ဟေရှာယ

Old Testament

Chapter 38
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟေရှာယ 38

Greek New Testament: Textus Receptus has no text for this chapter yet.

1ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲ သဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင် သည် အသက် မ ရှင်၊ သေ ရမည်ဟု အမိန့် တော်ကို ပြန် လေ၏။

2ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ သစ္စာ စောင့် လျက်၊

3စုံလင် သော စိတ် နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြု ကြောင်းကို အောက်မေ့ တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက်၊ ထာဝရဘုရား ကို ဆုတောင်း လေ၏။

4တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဟေရှာယ သို့ ရောက် ၍၊

5သင်သည် ဟေဇကိမင်း ထံသို့ သွား ပြီးလျှင်၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြား ပြီ။ သင် ၏ မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင် ၏ အသက် ၌ တဆယ် ငါး နှစ် ကို ငါ ဆက် ၍ ပေးမည်။

6သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါ ကယ်လွှတ် မည်။ ဤ မြို့ ကို ငါ ကွယ်ကာ စောင့်မမည် အရာကို ပြော လော့ဟု မိန့် တော်မူ၏။

7ဟေရှာယက၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသော လက္ခဏာ သက်သေဟူမူကား၊

8ကြည့်ရှု လော့။ အာခတ် ၏နေတိုင်း နာရီပေါ် မှာ ရွေ့ သော အရိပ် ကို ဆယ်ချက်ပြန် စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ် ချက်ရွေ့ ပြီးသော အရိပ်သည် ဆယ် ချက်ပြန် လေ၏။

9ယုဒ မင်းကြီး ဟေဇကိ သည် အနာ မှ ထမြောက် ၍ ရေးထားသော စာ ဟူမူကား၊

10ငါ သည် ငြိမ်သက် စွာ နေစဉ်အခါ၊ မရဏာ နိုင်ငံတံခါး သို့ ဝင် ရပါသည်တကား။ ငါ ၌ ကြွင်း သော နှစ် များ ကို ငါ ရှုံး ပြီဟု ငါဆို သတည်း။

11အသက်ရှင် သောသူတို့ ၏ နေရာ ၌ ၊ ထာဝရဘုရား ကို ငါမ မြင် ရ။ ငြိမ်း ရာအရပ်သား တို့နှင့် ပေါင်းဘော် ရသဖြင့်၊ နောက် တဖန် လူ တို့ကို မ မြင် ရ။

12သိုးထိန်း တဲ ကဲ့သို့ ငါ နေသောအိမ် ကို နှုတ် ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့ အသက် သည် လိပ် လျက်ရှိ၍၊ ရက်ကန်း စင် မှ ငါ့ ကို ပယ် ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆို သတည်း။

13ငါ့ အရိုး ရှိသမျှတို့ကို ချိုး တော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ ဟောက်သကဲ့သို့ နံနက် တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။

14ငါသည် တီတီတွတ် နှင့် ဇရက်ကဲ့သို့မြည်၍ ချိုး ကဲ့သို့ ညည်း တွန်ရ၏။ ငါ့ မျက်စိ တို့သည် မျှော်ကြည့်၍ အား လျော့ကြပြီ။ အိုဘုရား ရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ် ဘက်၌ နေ တော်မူပါ။

15အဘယ်သို့ ငါပြော ရမည်နည်း။ ငါ့ အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြု တော်မူပြီ။ ငါ ၌ ကျန်ကြွင်းသော နှစ် စဉ်ကာလပတ်လုံး ၊ ငါ သည် စိတ် ဆင်းရဲ ခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွား ပါမည်။

16အို ဘုရား ရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာ ရှိသမျှ တို့၌ အကျွန်ုပ် ဝိညာဉ် ၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာ ရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ် အသက်ကို ရှင် စေတော်မူ၏။

17အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။

18အကယ်စင်စစ်မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မ ချီးမွမ်း ရပါ။ သေ နေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်း ထဲသို့ ဆင်း သောသူသည် သစ္စာ တော်ကို မ မြော်လင့် ရပါ။

19အသက် ရှင်သောသူ၊ အသက် ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ် ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘ သည် သား တို့အား သစ္စာ တော်ကို ဘော်ပြ ရပါလိမ့်မည်။

20ထာဝရဘုရား သည် ငါ့ ကို ကယ်တင် တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက် လုံး ဗိမာန် တော်၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း။

21ဟေရှာယ ကလည်း၊ သင်္ဘော သဖန်းသီးအလုံး အထွေးကိုယူ၍ နယ် ပြီးမှ ၊ အနာ ကို အုံ ကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာ ရလိမ့်မည်ဟု ဆို လေ၏။

22ဟေဇကိ မင်းကလည်း၊ ငါသည် ဗိမာန် တော်သို့ တက် လိမ့်မည်ဆိုသော်၊ အဘယ် လက္ခဏာ သက်သေရှိ သနည်းဟုမေး ၏။

Tip: use the ← and → keys to turn chapters.