Proverbes
Chapter 22
Louis Segond 1910
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Proverbes 22

Louis Segond 1910
Judson Burmese Bible (1840)
1La réputation est préférable à de grandes richesses, Et la grâce vaut mieux que l’argent et que l’or.
1ကောင်းသောအသရေ ကို များစွာ သော ဥစ္စာ ထက် သာ၍ရွေး စရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူး သည် ရွှေ ငွေ ထက် သာ၍ကောင်း ၏။
2Le riche et le pauvre se rencontrent; C’est l’Éternel qui les a faits l’un et l’autre.
2ငွေ ရတတ်သောသူနှင့် ဆင်းရဲ သောသူတို့သည် တွေ့ကြုံ ကြ၏။ ထိုသူ အပေါင်း တို့ကို ထာဝရဘုရား ဖန်ဆင်း တော်မူ၏။
3L’homme prudent voit le mal et se cache, Mais les simples avancent et sont punis.
3သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍ ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား ၊ အစဉ်အတိုင်း သွား ၍ အမှု နှင့်တွေ့တတ်၏။
4Le fruit de l’humilité, de la crainte de l’Éternel, C’est la richesse, la gloire et la vie.
4စိတ် နှိမ့်ချခြင်း၊ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းကျေးဇူး ကြောင့် စည်းစိမ် ၊ ဂုဏ် အသရေ၊ အသက် ကို ရတတ်၏။
5Des épines, des pièges sont sur la voie de l’homme pervers; Celui qui garde son âme s’en éloigne.
5သဘော ကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်း များရှိတတ်၏။ မိမိ စိတ် ဝိညာဉ်ကို စောင့်ရှောက် သောသူမူကားဝေး စွာ ရှောင်သွားလိမ့်မည်။
6Instruis l’enfant selon la voie qu’il doit suivre; Et quand il sera vieux, il ne s’en détournera pas.
6သူငယ် သွားရာလမ်း ဝ ၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အို သောအခါ ထို လမ်းမှ မ လွှဲ၊ လိုက် သွားလိမ့်မည်။
7Le riche domine sur les pauvres, Et celui qui emprunte est l’esclave de celui qui prête.
7ငွေ ရတတ်သောသူသည် ဆင်းရဲ သောသူကို အစိုးရ ၏။ ချေးငှါးယူ သောသူသည် ချေးငှါး ပေးသောသူ ၌ ကျွန် ဖြစ်၏။
8Celui qui sème l’iniquité moissonne l’iniquité, Et la verge de sa fureur disparaît.
8ဒုစရိုက် မျိုးစေ့ကို ကြဲ သောသူသည် ဒုက္ခ စပါးကိုရိတ် ရမည်။ ဒေါသ စိတ်ရှိ၍ ဒဏ် ပေးနိုင်သော တန်ခိုးလည်း ပျောက် လိမ့်မည်။
9L’homme dont le regard est bienveillant sera béni, Parce qu’il donne de son pain au pauvre.
9ကရုဏာ မျက်စိ ရှိသောသူ သည် ဆင်းရဲ သောသူတို့ ကိုကျွေး သောကြောင့် မင်္ဂလာ ရှိလိမ့်မည်။
10Chasse le moqueur, et la querelle prendra fin; Les disputes et les outrages cesseront.
10မထီမဲ့မြင် ပြုသောသူကိုနှင်ထုတ် လော့။ သို့ပြုလျှင် ရန်မာန် လည်း ထွက်သွား လိမ့်မည်။ ရန်တွေ့ ခြင်းနှင့် ကဲ့ရဲ့ ခြင်းလည်း ငြိမ်း လိမ့်မည်။
11Celui qui aime la pureté du cœur, Et qui a la grâce sur les lèvres, a le roi pour ami.
11စိတ် နှလုံးဖြူစင် ခြင်းကို နှစ်သက် သောသူသည် လျောက်ပတ် သောစကား ကို ပြောတတ်၍၊ ရှင် ဘုရင်နှင့် မိတ်ဆွေ ဖွဲ့ရလိမ့်မည်။
12Les yeux de l’Éternel gardent la science, Mais il confond les paroles du perfide.
12ထာဝရဘုရား ၏ မျက်စိ တော်သည် ပညာ အတတ်ကို စောင့် ၏။ ပြစ်မှား သောသူ၏စကား ကိုကား ချေ တော်မူ၏။
13Le paresseux dit: Il y a un lion dehors! Je serai tué dans les rues!
