ယောဘဝတ္တု။ 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊
1ויען בלדד השחי ויאמר׃
2ဤစကား သည် အဘယ် အခါမှ ပြတ် လိမ့်မည်နည်း။ သတိပြု ကြ။ သို့မှသာ ငါတို့သည် စကား ပြောကြ မည်။
2עד אנה תשימון קנצי למלין תבינו ואחר נדבר׃
3သင်သည်ငါတို့ကို တိရစ္ဆာန် ကဲ့သို့ အဘယ်ကြောင့် မှတ် သနည်း။ အဘယ်ကြောင့်မထီမဲ့မြင်ပြု သနည်း။
3מדוע נחשבנו כבהמה נטמינו בעיניכם׃
4အမျက် ထွက်၍ မိမိ ကိုယ်ကို ကိုက် ဖြတ်သောသူ၊ သင့် အတွက် မြေကြီး ကိုစွန့်ပစ် ရမည်လော။ ကျောက် သည် မိမိ နေရာ မှ ရွေ့ ရမည်လော။
4טרף נפשו באפו הלמענך תעזב ארץ ויעתק צור ממקמו׃
5အကယ်စင်စစ်ဆိုး သောသူ၏ အလင်း သည် ကွယ် လိမ့်မည်။ သူ ၏မီး လျှံ မ တောက် ရ။
5גם אור רשעים ידעך ולא יגה שביב אשו׃
6သူ ၏နေရာ အလင်း လည်း မှောင်မိုက် ဖြစ်လိမ့်မည်။ သူ ၏ဆီမီး လည်း သေ လိမ့်မည်။
6אור חשך באהלו ונרו עליו ידעך׃
7ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။
7יצרו צעדי אונו ותשליכהו עצתו׃
8ပိုက် ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်း ပေါ် မှာ နင်း တတ်၏။
8כי שלח ברשת ברגליו ועל שבכה יתהלך׃
9ဂိုင်းပြုတ်၍ ခြေ ကို မိ သဖြင့် ကျော့ကွင်း နှင့် မ ကျွတ်နိုင်ဘဲ နေရ၏။
9יאחז בעקב פח יחזק עליו צמים׃
10မြေ ၌ ဂျမ်းကြိုး ကို သူ့အဘို့ ဝှက်ထား လျက်၊ သူသွားရာလမ်း ၌ ထောင်ချောက် ကို ပြင်လျက်ရှိ၏။
10טמון בארץ חבלו ומלכדתו עלי נתיב׃
11ကြောက်မက် ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက် နှင့်ကြလိမ့်မည်။
11סביב בעתהו בלהות והפיצהו לרגליו׃
12သူသည် ငတ်မွတ် သောအားဖြင့် အားလျော့လျက်၊ ပျက်စီး ခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
12יהי רעב אנו ואיד נכון לצלעו׃
13ထိုဘေးသည် သူ ၏အရိုးတို့ကို ကိုက် ခဲ၍၊ သေမင်း ၏သား ဦးသည် သူ ၏ခွန်အား ကို မျို လိမ့်မည်။
13יאכל בדי עורו יאכל בדיו בכור מות׃
14သူ ခိုလှုံ ရာအကြောင်းကို သူ ၏နေရာ မှ ပယ်ရှင်း ၍၊ သူ့ကိုယ်ကို ဘေးဒဏ် တို့၏ ရှင် ဘုရင်ထံသို့ ဆောင် သွား ရ၏။
14ינתק מאהלו מבטחו ותצעדהו למלך בלהות׃
15သူ ၏နေရာ ၌ အရှင်မ ရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ် မှာ ကန့် ဖြူးလျက်ရှိလိမ့်မည်။
15תשכון באהלו מבלי לו יזרה על נוהו גפרית׃
16သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
16מתחת שרשיו יבשו וממעל ימל קצירו׃
17မြေ ပေါ် မှာသူ့ ကို အောက်မေ့ စရာအမှတ် ပျောက်ပျက် ၍၊ ပွဲသဘင်၌ သူ ၏နာမ ကို အဘယ်သူမျှမ ခေါ်မပြော။
17זכרו אבד מני ארץ ולא שם לו על פני חוץ׃
18သူ့ ကိုအလင်း ထဲက မှောင်မိုက် ထဲသို့ မောင်း ၍ လူ့ ပြည်မှ နှင်ထုတ်ရ၏။
18יהדפהו מאור אל חשך ומתבל ינדהו׃
19သူ့ အမျိုး တွင် သူ့ သား မြေး မ ရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မ ကျန်ရစ် ရ။
19לא נין לו ולא נכד בעמו ואין שריד במגוריו׃
20သူ ၏လက်ထက် ၌ ရှိသောသူတို့ သည် ထိတ်လန့် သကဲ့သို့၊ သူ့နောက် ၌ဖြစ်သောသူတို့ သည် သူ၏အမှု ကြောင့် မိန်းမော တွေဝေကြလိမ့်မည်။
20על יומו נשמו אחרנים וקדמנים אחזו שער׃
21အကယ် စင်စစ်ဆိုး သောသူ ၏နေရာ သည် ထိုသို့ သော လက္ခဏာရှိ၏။ ဘုရား သခင်ကိုမ သိ သောသူသည် ထိုသို့ သော နေရာ သို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
21אך אלה משכנות עול וזה מקום לא ידע אל׃
Tip: use the ← and → keys to turn chapters.