ယောဘဝတ္တု။ 12
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
1Respondens autem Job, dixit:
2သင် တို့သာလျှင် လူ ဖြစ်၍ ၊ သင် တို့နှင့်အတူ ဉာဏ် ပညာသေ လိမ့်မည်ဟု ယုံမှား စရာမရှိရ။
2[Ergo vos estis soli homines, et vobiscum morietur sapientia?
3သို့သော်လည်း ငါ သည် သင် တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။ ဤ ကဲ့သို့ သော အရာများကို အဘယ် သူသည် နားမလည်ဘဲနေသနည်း။
3Et mihi est cor sicut et vobis, nec inferior vestri sum; quis enim hæc quæ nostis ignorat?
4ငါသည် ဘုရား သခင်၏ကျေးဇူးတော်ကိုခံရအံ့သောငှါဆုတောင်း ပဌနာပြု စဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ် ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ် မရှိ ဖြောင့်မတ် သောသူသည် ပြက်ယယ် ပြုခြင်းကိုခံရပါသည် တကား။
4Qui deridetur ab amico suo, sicut ego, invocabit Deum, et exaudiet eum: deridetur enim justi simplicitas.
5ချော်လဲ လုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ကောင်းစားသောသူသည် မှတ် တတ်၏။
5Lampas contempta apud cogitationes divitum parata ad tempus statutum.
6ထားပြ လုပ်သောသူတို့၏နေရာ သည် ကောင်းစား တတ်၏။ ဘုရား သခင်၏ အာဏာ တော်ကိုဆန်သောသူတို့ သည် လုံခြုံ စွာနေ၍ ၊ ဘုရား သခင်ပေး တော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
6Abundant tabernacula prædonum, et audacter provocant Deum, cum ipse dederit omnia in manus eorum.
7သားမျိုး နှင့် မိုဃ်းကောင်းကင်ငှက် တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြော သွန်သင် ကြလိမ့်မည်။
7Nimirum interroga jumenta, et docebunt te; et volatilia cæli, et indicabunt tibi.
8မြေကြီး နှင့် ပင်လယ် ငါး တို့ကို မေးမြန်း လော့။ သူတို့သည် ပြသ ၍ ဥပဒေသ ပေးကြလိမ့်မည်။
8Loquere terræ, et respondebit tibi, et narrabunt pisces maris.
9ဤ အမှုတို့ကို ထာဝရဘုရား စီရင် တော်မူကြောင်း ကို၊ ထိုတိရစ္ဆာန်တကောင် မျှ မ သိ ဘဲနေသလော။
9Quis ignorat quod omnia hæc manus Domini fecerit?
10အသက် ရှင်သောသတ္တဝါအပေါင်း တို့၏ ဇိဝ အသက်နှင့် လူ သတ္တဝါခပ်သိမ်း တို့၏ ထွက်သက် ဝင်သက်သည် ဘုရား သခင့်လက် တော်၌ ရှိ၏။
10In cujus manu anima omnis viventis, et spiritus universæ carnis hominis.
11ခံတွင်း သည်အစာ ကိုမြည်းစမ်း သကဲ့သို့ ၊ နား သည် စကား ကို စုံစမ်း သည် မ ဟုတ်လော။
11Nonne auris verba dijudicat? et fauces comedentis, saporem?
12အသက် အရွယ်ကြီးသောသူတို့ သည် ဉာဏ် ပညာနှင့်ပြည့်စုံကြ၏။
12In antiquis est sapientia, et in multo tempore prudentia.
13ဘုရား သခင်မူကား၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့်ပြည့်စုံတော်မူ၏။ ပညာ သတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
13Apud ipsum est sapientia et fortitudo; ipse habet consilium et intelligentiam.
14ဖြိုဖျက် တော်မူလျှင် အဘယ်သူမျှတည်ဆောက် ရသောအခွင့်မ ရှိ။ လူ ကို ချုပ်ထား တော်မူလျှင် အဘယ်သူမျှလွှတ် ရသောအခွင့်မ ရှိ။
14Si destruxerit, nemo est qui ædificet; si incluserit hominem, nullus est qui aperiat.
15ရေ များကို ဆီးတား ပိတ်ပင်တော်မူလျှင် ခန်းခြောက် ရ၏။ တဖန် လွှတ် တော်မူ၍ မြေကြီး ကို လွှမ်းမိုး ကြ၏။
15Si continuerit aquas, omnia siccabuntur; et si emiserit eas, subvertent terram.
16တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။
16Apud ipsum est fortitudo et sapientia; ipse novit et decipientem, et eum qui decipitur.
17တိုင်ပင် မှူးမတ်တို့ကို ဘမ်းဆီးသိမ်း သွားတော်မူ၏။ တရား သူကြီးတို့ကို ရူးသွပ် စေတော်မူ၏။
17Adducit consiliarios in stultum finem, et judices in stuporem.
18ရှင်ဘုရင် တို့ကို အရာမှချ၍ ခါးကြိုး နှင့် ချည် တော်မူ၏။
18Balteum regum dissolvit, et præcingit fune renes eorum.
19ယဇ် ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်း သွား၍၊ သူရဲ တို့ကိုလည်း ရှုံး စေတော်မူ၏။
19Ducit sacerdotes inglorios, et optimates supplantat:
20နှုတ်သတ္တိရှိသောသူတို့ ကို စကား အ စေ၍၊ အသက် ကြီးသောသူတို့ မှပညာ ကို နှုတ် တော်မူ၏။
20commutans labium veracium, et doctrinam senum auferens.
21မင်းသား တို့ကို အရှက် ခွဲ၍၊ အားကြီး သောသူတို့ ကို ရှုတ်ချ တော်မူ၏။
21Effundit despectionem super principes, eos qui oppressi fuerant relevans.
22မှောင်မိုက် ထဲ ၌နက်နဲ သောအရာတို့ကို ထင်ရှား စေ၍၊ သေခြင်း အရိပ်ကိုအလင်း ထဲ သို့ ထုတ် ဘော်တော်မူ ၏။
22Qui revelat profunda de tenebris, et producit in lucem umbram mortis.
23တိုင်း နိုင်ငံတို့ကို ချီးမြှောက် ၍ တဖန် ဖျက်ဆီး တော်မူ၏။ တိုင်း နိုင်ငံတို့ကို ကျယ် စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း ပြု တော်မူ၏။
23Qui multiplicat gentes, et perdit eas, et subversas in integrum restituit.
24မြေ သား တို့တွင် အကြီး လုပ်သောသူတို့မှ ဉာဏ် ကိုနှုတ် ၍၊ လမ်း မ ရှိသော တော ၌ လှည့်လည် စေတော်မူ ၏။
24Qui immutat cor principum populi terræ, et decipit eos ut frustra incedant per invium:
25သူတို့သည်အလင်း မ ရှိ။ မှောင်မိုက် ၌ စမ်းသပ် လျက်သွားရကြ၏။ ယစ်မူး သောသူကဲ့သို့ တိမ်းယိမ်း လျက် သွားစေတော်မူ၏။
25palpabunt quasi in tenebris, et non in luce, et errare eos faciet quasi ebrios.]
Tip: use the ← and → keys to turn chapters.