tip: use the ← and → keys to turn chapters.