ဟေရှာယ

Old Testament

Chapter 56
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟေရှာယ 56

Greek New Testament: Textus Receptus has no text for this chapter yet.

1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား ကို စောင့် ၍ ဖြောင့်မတ် စွာကျင့် ကြလော့။ ငါ ၏ကယ်တင် ခြင်း ကျေးဇူးရောက် ချိန်နှင့်၊ ငါ ၏ဖြောင့်မတ် ခြင်းတရား ထင်ရှား ချိန်ရောက်လုနီး ပြီ။

2ထို သို့ပြု သောသူ ၊ အမြဲစွဲလမ်း သော လူ သား သည်၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက် ကို မပြုမည်အကြောင်း၊ မိမိ လက် ကို ချုပ်တည်း လျှင် လည်း မင်္ဂလာ ရှိ၏။

3ထာဝရဘုရား ၌ မှီဝဲ သော တပါးအမျိုးသား က၊ ထာဝရဘုရား သည် ငါ့ ကို မိမိ လူမျိုး နှင့် ရှင်းရှင်းခွဲ ထား တော်မူပြီဟု မ ဆို စေနှင့်။ မိန်းမလျှာ ကလည်း ၊ ငါ သည် သွေ့ ခြောက်သော အပင် ဖြစ်သည်ဟု မ ဆို စေနှင့်။

4ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ဥပုသ် နေ့ ကို စောင့် လျက်၊ ငါနှစ်သက် သောအရာ ကို ရွေး ယူ၍၊ ငါ ၏ပဋိညာဉ် ကို မှီဝဲ သော မိန်းမလျှာ တို့အား၊

5သား သမီးတို့ ထက် မြတ် သောအရာ၊ မြတ်သော နာမ ကို ငါ့ အိမ် ၊ ငါ့တန်တိုင်း အတွင်း ၌ ငါပေးမည်။ မ ပျောက် နိုင်သော ထာဝရ နာမ ကို သူ တို့အား ငါပေး မည်။

6ထာဝရဘုရားထံ၌ အမှု စောင့်ခြင်း၊ နာမ တော်ကို ချစ် ခြင်း၊ ကျွန် တော်ရင်းဖြစ် ခြင်း အလိုငှါ ၊ ထာဝရဘုရား ၌ မှီဝဲ သော တပါး အမျိုးသားတို့ကို၎င်း၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ၊ ငါ ၏ပဋိညာဉ် ကို စွဲလမ်း သော သူအပေါင်း တို့ကို၎င်း၊

7ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။

8အရပ်ရပ်၌ ကွဲပြား သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေသော အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ စုဝေး ပြီးသော သူများမှတပါး အခြားသောသူတို့ ကို ထိုအစုအဝေး၌ ငါစုဝေး စေဦးမည်ဟု မိန့်တော်မူ ၏။

9အို လယ်ပြင် သား အပေါင်း နှင့် တော ၌ လည် သော သားရဲ အပေါင်း တို့၊ ကိုက်စား ခြင်းငှါ လာ ကြလော့။

10သူ ၏ကင်းစောင့် တို့သည် မျက်စိကန်း ကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ ၍မ ဟောင် နိုင် သော ခွေး၊ ယောင်ယမ်း သောခွေး၊ အိပ် လျက်အိပ် ချင် အားကြီးသော ခွေး ဖြစ်ကြ၏။

11စားချင် အားကြီး ၍ ဝမ်းမ ပြည့် နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မ ကြည့် မရှု တတ်ကြ။ ထိုသိုးထိန်း ရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိ တို့ လမ်း သို့ လိုက် ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ် အကျိုး စီးပွားကိုသာ ရှာကြ၏။

12လာ ကြ။ စပျစ်ရည် ကို ယူ ခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက် ကြစို့။ ယနေ့ ဖြစ်သကဲ့သို့ နက်ဖြန် နေ့ဖြစ် လိမ့်မည်။ ထိုမျှမက ၊ သာ၍ ကြွယ်ဝ လိမ့်မည်ဟု ဆိုတတ်ကြ၏။

Tip: use the ← and → keys to turn chapters.