ကမ္ဘာဦးကျမ်း 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1မြေကြီး သားအပေါင်း တို့သည် ဘာသာ တ မျိုးတည်း။ စကား တ မျိုးတည်းရှိ ကြသည်ဖြစ်၍၊
1那时,天下人的口音、言语都是一样。
2အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။
2他们往东边迁移的时候,在 示拿 地遇见一片平原,就住在那里。
3သူတို့ကလည်း လာ ကြ။ အုတ် လုပ် ၍ ခိုင်မာစွာ ဖုတ် ကြကုန်အံ့ဟု၊ တ ယောက်ကို တယောက် ပြော ကြ၏။ ထိုသို့ ကျောက် အရာ ၌ အုတ် ကို ၎င်း ၊ သရွတ် အရာ ၌ ရေညှိ တမျိုးကို၎င်း ရပြီးလျှင်၊
3他们彼此商量说:「来吧!我们要做砖,把砖烧透了。」他们就拿砖当石头,又拿石漆当灰泥。
4လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။
4他们说:「来吧!我们要建造一座城和一座塔,塔顶通天,为要传扬我们的名,免得我们分散在全地上。」
5ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။
5耶和华降临,要看看世人所建造的城和塔。
6ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။
6耶和华说:「看哪,他们成为一样的人民,都是一样的言语,如今既做起这事来,以后他们所要做的事就没有不成就的了。
7လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။
7我们下去,在那里变乱他们的口音,使他们的言语彼此不通。」
8ထိုသို့ ထာဝရဘုရား သည် သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သူတို့သည် မြို့ ကိုမ တည်ပဲ နေကြ၏။
8于是耶和华使他们从那里分散在全地上;他们就停工,不造那城了。
9သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရား သည် မြေကြီး သားအပေါင်း တို့၏ စကား ကိုရှုပ် ထွေး၍ ၊ သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား စေတော်မူသောကြောင့် ထို မြို့ သည် ဗာဗုလုန် မြို့ဟူ၍တွင် သတည်း။
9因为耶和华在那里变乱天下人的言语,使众人分散在全地上,所以那城名叫 巴别 。
10ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမ သည် အသက် တ ရာရှိ၍ ၊ ရေ လွှမ်းမိုးသောနောက် နှစ် နှစ်ကြာ သော်၊ သားအာဖာဇဒ် ကို မြင် လေ၏။
10闪 的后代记在下面。洪水以后二年, 闪 一百岁生了 亚法撒 。
11အာဖာဇဒ် ဘွားမြင် သောနောက် ၊ ရှေမ သည် အနှစ် ငါး ရာ အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
11闪 生 亚法撒 之后又活了五百年,并且生儿养女。
12အာဖာဇဒ် သည် အသက် သုံး ဆယ်ငါး နှစ်ရှိ သော်၊ သားရှာလ ကို မြင် လေ၏။
12亚法撒 活到三十五岁,生了 沙拉 。
13ရှာလ ဘွားမြင် သောနောက် ၊ အာဖာဇဒ် သည် အနှစ် လေး ရာ သုံး နှစ် အသက်ရှင် ၍ ၊ သား သမီး များကို မြင် လေ၏။
13亚法撒 生 沙拉 之后又活了四百零三年,并且生儿养女。
14ရှာလ သည် အသက် သုံး ဆယ်ရှိ သော်၊ သားဟေဗာ ကို မြင် လေ၏။
14沙拉 活到三十岁,生了 希伯 。
15ဟေဗာ ဘွားမြင် သောနောက် ၊ ရှာလ သည် အနှစ် လေး ရာ သုံး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
15沙拉 生 希伯 之后又活了四百零三年,并且生儿养女。
16ဟေဗာ သည် အသက်သုံး ဆယ့်လေး နှစ် ရှိ သော်၊ သားဖာလက် ကို မြင် လေ၏။
16希伯 活到三十四岁,生了 法勒 。
17ဖာလက် ဘွားမြင် သောနောက် ၊ ဟေဗာ သည် အနှစ် လေး ရာ သုံး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
17希伯 生 法勒 之后又活了四百三十年,并且生儿养女。
18ဖာလက် သည် အသက် သုံး ဆယ်ရှိ သော်၊ သားရာဂေါ ကို မြင် လေ၏။
18法勒 活到三十岁,生了 拉吴 。
19ရာဂေါ ဘွားမြင် သောနောက် ၊ ဖာလက် သည် အနှစ် နှစ် ရာကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို ဘွားမြင် လေ၏။
19法勒 生 拉吴 之后又活了二百零九年,并且生儿养女。
20ရာဂေါ သည် အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ သားစေရောက် ကို မြင် လေ၏။
20拉吴 活到三十二岁,生了 西鹿 。
21စေရောက် ဘွားမြင် သောနောက် ၊ ရာဂေါ သည် အနှစ် နှစ် ရာခုနစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
21拉吴 生 西鹿 之后又活了二百零七年,并且生儿养女。
22စေရောက် သည်အသက် သုံး ဆယ်ရှိ သော်၊ သားနာခေါ် ကို မြင် လေ၏။
22西鹿 活到三十岁,生了 拿鹤 。
23နာခေါ် ဘွားမြင် သောနောက် ၊ စေရောက် သည် အနှစ် နှစ် ရာအသက် ရှင်၍ သား သမီး များကို မြင် လေ၏။
23西鹿 生 拿鹤 之后又活了二百年,并且生儿养女。
24နာခေါ် သည် အသက် နှစ် ဆယ်ကိုး နှစ်ရှိ သော်၊ သားတေရ ကို မြင် လေ၏။
24拿鹤 活到二十九岁,生了 他拉 。
25တေရ ဘွားမြင် သောနောက် ၊ နာခေါ် သည် အနှစ် တ ရာတဆယ် ကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
25拿鹤 生 他拉 之后又活了一百一十九年,并且生儿养女。
26တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
26他拉 活到七十岁,生了 亚伯兰 、 拿鹤 、 哈兰 。
27တေရ ၏ သားစဉ် မြေးဆက်ဟူမူကား ၊ တေရ သည် အာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
27他拉 的后代记在下面。 他拉 生 亚伯兰 、 拿鹤 、 哈兰 ; 哈兰 生 罗得 。
28ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။
28哈兰 死在他的本地 迦勒底 的 吾珥 ,在他父亲 他拉 之先。
29အာဗြံ နှင့် နာခေါ် သည် မယား ကို ယူ ၍ ၊ အာဗြံ ၏ မယား ကား၊ စာရဲ အမည် ရှိ၏။ နာခေါ် ၏ မယား ကား၊ ခါရန် ၏သမီး မိလခါ အမည် ရှိ၏။ ခါရန်သည် မိလခါ နှင့် ဣသခ ၏အဘ ဖြစ်သတည်း။
29亚伯兰 、 拿鹤 各娶了妻: 亚伯兰 的妻子名叫 撒莱 ; 拿鹤 的妻子名叫 密迦 ,是 哈兰 的女儿; 哈兰 是 密迦 和 亦迦 的父亲。
30စာရဲ မူကား မြုံ သော မိန်းမဖြစ် ၍ သားသမီး မ ရှိ။
30撒莱 不生育,没有孩子。
31တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။
31他拉 带着他儿子 亚伯兰 和他孙子 哈兰 的儿子 罗得 ,并他儿妇 亚伯兰 的妻子 撒莱 ,出了 迦勒底 的 吾珥 ,要往 迦南 地去;他们走到 哈兰 ,就住在那里。
32တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။
32他拉 共活了二百零五岁,就死在 哈兰 。
Tip: use the ← and → keys to turn chapters.