ယောဘဝတ္တု။ 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုအမှုအရာအလုံးစုံ တို့ကို ငါ့ မျက်စိ သည် မြင် ပြီ။ ငါ့ နား သည်လည်း ကြား ၍ နားလည် ပြီ။
1הן כל ראתה עיני שמעה אזני ותבן לה׃
2သင် တို့သိ သမျှကို ငါသိ ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။
2כדעתכם ידעתי גם אני לא נפל אנכי מכם׃
3အနန္တ တန်ခိုးရှင်အား ငါ လျှောက် ရသောအခွင့်၊ ဘုရား သခင်နှင့် ငါဆွေးနွေး ရသောအခွင့်ရှိ ပါစေသော။
3אולם אני אל שדי אדבר והוכח אל אל אחפץ׃
4သင် တို့သည် တယောက်မျှမကြွင်း၊ မုသာ ကို ပြုပြင် သောသူ၊ အသုံး မရသောဆေးသမား ဖြစ်ကြ၏။
4ואולם אתם טפלי שקר רפאי אלל כלכם׃
5သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ် စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိ ကဲ့သို့ ဖြစ် ကြလိမ့်မည်။
5מי יתן החרש תחרישון ותהי לכם לחכמה׃
6ငါ ပြောမည်အကျိုး အကြောင်းစကားကို နားထောင် ကြပါလော့။ ငါ့ နှုတ် နှင့် ဆွေးနွေး နှီးနှောမည့် စကားကို နှလုံးသွင်း ကြပါလော့။
6שמעו נא תוכחתי ורבות שפתי הקשיבו׃
7သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရား သခင့်ဘက် ၌ ပြော ချင်သလော။ ဘုရား သခင့်ဘက် ၌နေ၍ မုသာ ကိုသုံးချင်သလော။
7הלאל תדברו עולה ולו תדברו רמיה׃
8မျက်နှာ တော်ကိုထောက် လျက်သာ၊ ဘုရား သခင့်ဘက် ၌နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။
8הפניו תשאון אם לאל תריבון׃
9သင် တို့ကိုကျပ်တည်းစွာ စစ် တော်မူလျှင် ၊ သင်တို့၌ ကျေးဇူး ရှိလိမ့်မည်လော။ လူ ကို လှည့်စား သကဲ့သို့ ဘုရား သခင်ကို လှည့်စားနိုင်သလော။
9הטוב כי יחקר אתכם אם כהתל באנוש תהתלו בו׃
10သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာ ကို ထောက် လျှင် ၊ စင်စစ်သင် တို့ကို ဆုံးမ တော်မူမည်။
10הוכח יוכיח אתכם אם בסתר פנים תשאון׃
11သင် တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မ ကြောက် ကြသလော။ ကြောက်မက် ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
11הלא שאתו תבעת אתכם ופחדו יפל עליכם׃
12သင် တို့၏နည်း ဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင် တို့ခိုလှုံသောမြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ ဖြစ်၏။
12זכרניכם משלי אפר לגבי חמר גביכם׃
13တိတ်ဆိတ် စွာနေ၍ ငါပြော ပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက် ပါလေစေ။
13החרישו ממני ואדברה אני ויעבר עלי מה׃
14သို့သော်လည်းငါသည် ကိုယ် အသား ကို ပစပ် နှင့် ကိုက်ချီ လျက်၊ ကိုယ် အသက် ကိုလည်း လက် နှင့် ကိုင် လျက် ဆောင်သွားမည်။
