ဟေရှာယ 12
Greek New Testament: Textus Receptus has no text for this chapter yet.
1ထို ကာလ ၌ သင် မြွက်ဆို ရမည်ကား၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ကို အမျက်ထွက် တော်မူသော်လည်း ၊ တဖန် အမျက် တော်ငြိမ်း ၍ ၊ အကျွန်ုပ် ကို နှစ်သိမ့် စေတော်မူ၏။
2ဘုရား သခင်သည် ငါ့ ကို ကယ်တင် သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့် သောစိတ် မ ရှိဘဲ ရဲရင့် မည်။ ထာဝရဘုရား သည် ငါ ချီးမွမ်း ရာ၊ ငါသီချင်း ဆိုရာ၊ ငါ့ ကို ကယ်တင် တော်မူသောအရှင်ဖြစ် တော်မူ၏။
3သင် တို့သည် ဝမ်းမြောက် သောစိတ် နှင့် ကယ်တင် ခြင်းစမ်းရေတွင်း တို့၌ ရေ ခပ် ရကြလိမ့်မည်။
4ထို ကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့တွင် ဘော်ပြ လော့။ နာမ တော်သည် မြင့်မြတ် သောကြောင့် ချီးမွမ်း ကြလော့။
5ထာဝရဘုရား ကိုထောမနာသီချင်းဆို ကြလော့။ထူးဆန်း သောအမှုကိုပြု တော်မူပြီ။အမှု တော်သည်မြေ တပြင် လုံး၌ ထင်ရှား ပါစေ။
6အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။
Tip: use the ← and → keys to turn chapters.