ဟေရှာယ

Old Testament

Chapter 46
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟေရှာယ 46

Greek New Testament: Textus Receptus has no text for this chapter yet.

1ဗေလ သည် ကျ ပြီ။ နေဗော သည် ကျိုးပဲ့ပြီ။ သူ တို့ ရုပ်တု တို့သည် အခြေလေးချောင်းရှိသောသားတိရစ္ဆာန် တို့ အပေါ် မှာ ရှိကြ၏။ သင် တို့ထမ်း ဘူးသော ဝန်ကို တင်၍၊ ပင်ပန်း သော တိရစ္ဆာန် တို့သည် ထမ်း ရကြ၏။

2သူတို့သည် ကျိုးပဲ့လျက်၊ အတူ လဲ လျက်နေ၍၊ မိမိ တို့ ထမ်းရသောဝန် ကို မ ကယ်တင် နိုင် ဘဲ၊ ကိုယ်တိုင်သိမ်း သွားခြင်းကိုခံ ရကြသည်တကား။

3အိုယာကုပ် အမျိုးသား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ကျန် ကြွင်းသော ဣသရေလ အမျိုးသား အပေါင်း တို့၊ ဘွား စ ကပင်သင်တို့ကို ငါထမ်း လေပြီ။ အမိ ဝမ်း ထဲမှစ၍ ငါဆောင်ရွက် လေပြီ။

4သင်တို့အသက် ကြီး၍ ဆံပင် ဖြူသည်တိုင်အောင် ၊ ငါ သည် ထိုသို့သောသူ ဖြစ် ၍ ၊ သင်တို့ကို ဆောင်ရွက် မည်။ ငါပြု ခဲ့ပြီးသည်အတိုင်း ထမ်း ဦးမည်။ ဆောင်ရွက် ၍ ကယ်တင် မည်။

5သင်တို့သည် ငါ့ ကို အဘယ် သူနှင့် ပုံပြ ကြမည် နည်း။ အဘယ်သူနှင့် တူ စေကြမည်နည်း။ တူ အောင် အဘယ်သူနှင့် ခိုင်းနှိုင်း ကြမည်နည်း။

6ရွှေ ကို အိတ် ထဲက များစွာထုတ် လျက် ၊ ငွေ ကို လည်း ချိန်ခွင် နှင့် ချိန် လျက်၊ ပန်းတိန် သမားကို ငှါး ၍ ဘုရား ကို လုပ် စေပြီးမှ၊ ပြပ်ဝပ် ကိုးကွယ် ကြသည်တကား။

7ထို ဘုရားကို ပခုံး ပေါ် မှာ ထမ်း ၍ ဆောင် သွားသဖြင့် သူ့ နေရာ ၌ ထား ကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ ၏နေရာ မှ သူမ ရွေ့ နိုင်။ သူ့ ကို အော်ဟစ် သော်လည်း ၊ သူသည် မ ထူး။ ဒုက္ခ ဆင်းရဲထဲက မ ကယ် မနှုတ်နိုင်။

8အိုဖောက်ပြန် သောသူတို့၊ ဤ အမှုကို အောက်မေ့ ၍ ယောက်ျားဂုဏ်ကို ပြ ကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။

9ရှေး ကာလ၌ ဖြစ်ဘူးသော အမှု အရာတို့ကို အောက်မေ့ ကြလော့။ ငါ သည် ဘုရား သခင် ဖြစ်၏။ ငါ မှတပါး အခြား သော ဘုရား မ ရှိ။

10အဦး မှစ၍ အဆုံး တိုင်အောင်၎င်း၊ ရှေး ကာလမှ စ၍မ ဖြစ် သေးသော အမှုအရာတို့ကို၎င်းဘော်ပြ လျက် ၊ ငါ့ အကြံ တည် လိမ့်မည်။ ငါ့ အလို ရှိသမျှ ကို ငါပြည့်စုံ စေမည် ဟု ဆို လျက်၊

11ဝေး သောအရပ် ၊ အရှေ့ မျက်နှာမှ ငါ၏လက်ထောက် တည်းဟူသောငှက်ရဲ ကို ခေါ် လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက် အတိုင်း ပြု မည်။ ကြံ သည်အတိုင်း စီရင် မည်။

12စိတ် ခိုင်မာ ၍ ဖြောင့်မတ် ခြင်း တရားနှင့် ဝေး သောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။

13ငါ ၏ဖြောင့်မတ် ခြင်းတရားကို အနီးသို့ ငါဆောင် ခဲ့မည်။ အဝေး ၌မ နေရ။ ငါ ၏ကယ်တင် ခြင်း ကျေးဇူးလည်း မ ဖင့်နွှဲ ရ။ ဇိအုန် တောင်ပေါ် မှာငါ၏ ကယ်တင် ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလ အမျိုး၌ ငါ့ ဘုန်း ကို၎င်းငါထား မည်။

Tip: use the ← and → keys to turn chapters.