ဝတ်ပြုရာ

Old Testament

Chapter 1
Judson Burmese Bible (18…
vs Freedom Bible (フリー…
Aa
Text size
Line width
Verse numbers

ဝတ်ပြုရာ 1

Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ထာဝရဘုရား သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲက အသံကို လွင့်လျက် မောရှေ ကို ခေါ် တော်မူ၍ ၊
1主はモーセを呼び、会見の天幕から彼に告げられた。
2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
2「イスラエルの子らに告げなさい。『あなたがたのうち、だれかが主にささげ物を携えて来るときは、牛または羊の群れからささげなさい。
3နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
3『牛の群れから全焼のささげ物をする場合は、傷のない雄をささげる。その人は主に受け入れられるよう、会見の天幕の入り口でそれを差し出す。
4ပူဇော် သော နွား၏ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ရသဖြင့် ၊ သူ ၏အပြစ် ကို ဖြေမည်အကြောင်း လက်ခံ တော်မူမည်။
4その人が全焼のささげ物の頭に手を置くと、それは彼のための贖いとして受け入れられる。
5ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
5彼は主の前でその若い牛を屠る。祭司であるアロンの子らはその血を差し出し、会見の天幕の入り口にある祭壇の周囲にその血を振りかける。
6ပူဇော် သောသူသည် ထိုအကောင်၏ အရေ ကို ချွတ်၍ အပိုင်းပိုင်း ဖြတ် ရမည်။
6彼は全焼のささげ物の皮を剥ぎ、それを切り分ける。
7အာရုန် ၏သား ၊ ယဇ် ပုရောဟိတ်တို့သည်၊ ယဇ် ပလ္လင်ပေါ် မှာ မီး ကိုထည့် ၍ မီး ပေါ် မှာ ထင်း ကိုခင်း ပြီးမှ၊
7祭司アロンの子らは祭壇の上に火を置き、火の上に薪を整えて並べる。
8ထင်း ပေါ် မှာ ခေါင်း ၊ ဆီဥ ၊ သား တစ်များကို တင် ရမည်။
8祭司であるアロンの子らは、切り分けた肉、頭、脂肪を、祭壇の上の火にある薪の上に整えて並べる。
9ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
9ただし、その内臓と足は水で洗う。祭司はそのすべてを祭壇の上で全焼のささげ物として燃やす。これは火によるささげ物であり、主への芳ばしい香りである。
10သိုး ၊ ဆိတ် ကို မီး ရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင် ခဲ့၍၊
10『もし彼のささげ物が羊の群れ、すなわち羊または山羊からの全焼のささげ物であるなら、傷のない雄をささげる。
11ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပလ္လင်မြောက် ဘက်နား မှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
11彼は祭壇の北側で、主の前にそれを屠る。祭司であるアロンの子らは、その血を祭壇の周囲に振りかける。
12ပူဇော်သောသူသည် အပိုင်း ပိုင်းဖြတ် ၍ ခေါင်း နှင့် ဆီဥ ကို စုထားပြီးလျှင်ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ ရှိသော ထင်း မီး အပေါ် မှာ ခင်း ရမည်။
12彼はそれを、その頭と脂肪とともに切り分ける。祭司はそれらを、祭壇の上の火にある薪の上に整えて並べる。
13ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင် ဆေး ရမည်။ ယဇ် ပုရောဟိတ်သည် တကောင်လုံး ကို ဆောင် ခဲ့၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
13ただし、内臓と足は水で洗う。祭司はその全体をささげ、祭壇の上で燃やす。これは全焼のささげ物、火によるささげ物であり、主への芳ばしい香りである。
14ထာဝရဘုရား အား ငှက် ကို မီး ရှို့ရာယဇ်ပြုလိုလျှင် ၊ ခို ဖြစ်စေ ၊ ချိုး ကလေး ဖြစ်စေဆောင်ခဲ့၍ ဆက် ရမည်။
14『もし彼の主へのささげ物が鳥の全焼のささげ物であるなら、山鳩または家鳩の雛の中から、彼のささげ物をささげる。
15ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်သို့ ဆောင် ခဲ့၍ ၊ ခေါင်း ကို လိမ် ဖြတ်ပြီးလျှင် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အသွေး ကို ယဇ် ပလ္လင်နား မှာ ညှစ် ရမည်။
15祭司はそれを祭壇に持って行き、その頭をねじり切り、祭壇の上で燃やす。その血は祭壇の側面に絞り出される。
16စာလုတ် မှစ၍စာလုတ်၌ ရှိသောအရာကို ချွတ် ပြီးလျှင် ၊ ပြာ စုထားရာအရပ် ၊ ယဇ် ပလ္လင်အရှေ့ ဘက်နား ၌ ပစ် ထားရမည်။
16彼はその餌袋を羽毛とともに取り除き、祭壇の東側にある灰の場所に投げ捨てる。
17အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
17彼はその翼のところでそれを引き裂く。ただし、二つに切り離してはならない。祭司はそれを祭壇の上、火にある薪の上で燃やす。これは全焼のささげ物、火によるささげ物であり、主への芳ばしい香りである。』」

Tip: use the ← and → keys to turn chapters.