ယောဘဝတ္တု။

Old Testament

Chapter 36
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 36

Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ဧလိဟု ဆက် ၍မြွက်ဆို သည်ကား၊
1ויסף אליהוא ויאמר׃
2ငါ့ ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြ ဦးမည်။ ဘုရား သခင့်အဘို့ ပြော စရာရှိသေး၏။
2כתר לי זעיר ואחוך כי עוד לאלוה מלים׃
3ငါသည်ဝေး သော အရပ်က ကိုယ် ပညာ ကို ဆောင် ခဲ့မည်။ ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသခင် သည်ဖြောင့်မတ် တော်မူကြောင်းကို ငါပြ မည်။
3אשא דעי למרחוק ולפעלי אתן צדק׃
4အကယ် စင်စစ်မ မှန်သောစကား ကို ငါမ ပြော။ ပညာ အတတ် စုံလင် သောသူသည် သင် ၌ ရှိ၏။
4כי אמנם לא שקר מלי תמים דעות עמך׃
5ဘုရား သခင်သည် တန်ခိုး ကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင် ပြုတော်မ မူတတ်။ အစွမ်း သတ္တိ၊ ဉာဏ် သတ္တိနှင့်ပြည့်စုံတော်မူ၏။
5הן אל כביר ולא ימאס כביר כח לב׃
6မ တရားသောသူတို့၏ အသက် ကို စောင့်တော်မ မူ။ ဆင်းရဲ ခံရသောသူတို့ဘက်၌ တရား စီရင်တော်မူ၏။
6לא יחיה רשע ומשפט עניים יתן׃
7ဖြောင့်မတ် သောသူတို့ကို ပမာဏ မပြုဘဲ နေ တော်မ မူ။ ရှင်ဘုရင် နှင့်အတူ ရာဇ ပလ္လင်ပေါ် မှာ ထာဝရ နေရာ ချ၍ ချီးမြှောက် တော်မူ၏။
7לא יגרע מצדיק עיניו ואת מלכים לכסא וישיבם לנצח ויגבהו׃
8သူတို့သည်အကျဉ်း နေ၍ ဒုက္ခ ကြိုး နှင့် ချည်နှောင် ခြင်းကိုခံရလျှင်၊
8ואם אסורים בזקים ילכדון בחבלי עני׃
9သူ တို့ပြုမိသောအမှု နှင့် ပြစ်မှားလွန်ကျူးမိသော အပြစ် များတို့ကို ပြ တော်မူ၏။
9ויגד להם פעלם ופשעיהם כי יתגברו׃
10ဆုံးမ သောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက် ကိုစွန့် စေမည်အကြောင်း ပညတ် တော်မူ၏။
10ויגל אזנם למוסר ויאמר כי ישבון מאון׃
11စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက် လျှင် ၊ စည်းစိမ် ချမ်းသာနှင့် ပျော်မွေ့ လျက်၊ နှစ် လနေ့ ရက်ကာလကို လွန် စေတတ်ကြ၏။
11אם ישמעו ויעבדו יכלו ימיהם בטוב ושניהם בנעימים׃
12နား မ ထောင်လျှင် ထား ဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မ ရှိဘဲ သေ တတ်ကြ၏။
12ואם לא ישמעו בשלח יעברו ויגועו בבלי דעת׃
13အဓမ္မ သဘော ရှိသောသူတို့သည် အမျက် တော်ကို သိုထား တတ်ကြ၏။ ချည်နှောင် တော်မူသောအခါ မ အော်ဟစ် တတ်ကြ။
13וחנפי לב ישימו אף לא ישועו כי אסרם׃
14အသက် ငယ် စဉ် ကပင်သေ ၍ ၊ ဆိုးညစ် သောသူတို့ နှင့်အတူ ဆုံးတတ်ကြ၏။
14תמת בנער נפשם וחיתם בקדשים׃
15အမှု ရောက်သောဆင်းရဲသား တို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲ ခြင်းကိုခံရသောအခါ ၊ နားထောင် စေ ခြင်းငှါပြုတော်မူ၏။
15יחלץ עני בעניו ויגל בלחץ אזנם׃
16ထိုသို့သင့် ကိုလည်း ကျဉ်းမြောင်း သောအရပ် မှ ကျယ်ဝန်း ရှင်းလင်း သောအရပ်သို့ပြောင်း စေ၍၊ သင် ၏ စားပွဲ ပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံ သော ခဲဘွယ် စားဘွယ်ကို တင် ထားတော်မူလိမ့်မည်။
