ယောဘဝတ္တု။

Old Testament

Chapter 11
Judson Burmese Bible (18…
vs Freedom Bible (フリー…
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 11

Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
1そこでナアマ人ツォファルが答えた。
2စကား များ ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ် နှင့် လွတ်ရမည်လော။
2言葉数の多い者が、答えも受けずに済むのか。 口達者な者が正しいとされるのか。
3သင် ပြောသောမုသာ စကားကြောင့် သူတပါးတို့သည် တိတ်ဆိတ် စွာနေရမည်လော။ သင်ကဲ့ရဲ့ သောအခါ အဘယ်သူသည် အရှက် မ ကွဲဘဲနေရမည်နည်း။
3あなたの空言で、人々は黙るのか。 あなたがあざけっても、誰も恥じ入らせないのか。
4သင်က၊ ငါ့ စကား ဖြောင့် ၏။ ဘုရား သခင့်ရှေ့ တော်၌ ငါသန့်ရှင်း ၏ဟု ဆို မိပြီ။
4あなたは言う。『私の教えは純粋だ。 私はあなたの目にきよい』と。
5ဘုရား သခင်မိန့် တော်မူပါစေ။ သင့် တစ်ဘက် ၌ နှုတ် တော်ကို ဖွင့် တော်မူပါစေ။
5しかし、ああ、神が語られ、 あなたに向かってその唇を開き、
6နက်နဲ သော ပညာ အရာတည်းဟူသောသင် နားလည်နိုင်သည်ထက်၊ နှစ်ဆ သာသောအရာတို့ကို သင့် အား ပြ တော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင် သည် အပြစ် ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရ လိမ့်မည်။
6知恵の秘密をあなたに示してくださったらよいのに。 まことに、知恵には二つの面がある。 神はあなたの咎に値するよりも軽く扱っておられると知れ。
7သင်သည် ဘုရား သခင်၏ ဇာတိတော်ကို စစ်၍ တွေ့ နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင်နားလည် နိုင်သလော။
7あなたは神の奥義を推し量ることができるか。 全能者の限界を見極めることができるか。
8မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍သင်သည်အဘယ် သို့ပြု နိုင်သနည်း။ မရဏာ နိုင်ငံထက် နက် သည် ဖြစ်၍သင်သည်အဘယ် သို့သိ နိုင်သနည်း။
8それらは天のように高い。あなたに何ができようか。 よみ よりも深い。あなたはどんなことを知り得ようか。
9အတိုင်း အရှည် သည် မြေကြီး ကိုလွန် လျက် သမုဒ္ဒရာ ထက် သာ၍ကျယ်ဝန်း လျက်ရှိ၏။
9その尺度は地よりも長く、 海よりも広い。
10ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ် သူဆီးတား နိုင်သနည်း။
10もし神が通り過ぎ、あるいは閉じ込め、 あるいは法廷を開かれるなら、誰が神に逆らうことができようか。
11ဘုရား သခင်သည် ဆိုး သောသူတို့၏ သဘောကို သိ တော်မူ၏။ သူတို့အမှတ် တမဲ့ပြုသောဒုစရိုက် ကို သိမြင် တော်မူ၏။
11神は偽りの者を知り、 見過ごすことなく、不義を見抜く。
12သို့သော်လည်း ရိုင်း သောမြည်း ကလေးသည် လူ အဖြစ်သို့ရောက်သောအခါ ၊ လူ မိုက်သည် ပညာ သတိရလိမ့်မည်။
12空しい人が知恵ある者となるのは、 野ろばの子が人として生まれる時にすぎない。
13သင် သည် စိတ် နှလုံးကို ပြင်ဆင် ၍ လက် တို့ကို ဘုရား သခင်ထံ တော်သို့ ဆန့် လျှင် ၎င်း ၊
13もしあなたが心を正しく定め、 神に向かって手を差し伸ばすなら、
14သင် ပြုသောဒုစရိုက် ကိုပယ် ၍ သင့် အိမ် ၌ ဆိုးညစ် သောအမှုကို လက် မ ခံလျှင် ၎င်း၊
14もしあなたの手に不義があるなら、それを遠ざけよ。 不正をあなたの天幕に住まわせてはならない。
15အညစ် အကြေးနှင့်ကင်းလွတ် သော မျက်နှာ ကို ပြရလိမ့်မည်။ စိုးရိမ် စရာအကြောင်းမ ရှိ၊ တည်ကြည် လိမ့်မည်။
15そうすれば確かに、あなたは汚れなく顔を上げ、 そうだ、あなたは堅く立ち、恐れることはない。
16ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။
16あなたは自分の苦難を忘れるからだ。 流れ去った水のように、それを思い出すだろう。
17သင်၏အသက် သည်မွန်းတည့် အရောင်ထက် ထွန်းလင်း လိမ့်မည်။ ယခုမှောင်မိုက် သော်လည်းနံနက် ကဲ့သို့ လင်းလိမ့်မည်။
17命は真昼よりも明るくなり、 暗闇があっても、それは朝のようになる。
18မြော်လင့် စရာရှိ သောကြောင့် မ စိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်းလုံခြုံ စွာ ငြိမ်ဝပ် လိမ့်မည်။
18希望があるので、あなたは安らかにいられる。 そうだ、あなたは見回し、安らかに休む。
19အိပ် သောအခါ အဘယ် သူမျှမချောက် မလှန့်ရ။ လူများ တို့သည် သင့် ကိုတောင်းပန် ကြလိမ့်မည်။
19あなたは横たわっても、誰にも脅かされない。 そうだ、多くの者があなたの好意を求めるだろう。
20ဆိုး သောသူတို့ ၏မျက်စိ သည် အားလျော့ လိမ့်မည်။ သူ တို့သည် ပြေး၍မ လွတ်ရကြ။ သူ တို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
20しかし悪者たちの目は衰える。 彼らには逃れる道がなくなり、 彼らの希望は息絶えることとなる。

Tip: use the ← and → keys to turn chapters.