သုတ္တံကျမ်း။ 27
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1နက်ဖြန် နေ့ ကို အမှီပြု ၍ မ ဝါကြွား နှင့်။ တရက် အတွင်းတွင် အဘယ် သို့ဖြစ်လိမ့်မည်ကို မ သိ နိုင်။
1不要為明日自誇, 因為一日要生何事,你尚且不能知道。
2ကိုယ်တိုင်ကိုယ်ကိုမချီးမွမ်းဘဲ သူတပါး ချီးမွမ်း ပါလေစေ။ ကိုယ် နှုတ် နှင့် ကိုယ်ကိုမ ချီးမွမ်းဘဲ၊ ကိုယ် နှင့် မ ဆိုင်သော သူတပါး ချီးမွမ်း ပါလေစေ။
2要別人誇獎你,不可用口自誇; 等外人稱讚你,不可用嘴自稱。
3ကျောက် နှင့် သဲ သည်လေး ၏။ မိုက် သောသူ၏ ဒေါသ သည် ထို နှစ်ပါး ထက် သာ၍လေး ၏။
3石頭重,沙土沉, 愚妄人的惱怒比這兩樣更重。
4မာန သည်ကြမ်းကြုတ် သော သဘောရှိ၏။ ဒေါသ သည် ပြင်းထန် တတ်၏။ ငြူစူ သောစိတ်ကို ကား၊ အဘယ်သူ ဆီး ၍ ခံနိုင်သနည်း။
4忿怒為殘忍,怒氣為狂瀾, 惟有嫉妒,誰能敵得住呢?
5ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက် သာ၍ကောင်း ၏။
5當面的責備強如背地的愛情。
6အဆွေခင်ပွန်းသည် ဒဏ် ပေး သောအခါ သစ္စာစောင့် လျက်ပေး၏။ ရန်သူ မူကား ၊ နမ်း သောအခါ လှည့်စား တတ်၏။
6朋友加的傷痕出於忠誠; 仇敵連連親嘴卻是多餘。
7စား ၍ ဝသောသူ သည် ပျားလပို့ ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ် သောသူ မူကား ၊ ခါး သောအရာကို ချို သည်ဟု ထင်တတ်၏။
7人吃飽了,厭惡蜂房的蜜; 人飢餓了,一切苦物都覺甘甜。
8မိမိ နေရာ ကို စွန့် ၍ လည်သောသူ သည် မိမိ အသိုက် ကို စွန့် ၍လည်သော ငှက် နှင့် တူ၏။
8人離本處飄流, 好像雀鳥離窩遊飛。
9နံ့သာ ဆီနှင့် နံ့သာ ရည်သည် ရွှင်လန်းစေသကဲ့သို့ ၊ ကြည်ညို သောစိတ်နှင့် အကြံ ပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ် သော လက္ခဏာသည် ရွှင်လန်း စေ တတ်၏။
9膏油與香料使人心喜悅; 朋友誠實的勸教也是如此甘美。
10ကိုယ် အဆွေ ခင်ပွန်းနှင့် အဘ ၏ အဆွေ ခင်ပွန်းကို မ စွန့် နှင့်။ အမှု ရောက်သောကာလ ၌၊ ညီအစ်ကို အိမ် သို့မ သွား နှင့်။ နီး သောအိမ်နီးချင်း သည် ဝေး သော ညီအစ်ကို ထက် သာ၍ကောင်း ၏။
10你的朋友和父親的朋友, 你都不可離棄。 你遭難的日子,不要上弟兄的家去; 相近的鄰舍強如遠方的弟兄。
11ငါ့ သား ၊ ပညာ ရှိလော့။ ကဲ့ရဲ့ သောသူ၏စကား ကို ငါ ချေ နိုင်အောင်၊ ငါ့ စိတ် ကို ရွှင်လန်း စေလော့။
11我兒,你要作智慧人,好叫我的心歡喜, 使我可以回答那譏誚我的人。
12သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍၊ ပုန်းရှောင် လျက်နေတတ်၏။ ဉာဏ်တိမ် သောသူမူကား၊ အစဉ်အတိုင်းသွား ၍ အမှု နှင့်တွေ့တတ်၏။
12通達人見禍藏躲; 愚蒙人前往受害。
13မကျွမ်း သော သူအတွက် ၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူသည် အဝတ် အစ ရှိသောဥစ္စာတစုံတခုကို ပေါင် ထားစေ။
