ယောဘဝတ္တု။ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။
1ウツの地に一人の人がおり、その名はヨブといった。その人は咎がなく正しい人で、神 を恐れ、悪から遠ざかっていた。
2သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။
2彼には七人の息子と三人の娘が生まれた。
3သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။
3彼の財産は、羊七千頭、らくだ三千頭、牛五百くびき、雌ろば五百頭、そして非常に多くの召し使いであった。こうして、この人は東の人々の中で最も有力な者であった。
4ယောဘ ၏ သား တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ တို့အိမ် ၌ ပွဲ ခံ သဖြင့် ၊ နှမ သုံး ယောက်ကို လည်းခေါ် ၍ အတူ စား သောက် လေ့ ရှိကြ၏။
4彼の息子たちは、それぞれの誕生日に自分の家で宴会を開き、人をやって三人の姉妹を招き、一緒に飲み食いした。
5ပွဲ ခံသောနေ့ ရက်လွန်သောအခါ ၊ ယောဘ သည်သူ တို့ကိုခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ ၍ သူ တို့အရေ အတွက်အတိုင်း မီး ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့ ၏။ ထိုသို့ ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။
5宴会の日々が一回りすると、ヨブは人をやって彼らをきよめ、朝早く起きて、彼ら一人一人のために全焼のささげ物をささげた。ヨブは、「もしかすると息子たちが罪を犯し、心の中で神に背いたかもしれない」と考えたのである。ヨブはいつもこのようにしていた。
6ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။
6さて、神の子らが主 の前に立つために来た日、サタンも彼らの中にやって来た。
7ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။
7主はサタンに言われた。「お前はどこから来たのか。」 サタンは主に答えた。「地を行き巡り、そこを歩き回って来ました。」
8ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။
8主はサタンに言われた。「お前は私のしもべヨブに心を留めたか。地上に彼のように咎がなく正しい人、神を恐れて悪から遠ざかっている者はいない。」
9စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။
9サタンは主に答えた。「ヨブは理由もなく神を恐れているのでしょうか。
10ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။
10あなたが、彼と、彼の家と、彼の持つすべてのものの周り、四方に垣根を巡らせたではありませんか。あなたはその手の働きを祝福され、彼の財産は地で増え広がりました。
11ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။
11しかし今、あなたの御手を伸ばし、彼の持つすべてのものに触れてください。彼はきっと、面と向かってあなたに背くでしょう。」
12ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့ ကိုယ်တခုကိုသာ မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။
12主はサタンに言われた。「見よ、彼の持つすべてのものはお前の手にある。ただ、彼自身にはお前の手を伸ばしてはならない。」 こうしてサタンは主の御前から出て行った。
13တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား ၍ စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊
13さて、ある日のこと、彼の息子と娘たちが一番上の兄の家で食事をし、ぶどう酒を飲んでいたとき、
14ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊
14一人の使者がヨブのところに来て言った。「牛が耕し、ろばがそのそばで草を食べていたところ、
15ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
15シェバ人が襲いかかり、それらを奪い去りました。そうです、彼らは召し使いたちを剣で殺し、私一人だけが逃れ、あなたに知らせに来ました。」
16ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား သခင်၏မီး သည် မိုဃ်းကောင်းကင် မှ ကျ သဖြင့် ၊ သိုး များနှင့် လူ စောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် တ ယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။
16彼がまだ話している間に、別の者も来て言った。「神の火が天から降り、羊と召し使いたちを焼き尽くしました。私一人だけが逃れ、あなたに知らせに来ました。」
17ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ၍ ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
17彼がまだ話している間に、別の者も来て言った。「カルデア人が三つの部隊を組み、らくだに襲いかかって、それらを奪い去りました。そうです、彼らは召し使いたちを剣で殺し、私一人だけが逃れ、あなたに知らせに来ました。」
18ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် ၌ စား ၍ စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊
18彼がまだ話している間に、さらに別の者が来て言った。「あなたの息子と娘たちが一番上の兄の家で食事をし、ぶどう酒を飲んでいました。
19တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့် ၊ အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
19すると、荒野から激しい風が吹いてきて、家の四隅を打ちました。家は若者たちの上に倒れかかり、彼らは死にました。私一人だけが逃れ、あなたに知らせに来ました。」
20ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
20そこでヨブは立ち上がり、自分の上着を裂き、頭をそり、地にひれ伏して礼拝した。
21အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။
21彼は言った。「私は裸で母の胎から出た。裸でそこへ帰ろう。主は与え、主は奪われた。主の御名はほめたたえられよ。」
22ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် မ တင်ဘဲနေ၏။
22このすべてのことにおいて、ヨブは罪を犯さず、神を不当だと責めなかった。
Tip: use the ← and → keys to turn chapters.