14על מה אשא בשרי בשני ונפשי אשים בכפי׃
15ငါ့ ကိုသတ် တော်မူ၍၊ ငါမြော်လင့် စရာမရှိသော်လည်း ၊ ရှေ့ တော်၌ ကိုယ်အပြစ် ဖြေရာစကားကို ငါလျှောက်ထားမည်။
15הן יקטלני לא איחל אך דרכי אל פניו אוכיח׃
16ထိုသို့ ပြုလျှင် ငါ ၏ကယ်တင် ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မ လူသည် အထံ တော်သို့ မ ဝင် ရ။
16גם הוא לי לישועה כי לא לפניו חנף יבוא׃
17ငါ့ စကား ကို စေ့စေ့မှတ် ကြလော့။ ငါ့ လျှောက် ထားချက်ကို နားထောင် ကြလော့။
17שמעו שמוע מלתי ואחותי באזניכם׃
18ယခု ငါ့အမှု ကို ငါပြင်ဆင် ပြီ။ ငါ ၌အပြစ် လွတ်ခြင်းထင်ရှားမည်ဟု ငါသိ ၏။
18הנה נא ערכתי משפט ידעתי כי אני אצדק׃
19ငါ့ အပြစ် ကို ဘော်ပြမည့်သူကား၊ အဘယ် သူနည်း။ ထိုသို့ ဘော်ပြလျှင် ငါသည် တိတ်ဆိတ် စွာနေ၍ အသေခံ ပါမည်။
19מי הוא יריב עמדי כי עתה אחריש ואגוע׃
20ဒဏ်ခတ် ခြင်းနှစ်ပါး ကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော် ကို မ ရှောင် ပါ။
20אך שתים אל תעש עמדי אז מפניך לא אסתר׃
21လက် တော်ကိုသိမ်း တော်မူပါ။ ကြောက်မက် ဘွယ်သော အခြင်းအရာတော်အားဖြင့်အကျွန်ုပ် ကို ချောက် တော်မ မူပါနှင့်။
21כפך מעלי הרחק ואמתך אל תבעתני׃
22ထိုအခါ ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက် ပါမည်။ ကိုယ်တော်အမိန့် ရှိတော်မူပါ။
22וקרא ואנכי אענה או אדבר והשיבני׃
23အကျွန်ုပ် ပြုမိသော ဒုစရိုက် အပြစ်တို့သည် အဘယ် မျှလောက်များပါသနည်း။ အကျွန်ုပ် ပြစ်မှား ကျူးလွန်ခြင်းအပြစ် တို့ကို အကျွန်ုပ် အား ပြ တော်မူပါ။
23כמה לי עונות וחטאות פשעי וחטאתי הדיעני׃
24ကိုယ်တော် သည် မျက်နှာ တော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ရန်သူ ကဲ့သို့ မှတ် တော်မူသနည်း။
24למה פניך תסתיר ותחשבני לאויב לך׃
25လေ တိုက်သော သစ်ရွက် ကို ချောက် လှန့်တော်မူမည် လော။ မြက် ခြောက် ကို မှီအောင်လိုက် တော်မူမည် လော။
25העלה נדף תערוץ ואת קש יבש תרדף׃
26အကျွန်ုပ် ၌ ပြင်းစွာ သောအပြစ်တင်သော စကားကိုမှတ် ထားတော်မူ၏။ အကျွန်ုပ် အသက် ငယ်စဉ်တွင် ပြုမိသောအပြစ် ကြောင့် ယခုခံ စေတော်မူ၏။
26כי תכתב עלי מררות ותורישני עונות נעורי׃
27အကျွန်ုပ် ကိုထိတ်ခတ် လျက်၊ အကျွန်ုပ် ထွက်ရာ လမ်း ရှိသမျှ ကို စောင့် လျက်နေ၍ ၊ အကျွန်ုပ် ပတ်လည်၌ စည်း လုပ်တော်မူ၏။
27ותשם בסד רגלי ותשמור כל ארחותי על שרשי רגלי תתחקה׃
28ထိုသို့ ခံရသောသူ သည် ဆွေးမြေ့ သောအရာကဲ့သို့ ၎င်း၊ ပိုးရွ ကိုက်စား သောအဝတ် ကဲ့သို့ ၎င်း အားလျော့ ပျက်ရပါ၏။
28והוא כרקב יבלה כבגד אכלו עש׃
Tip: use the ← and → keys to turn chapters.