Přísloví
Chapter 22
Kralice Bible (1613)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Přísloví 22

Kralice Bible (1613)
Judson Burmese Bible (1840)
1Vzácnější jest jméno dobré než bohatství veliké, a přízeň lepší než stříbro a zlato.
1ကောင်းသောအသရေ ကို များစွာ သော ဥစ္စာ ထက် သာ၍ရွေး စရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူး သည် ရွှေ ငွေ ထက် သာ၍ကောင်း ၏။
2Bohatý a chudý potkávají se, učinitel obou jest Hospodin.
2ငွေ ရတတ်သောသူနှင့် ဆင်းရဲ သောသူတို့သည် တွေ့ကြုံ ကြ၏။ ထိုသူ အပေါင်း တို့ကို ထာဝရဘုရား ဖန်ဆင်း တော်မူ၏။
3Opatrný vida zlé, vyhne se, ale hloupí předce jdouce, těžkosti docházejí.
3သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍ ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား ၊ အစဉ်အတိုင်း သွား ၍ အမှု နှင့်တွေ့တတ်၏။
4Pokory a bázně Hospodinovy odplata jest bohatství a sláva i život.
4စိတ် နှိမ့်ချခြင်း၊ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းကျေးဇူး ကြောင့် စည်းစိမ် ၊ ဂုဏ် အသရေ၊ အသက် ကို ရတတ်၏။
5Trní a osídla jsou na cestě převráceného; kdož ostříhá duše své, vzdálí se od nich.
5သဘော ကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်း များရှိတတ်၏။ မိမိ စိတ် ဝိညာဉ်ကို စောင့်ရှောက် သောသူမူကားဝေး စွာ ရှောင်သွားလိမ့်မည်။
6Vyučuj mladého podlé způsobu cesty jeho; nebo když se i zstará, neuchýlí se od ní.
6သူငယ် သွားရာလမ်း ဝ ၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အို သောအခါ ထို လမ်းမှ မ လွှဲ၊ လိုက် သွားလိမ့်မည်။
7Bohatý nad chudými panuje, a vypůjčující bývá služebníkem toho, jenž půjčuje.
7ငွေ ရတတ်သောသူသည် ဆင်းရဲ သောသူကို အစိုးရ ၏။ ချေးငှါးယူ သောသူသည် ချေးငှါး ပေးသောသူ ၌ ကျွန် ဖြစ်၏။
8Kdo rozsívá nepravost, žíti bude trápení; prut zajisté prchlivosti jeho přestane.
8ဒုစရိုက် မျိုးစေ့ကို ကြဲ သောသူသည် ဒုက္ခ စပါးကိုရိတ် ရမည်။ ဒေါသ စိတ်ရှိ၍ ဒဏ် ပေးနိုင်သော တန်ခိုးလည်း ပျောက် လိမ့်မည်။
9Oko dobrotivé, onoť požehnáno bude; nebo udílí z chleba svého chudému.
9ကရုဏာ မျက်စိ ရှိသောသူ သည် ဆင်းရဲ သောသူတို့ ကိုကျွေး သောကြောင့် မင်္ဂလာ ရှိလိမ့်မည်။
10Vyvrz posměvače, a odejdeť svada, anobrž přestane svár a lehkost.
10မထီမဲ့မြင် ပြုသောသူကိုနှင်ထုတ် လော့။ သို့ပြုလျှင် ရန်မာန် လည်း ထွက်သွား လိမ့်မည်။ ရန်တွေ့ ခြင်းနှင့် ကဲ့ရဲ့ ခြင်းလည်း ငြိမ်း လိမ့်မည်။
11Kdo miluje čistotu srdce, a v čích rtech jest příjemnost, takového král přítelem bývá.
11စိတ် နှလုံးဖြူစင် ခြင်းကို နှစ်သက် သောသူသည် လျောက်ပတ် သောစကား ကို ပြောတတ်၍၊ ရှင် ဘုရင်နှင့် မိတ်ဆွေ ဖွဲ့ရလိမ့်မည်။
12Oči Hospodinovy ostříhají umění, ale snažnosti ošemetného převrací.
12ထာဝရဘုရား ၏ မျက်စိ တော်သည် ပညာ အတတ်ကို စောင့် ၏။ ပြစ်မှား သောသူ၏စကား ကိုကား ချေ တော်မူ၏။
13Říká lenoch: Lev jest vně, naprostřed ulic byl bych zabit.
