امثال 15
Old Persian Version (ترجمه قدیم)Translation
Old Persian Version (ترجمه قدیم)
Judson Burmese Bible (1840)
1جواب نرم خشم را برمی گرداند، اماسخن تلخ غیظ را به هیجان میآورد.
1ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
2زبان حکیمان علم را زینت میبخشد، امادهان احمقان به حماقت تنطق مینماید.
2ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
3چشمان خداوند در همه جاست، و بر بدان ونیکان مینگرد.
3ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။
4زبان ملایم، درخت حیاتاست و کجی آن، شکستگی روح است.
4ဖြည်းညှင်း သောလျှာ သည် အသက် ဖြစ်၏။ ကြမ်းတမ်း သော လျှာ မူကား စိတ် နာ စေတတ်၏။
5احمق تادیب پدر خود را خوار میشمارد، اما هرکه تنبیه را نگاه دارد زیرک میباشد.
5မိုက် သောသူသည် အဘ သွန်သင် ခြင်းကို မထီမဲ့မြင် ပြုတတ်၏။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ သမ္မာ သတိနှင့်ပြည့်စုံတတ်၏။
6در خانه مرد عادل گنج عظیم است، امامحصول شریران، کدورت است.
6ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား ၊ များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။
7لبهای حکیمان معرفت را منتشر میسازد، اما دل احمقان، مستحکم نیست.
7ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။
8قربانی شریران نزد خداوند مکروه است، امادعای راستان پسندیده اوست.
8မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
9راه شریران نزد خداوند مکروه است، اماپیروان عدالت را دوست میدارد.
9မ တရားသော သူလိုက်သောလမ်း ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့်မတ် ခြင်း တရား လမ်းသို့ လိုက် သောသူကိုကား ချစ် တော်မူ၏။
10برای هرکه طریق را ترک نماید تادیب سخت است، و هرکه از تنبیه نفرت کند خواهدمرد.
10လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
11هاویه و ابدون در حضور خداوند است، پس چند مرتبه زیاده دلهای بنی آدم.
11မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် ထာဝရဘုရား ရှေ့ တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူ သားတို့၏ နှလုံး သည် သာ၍ ထင်ရှား ၏။
12استهزاکننده تنبیه را دوست ندارد، و نزدحکیمان نخواهد رفت.
12မထီမဲ့မြင် ပြုသောသူသည် အပြစ် ပြသောသူ ကို မ ချစ် တတ်။ ပညာရှိ ထံသို့ မ ချဉ်းကပ် တတ်။
13دلشادمان چهره را زینت میدهد، اما ازتلخی دل روح منکسر میشود.
13ရွှင်လန်းသော စိတ် နှလုံးသည် ချို သောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ် ခြင်းအားဖြင့် ကား ၊ စိတ် ပျက် တတ်၏။
14دل مرد فهیم معرفت را میطلبد، اما دهان احمقان حماقت را میچرد.
14ဉာဏ် ကောင်းသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို ရှာ တတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် ခြင်းကို ကျက်စား တတ်၏။
15تمامی روزهای مصیبت کشان بد است، اماخوشی دل ضیافت دائمی است.
15ဆင်းရဲ ငြိုငြင်သောသူ၏ နေ့ရက် ရှိသမျှ တို့သည် ဆိုးယုတ် ကြ၏။ ရွှင်လန်း သောစိတ် နှလုံးမူကား ၊ အစဉ် အမြဲခံရသောပွဲ ဖြစ်၏။
16اموال اندک با ترس خداوند بهتر است ازگنج عظیم با اضطراب.
16နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။
17خوان بقول در جایی که محبت باشد بهتراست، از گاو پرواری که با آن عداوت باشد.
17ဆူ အောင်ကျွေးသော နွား တကောင်လုံးကို အချင်းချင်း အငြိုး ထားသောစိတ်နှင့် စားရသည်ထက်၊ ချစ် ခြင်းမေတ္တာပါသော ဟင်းရွက် တနပ်စာ သည်သာ၍ ကောင်း ၏။
18مرد تندخو نزاع را برمی انگیزد، اما شخص دیرغضب خصومت را ساکن میگرداند.
18မာန ကြီးသောသူ သည် ရန် ကိုနှိုးဆော် တတ်၏။ သည်းခံ နိုင်သော သူမူကား ငြိမ်း တတ်၏။
19راه کاهلان مثل خاربست است، اما طریق راستان شاهراه است.