16ואף הסיתך מפי צר רחב לא מוצק תחתיה ונחת שלחנך מלא דשן׃
17သို့မဟုတ်မ တရားသော သူကဲ့သို့အပြစ်နှင့် ပြည့်စုံ လျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
17ודין רשע מלאת דין ומשפט יתמכו׃
18အမျက် တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်းကိုယ်ကို မရွေးမနှုတ်နိုင်။
18כי חמה פן יסיתך בספק ורב כפר אל יטך׃
19သင် ၏ဥစ္စာ ကို ပမာဏ ပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်းပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။
19היערך שועך לא בצר וכל מאמצי כח׃
20ညဉ့် ကိုမ တောင့်တ နှင့်။ ညဉ့်အခါလူ တို့သည် ပယ်ရှင်း ခြင်းကိုခံရတတ်ကြ၏။
20אל תשאף הלילה לעלות עמים תחתם׃
21သတိပြု ပါ။ မ တရားသောအမှုကို မ ငဲ့ကွက် နှင့်။ ထိုသို့ သော အမှုကို ဆင်းရဲ ခြင်းထက် သင်သည် အလို ရှိ လေပြီတကား။
21השמר אל תפן אל און כי על זה בחרת מעני׃
22ဘုရား သခင်သည် တန်ခိုး တော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ် နိုင်သနည်း။
22הן אל ישגיב בכחו מי כמהו מורה׃
23ကြွတော်မူရသောလမ်း ကို အဘယ်သူ စီရင် သနည်း။ ကိုယ်တော်သည် မ တရားသောအမှုကို ပြု မိပြီဟု အဘယ်သူ ဆို ရာသနည်း။
23מי פקד עליו דרכו ומי אמר פעלת עולה׃
24လူ တို့သည် ချီးမွမ်း အပ်သော အမှု တော်ကို ချီးမြှောက် ခြင်းငှါ သတိပြု လော့။
24זכר כי תשגיא פעלו אשר שררו אנשים׃
25လူ ခပ်သိမ်း တို့သည် အမှုတော်ကို မြင် ကြ၏။ အဝေး က ကြည့်ရှု တတ်ကြ၏။
25כל אדם חזו בו אנוש יביט מרחוק׃
26ဘုရား သခင်သည် ကြီးမြတ် တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မ သိ နိုင်။ အသက် တော်နှစ်ပေါင်း ကို စစ် ၍မ ကုန်နိုင်ကြ။
26הן אל שגיא ולא נדע מספר שניו ולא חקר׃
27ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
27כי יגרע נטפי מים יזקו מטר לאדו׃
28မိုဃ်းတိမ် မှ လူ တို့အပေါ် သို့ မိုဃ်း ပေါက်ကျ၍၊ များစွာ သော မိုဃ်း ရွာတတ်၏။
28אשר יזלו שחקים ירעפו עלי אדם רב׃
29မိုဃ်းတိမ် တော်နှံ့ပြား ခြင်း၊ တဲ တော်အသံ မြည် ခြင်းကို အဘယ်သူနားလည် သနည်း။
29אף אם יבין מפרשי עב תשאות סכתו׃
30တဲတော်အပေါ် မှာ အလင်း တော်ကို ဖြန့် တော်မူ၏။ သမုဒ္ဒရာ ၌ အနက်ဆုံး သောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
30הן פרש עליו אורו ושרשי הים כסה׃
31ထိုသို့သောအားဖြင့် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ များစွာ သော အစာ အာဟာရကိုလည်း ပေး တော်မူ၏။
31כי בם ידין עמים יתן אכל למכביר׃
32အလင်း ကိုလက် တော်နှင့် ကွယ်ကာ ၍ ၊ တဖန် ရန်သူရှိရာသို့ လွှတ် တော်မူ၏။
32על כפים כסה אור ויצו עליה במפגיע׃
33ထိုသူမှစသောတိရစ္ဆာန် များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။
33יגיד עליו רעו מקנה אף על עולה׃

Tip: use the ← and → keys to turn chapters.