ဟေရှာယ

Old Testament

Chapter 31
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟေရှာယ 31

Greek New Testament: Textus Receptus has no text for this chapter yet.

1စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။

2ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး ကိုသက်ရောက် စေတော်မူမည်။ စကား တော်မ ပျက် ဘဲ၊ ဆိုး သောလူမျိုး ကို၎င်း၊ မတရား သဖြင့် ပြု သောသူတို့ဘက်မှာ နေ သောသူတို့ကို၎င်းတဘက်၌ ထ တော်မူမည်။

3အဲဂုတ္တု ပြည်သားတို့သည် ဘုရား မ ဖြစ်၊ လူ သက်သက်ဖြစ်ကြ၏။ သူ တို့မြင်း သည်လည်း ဝိညာဉ် မ ဖြစ်၊ အသား သက်သက်ဖြစ်၏။ ထာဝရဘုရား သည် လက် တော်ကို ဆန့် တော်မူသောအခါ၊ မစ တတ်သောသူသည် လဲ လိမ့်မည်။ မစ အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ တို့သည် အတူ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။

4ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့် ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့် အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ တောင် တည်းဟူသောဇိအုန် တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။

5ငှက် သည် သားငယ်ကို အုပ် တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရှုရှလင် မြို့ကို ကွယ်ကာ တော်မူမည်။ ကွယ်ကာ စောင့်မ၍ အပြစ် မပေး၊ ကယ်တင် တော်မူမည်။

6အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန် လွှဲ ရှောင်ပယ်ထားသော ဘုရား ထံ တော်သို့ ပြန် လာ ကြလော့။

7အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ လက် ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို ကာလ ၌ ပစ် လိုက် ကြလိမ့်မည်။

8အာရှုရိ လူသည်လည်း ၊ ကြီးမြတ် သောသူ၏ ထား မဟုတ် သော ထား ဖြင့် ဆုံး လိမ့်မည်။ ယုတ် သောသူ၏ထား မဟုတ် သော ထားသည် သူ့ ကိုဖျက်ဆီး လိမ့်မည်။ သူသည် လည်း ထား ဘေးမှ ပြေး ၍ ၊ သူရဲ တို့သည် ကျွန် ခံ ရကြ လိမ့်မည်။

9သူသည်လည်း ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင် စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌ မီးဖို ရှိသော ထာဝရဘုရား မိန့် တော်မူသတည်း။

Tip: use the ← and → keys to turn chapters.