13ပျင်းရိ သောသူက၊ အိမ် ပြင်မှာခြင်္သေ့ ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေ လိမ့်မည်ဟု ဆို တတ်၏။
14La bouche des étrangères est une fosse profonde; Celui contre qui l’Éternel est irrité y tombera.
14အမျိုး ပျက်သော မိန်းမ၏နှုတ် သည် နက် သော မြေတွင်း ဖြစ်၏။ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသောသူသည် ထို မြေတွင်းထဲသို့ ကျ လိမ့်မည်။
15La folie est attachée au cœur de l’enfant; La verge de la correction l’éloignera de lui.
15မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။
16Opprimer le pauvre pour augmenter son bien, C’est donner au riche pour n’arriver qu’à la disette.
16ကိုယ် စီးပွါး အဘို့ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေ ရတတ်သောသူတို့ အား ပေး သောသူသည် ဆင်းရဲ ခြင်းသို့ အမှန်ရောက်လိမ့်မည်။
17Prête l’oreille, et écoute les paroles des sages; Applique ton cœur à ma science.
17သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။
18Car il est bon que tu les gardes au-dedans de toi, Et qu’elles soient toutes présentes sur tes lèvres.
18သင် ၏နှလုံး ၌ သွင်းမိ နိုင်လျှင် သာယာ သော အကျိုးရှိလိမ့်မည်။ သင် ၏နှုတ် ၌ လည်း အစဉ် အသင့်ရှိ လိမ့်မည်။
19Afin que ta confiance repose sur l’Éternel, Je veux t’instruire aujourd’hui, oui, toi.
19သင် သည်ထာဝရဘုရား ၌ ခိုလှုံ မည်အကြောင်း ၊ သင့် ကိုယ်တိုင်ကိုယနေ့ ငါသွန်သင် ၏။
20N’ai-je pas déjà pour toi mis par écrit Des conseils et des réflexions,
20-
21Pour t’enseigner des choses sûres, des paroles vraies, Afin que tu répondes par des paroles vraies à celui qui t’envoie?
21သင် သည် သမ္မာ တရားစကား စစ် ကိုသိ မည် အကြောင်း နှင့်၊ သင့် ထံသို့စေလွှတ် သော သူတို့အား ၊ သမ္မာ စကား ကို ပြန် ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာ အတတ်ကို ပြသလျက် ၊ ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည် မဟုတ်လော။
22Ne dépouille pas le pauvre, parce qu’il est pauvre, Et n’opprime pas le malheureux à la porte;
22ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာ ကို မ လုမယူနှင့်။ ဒုက္ခိတ သတ္တဝါကို မြို့ တံခါးဝ၌ မ ညှဉ်းဆဲ နှင့်။
23Car l’Éternel défendra leur cause, Et il ôtera la vie à ceux qui les auront dépouillés.
23အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ အမှု ကို စောင့် တော်မူမည်။ သူတို့ဥစ္စာကို လုယူ သောသူ တို့ ၏ အသက် ကို လုယူ တော်မူမည်။
24Ne fréquente pas l’homme colère, Ne va pas avec l’homme violent,
24စိတ်တို သောသူ ကို မိတ်ဆွေ မ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ မ လိုက် နှင့်။
25De peur que tu ne t’habitues à ses sentiers, Et qu’ils ne deviennent un piège pour ton âme.
25လိုက်လျှင် သူ ၏ထုံးစံ ဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက် ကျော့မိ ရာ ဖြစ် လိမ့်မည်။
26Ne sois pas parmi ceux qui prennent des engagements, Parmi ceux qui cautionnent pour des dettes;
26လက်ဝါး ချင်းရိုက် သောလူစုနှင့် သူ့ကြွေး ကို အာမခံ သော လူစုထဲ သို့ မ ဝင် နှင့်။
27Si tu n’as pas de quoi payer, Pourquoi voudrais-tu qu’on enlève ton lit de dessous toi?
27သင် ၌ ပေး ရန် မ ရှိလျှင် ၊ သင့် အိပ်ရာ ကို အဘယ်ကြောင့် ယူသွား စေချင်သနည်း။
28Ne déplace pas la borne ancienne, Que tes pères ont posée.
28ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။
29Si tu vois un homme habile dans son ouvrage, Il se tient auprès des rois; Il ne se tient pas auprès des gens obscurs.
29ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။

Tip: use the ← and → keys to turn chapters.