ယောဘဝတ္တု။ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။
1Factum est autem, cum quadam die venissent filii Dei, et starent coram Domino, venisset quoque Satan inter eos, et staret in conspectu ejus,
2ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။
2ut diceret Dominus ad Satan: Unde venis? Qui respondens ait: Circuivi terram, et perambulavi eam.
3ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။
3Et dixit Dominus ad Satan: Numquid considerasti servum meum Job, quod non sit ei similis in terra, vir simplex et rectus, ac timens Deum, et recedens a malo, et adhuc retinens innocentiam? tu autem commovisti me adversus eum, ut affligerem eum frustra.
4စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။
4Cui respondens Satan, ait: Pellem pro pelle, et cuncta quæ habet homo dabit pro anima sua;
5ယခု တဖန် လက် တော်ကိုဆန့် ၍ သူ့ အရိုး နှင့် သူ့ အသား ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
5alioquin mitte manum tuam, et tange os ejus et carnem, et tunc videbis quod in faciem benedicat tibi.
6ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌ ရှိ၏။ သူ့ အသက် တခုကိုသာ လွတ် စေဟုမိန့် တော်မူလျှင်၊
6Dixit ergo Dominus ad Satan: Ecce in manu tua est: verumtamen animam illius serva.
7စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။
7Egressus igitur Satan a facie Domini, percussit Job ulcere pessimo, a planta pedis usque ad verticem ejus;
8ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။
8qui testa saniem radebat, sedens in sterquilinio.
9ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို စွဲလမ်း သေးသလော။ ဘုရား သခင်ကို စွန့်ပယ် ၍ သေ လော့ဟုဆို၏။
9Dixit autem illi uxor sua: Adhuc tu permanes in simplicitate tua? Benedic Deo, et morere.
10ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။
10Qui ait ad illam: Quasi una de stultis mulieribus locuta es: si bona suscepimus de manu Dei, mala quare non suscipiamus? In omnibus his non peccavit Job labiis suis.
11ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
11Igitur audientes tres amici Job omne malum quod accidisset ei, venerunt singuli de loco suo, Eliphaz Themanites, et Baldad Suhites, et Sophar Naamathites. Condixerant enim ut pariter venientes visitarent eum, et consolarentur.
12ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။
12Cumque elevassent procul oculos suos, non cognoverunt eum, et exclamantes ploraverunt, scissisque vestibus sparserunt pulverem super caput suum in cælum.
13ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။
13Et sederunt cum eo in terra septem diebus et septem noctibus: et nemo loquebatur ei verbum: videbant enim dolorem esse vehementem.
Tip: use the ← and → keys to turn chapters.