19ပျင်းရိ သောသူသွားရာ လမ်း ၌ ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား ၊ မို့ မောက်လျက်ရှိ၏။
20پسر حکیم پدر را شادمان میسازد، اما مرداحمق مادر خویش را حقیر میشمارد.
20ပညာရှိ သောသား သည်အဘ ဝမ်းမြောက် ခြင်း အကြောင်းဖြစ်၏။ မိုက် သောသား မူကား ၊ မိမိ အမိ ကို မထီမဲ့မြင် ပြုတတ်၏။
21حماقت در نظر شخص ناقص العقل خوشی است، اما مرد فهیم به راستی سلوک مینماید.
21ဉာဏ် မ ရှိသောသူသည် မိုက် ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ် ရှိသောသူ မူကား ၊ ဖြောင့်မတ် သောအကျင့် ကို ကျင့် တတ်၏။
22از عدم مشورت، تدبیرها باطل میشود، اما از کثرت مشورت دهندگان برقرار میماند.
22တိုင်ပင် ခြင်းမ ရှိလျှင် အကြံ ပျက် တတ်၏။ တိုင်ပင် သော သူများ လျှင် မူကား ၊ အကြံ တည်တတ်၏။
23برای انسان از جواب دهانش شادی حاصل میشود، و سخنی که در محلش گفته شودچه بسیار نیکو است.
23လူ သည်ပြန်ပြော သောစကား အားဖြင့် ဝမ်းမြောက် စရာအကြောင်းရှိ၏။ အချိန်တန် ၍ ပြောသော စကား သည်လည်း အလွန် လျောက်ပတ် ပေ၏။
24طریق حیات برای عاقلان به سوی بالااست، تا از هاویه اسفل دور شود.
24ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။
25خداوند خانه متکبران را منهدم میسازد، اما حدود بیوهزن را استوار مینماید.
25မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား ၊ တည် စေတော်မူမည်။
26تدبیرهای فاسد نزد خداوند مکروه است، اما سخنان پسندیده برای طاهران است.
26မ တရားသောသူ၏ အကြံအစည် တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စင်ကြယ် သောသူ၏ စကား တို့ကိုကား ၊ နှစ်သက် တော်မူ၏။
27کسیکه حریص سود باشد خانه خود رامکدر میسازد، اما هرکه از هدیهها نفرت داردخواهد زیست.
27မ တရားသော စီးပွါးကို ရှာ သောသူသည် မိမိ အိမ်သား တို့ကို နှောင့်ရှက် တတ်၏။ တံစိုး ကိုရွံ သောသူမူကား အသက် ချမ်းသာရလိမ့်မည်။
28دل مرد عادل در جواب دادن تفکر میکند، اما دهان شریران، چیزهای بد را جاری میسازد.
28ဖြောင့်မတ် သောသူသည် အဘယ်သို့ပြန်ပြော ရမည်ကို စိတ် နှလုံးထဲမှာ ဆင်ခြင် တတ်၏။ မ တရားသောသူ ၏နှုတ် မူကား ၊ မ ကောင်းသောအရာတို့ကို သွန်းလောင်း တတ်၏။
29خداوند از شریران دور است، اما دعای عادلان را میشنود.
29ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။
30نور چشمان دل را شادمان میسازد، و خبرنیکو استخوانها را پر مغز مینماید.
30မျက်စိ အလင်း သည် နှလုံး ကို ရွှင်လန်း စေတတ် ၏။ ကောင်း သော သိတင်း စကားသည်လည်း၊ အရိုး တို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။
31گوشی که تنبیه حیات را بشنود، در میان حکیمان ساکن خواهد شد.
31အသက် နှင့်ယှဉ်သောဆုံးမ ခြင်းစကားကို နားထောင် သောသူသည် ပညာရှိ တို့နှင့် ပေါင်းဘော် ရသောအခွင့်ရှိ၏။
32هرکه تادیب را ترک نماید، جان خود راحقیر میشمارد، اما هرکه تنبیه را بشنود عقل راتحصیل مینماید.
32ဆုံးမ ခြင်းစကားကို ပယ် သောသူသည်မိမိ အသက် ဝိညာဉ်ကို မထီမဲ့မြင် ပြုရာသို့ ရောက်၏။ နားထောင် သော သူမူကား ၊ ဉာဏ် ကိုရ တတ်၏။
33ترس خداوند ادیب حکمت است، وتواضع پیشرو حرمت میباشد.
33ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် ပညာ ကိုသွန်သင် ခြင်းဖြစ်၏။ ဂုဏ် အသရေအရင်၌ နှိမ့်ချ ခြင်း၏ နေရာရှိ၏။
Tip: use the ← and → keys to turn chapters.