13ပျင်းရိ သောသူက၊ အိမ် ပြင်မှာခြင်္သေ့ ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေ လိမ့်မည်ဟု ဆို တတ်၏။
14Jáma hluboká ústa postranních; ten, na kohož se hněvá Hospodin, vpadne tam.
14အမျိုး ပျက်သော မိန်းမ၏နှုတ် သည် နက် သော မြေတွင်း ဖြစ်၏။ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသောသူသည် ထို မြေတွင်းထဲသို့ ကျ လိမ့်မည်။
15Bláznovství přivázáno jest k srdci mladého, ale metla kázně vzdálí je od něho.
15မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။
16Kdo utiská nuzného, aby rozmnožil své, a dává bohatému, jistotně bude v nouzi.
16ကိုယ် စီးပွါး အဘို့ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေ ရတတ်သောသူတို့ အား ပေး သောသူသည် ဆင်းရဲ ခြင်းသို့ အမှန်ရောက်လိမ့်မည်။
17Nakloň ucha svého, a slyš slova moudrých, a mysl svou přilož k učení mému.
17သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။
18Nebo to bude utěšenou věcí, jestliže je složíš v srdci svém, budou-li spolu nastrojena ve rtech tvých.
18သင် ၏နှလုံး ၌ သွင်းမိ နိုင်လျှင် သာယာ သော အကျိုးရှိလိမ့်မည်။ သင် ၏နှုတ် ၌ လည်း အစဉ် အသင့်ရှိ လိမ့်မည်။
19Aby bylo v Hospodinu doufání tvé, oznamujiť to dnes. I ty také ostříhej toho.
19သင် သည်ထာဝရဘုရား ၌ ခိုလှုံ မည်အကြောင်း ၊ သင့် ကိုယ်တိုင်ကိုယနေ့ ငါသွန်သင် ၏။
20Zdaližť jsem nenapsal znamenitých věcí z strany rad a umění,
20-
21Aťbych v známost uvedl jistotu řečí pravých, tak abys vynášeti mohl slova pravdy těm, kteříž by k tobě poslali?
21သင် သည် သမ္မာ တရားစကား စစ် ကိုသိ မည် အကြောင်း နှင့်၊ သင့် ထံသို့စေလွှတ် သော သူတို့အား ၊ သမ္မာ စကား ကို ပြန် ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာ အတတ်ကို ပြသလျက် ၊ ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည် မဟုတ်လော။
22Nelup nuzného, proto že nuzný jest, aniž potírej chudého v bráně.
22ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာ ကို မ လုမယူနှင့်။ ဒုက္ခိတ သတ္တဝါကို မြို့ တံခါးဝ၌ မ ညှဉ်းဆဲ နှင့်။
23Nebo Hospodin povede při jejich, a vydře duši těm, kteříž vydírají jim.
23အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ အမှု ကို စောင့် တော်မူမည်။ သူတို့ဥစ္စာကို လုယူ သောသူ တို့ ၏ အသက် ကို လုယူ တော်မူမည်။
24Nebývej přítelem hněvivého, a s mužem prchlivým neobcuj,
24စိတ်တို သောသူ ကို မိတ်ဆွေ မ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ မ လိုက် နှင့်။
25Abys se nenaučil stezkám jeho, a nevložil osídla na duši svou.
25လိုက်လျှင် သူ ၏ထုံးစံ ဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက် ကျော့မိ ရာ ဖြစ် လိမ့်မည်။
26Nebývej mezi rukojměmi, mezi slibujícími za dluhy.
26လက်ဝါး ချင်းရိုက် သောလူစုနှင့် သူ့ကြွေး ကို အာမခံ သော လူစုထဲ သို့ မ ဝင် နှင့်။
27Nemáš-li, čím bys zaplatil, proč má kdo bráti lůže tvé pod tebou?
27သင် ၌ ပေး ရန် မ ရှိလျှင် ၊ သင့် အိပ်ရာ ကို အဘယ်ကြောင့် ယူသွား စေချင်သနည်း။
28Nepřenášej mezníku starodávního, kterýž učinili otcové tvoji.
28ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။
29Vídáš-li, že muž snažný v díle svém před králi stává? Nestává před nepatrnými.
29ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။

Tip: use the ← and → keys to turn chapters.