13誰為生人作保,就拿誰的衣服; 誰為外女 作保 ,誰就承當。
14နံနက် စောစော ထ၍၊ မိမိ အဆွေ ခင်ပွန်းကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသောသူသည် ကျိန်ဆဲ ခြင်းကို ပြု ရာရောက်၏။
14清晨起來,大聲給朋友祝福的, 就算是咒詛他。
15ရန်တွေ့ တတ်သော မယား သည် မိုဃ်း သည်းစွာရွာသောနေ့ ၌ အစက်စက် ကျသော မိုဃ်းပေါက်နှင့် တူ၏။
15大雨之日連連滴漏, 和爭吵的婦人一樣;
16ထိုမိန်းမ ကို သိမ်း ထားသောသူသည် လေ ကို သိမ်း ထားသောသူနှင့်တူ၏။ လက်ျာ လက်၌ လိမ်းသော နံ့သာ ဆီကို ဝှက် ၍မထားနိုင်။
16想攔阻她的,便是攔阻風, 也是右手抓油。
17သံ ကို သံ ဖြင့်ထက် စေသကဲ့သို့ ၊ လူ သည်အဆွေ ခင်ပွန်း၏ မျက်နှာ ကို ထက် စေတတ်၏။
17鐵磨鐵,磨出刃來; 朋友相感也是如此。
18သင်္ဘောသဖန်း ပင်ကို စောင့် သောသူသည် သင်္ဘောသဖန်းသီး ကို စား ရ၏။ ထိုနည်းတူ ၊ သခင် အမှုကို ဆောင်ရွက် သောသူသည် ဂုဏ်အသရေ ကို ရတတ်၏။
18看守無花果樹的,必吃樹上的果子; 敬奉主人的,必得尊榮。
19ရေ ၌လူမျက်နှာ ချင်းတူသကဲ့သို့ ၊ လူ တယောက်နှင့်တယောက်စိတ် သဘောတူကြ၏။
19水中照臉,彼此 相符 ; 人與人,心也 相對 。
20မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် အလို မ ပြည့်စုံသကဲ့သို့၊ လူ တို့မျက်စိ သည် အလို မ ပြည့်စုံတတ်။
20陰間和滅亡永不滿足; 人的眼目也是如此。
21ငွေ စစ်စရာဘို့ မိုက် ရှိ၏။ ရွှေ စစ်စရာဘို့ မီးဖို ရှိ၏။ လူ ကိုစစ်စရာဘို့ သူတပါးချီးမွမ်း ခြင်းရှိ၏။
21鼎為煉銀,爐為煉金, 人的稱讚也 試煉 人。
22မိုက် သောသူကို စပါး နှင့်အတူ ဆုံ ၌ ကျည်ပွေ့ နှင့် ထောင်း သော်လည်း ၊ မိုက် သောသဘောမ ထွက် တတ်။
22你雖用杵將愚妄人與打碎的麥子一同搗在臼中, 他的愚妄還是離不了他。
23သင် ၏ သိုးစု အကြောင်း တို့ကို သိ ခြင်းငှါကြိုးစား လော့။ နွားစု တို့ကိုလည်း စေ့စေ့ ကြည့်ရှုလော့။
23你要詳細知道你羊群的景況, 留心料理你的牛群;
24စည်းစိမ် သည် အမြဲ မ တည်တတ်။ ရှင် ဘုရင်၏ စည်းစိမ်သော်လည်း ၊ လူမျိုး အစဉ်အဆက် မတည် တတ်။
24因為資財不能永有, 冠冕豈能存到萬代?
25မြက်ပင် ပေါက် တတ်၏။ ပျိုး ပင်လည်း ထင်ရှား တတ်၏။ တောင် ယာအသီး ကိုလည်း သိမ်း ရ၏။
25乾草割去,嫩草發現, 山上的菜蔬也被收斂。
26သိုးသငယ် တို့သည် သင် ဝတ် စရာဘို့ ၊ ဆိတ် တို့သည် လည်း မြေ အဘိုး ကိုဖြေစရာဘို့ ပြစ်၏။
26羊羔 之毛 是為你作衣服; 山羊是為作田地的價值,
27သင် စားစရာ ဘို့ ၊ အိမ်သူ အိမ်သားစားစရာ ဘို့ ၊ ကျွန် မိန်းမများကို ကျွေး စရာဘို့ ဆိတ် နို့ လောက် လိမ့်မည်။
27並有母山羊奶夠你吃, 也夠你的家眷吃, 且夠養你的婢女。
Tip: use the ← and → keys to turn chapters.