ဟေရှာယ

Old Testament

Chapter 38
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ဟေရှာယ 38

Judson Burmese Bible (1840)
Berean Standard Bible
1ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲ သဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင် သည် အသက် မ ရှင်၊ သေ ရမည်ဟု အမိန့် တော်ကို ပြန် လေ၏။
1In those days Hezekiah became mortally ill. The prophet Isaiah son of Amoz came to him and said, “This is what the LORD says: ‘Put your house in order, for you are about to die; you will not recover.’”
2ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ သစ္စာ စောင့် လျက်၊
2Then Hezekiah turned his face to the wall and prayed to the LORD,
3စုံလင် သော စိတ် နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြု ကြောင်းကို အောက်မေ့ တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက်၊ ထာဝရဘုရား ကို ဆုတောင်း လေ၏။
3saying, “Please, O LORD, remember how I have walked before You faithfully and with wholehearted devotion; I have done what was good in Your sight.” And Hezekiah wept bitterly.
4တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဟေရှာယ သို့ ရောက် ၍၊
4And the word of the LORD came to Isaiah, saying,
5သင်သည် ဟေဇကိမင်း ထံသို့ သွား ပြီးလျှင်၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြား ပြီ။ သင် ၏ မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင် ၏ အသက် ၌ တဆယ် ငါး နှစ် ကို ငါ ဆက် ၍ ပေးမည်။
5“Go and tell Hezekiah that this is what the LORD, the God of your father David, says: ‘I have heard your prayer; I have seen your tears. Behold, I will add fifteen years to your life.
6သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါ ကယ်လွှတ် မည်။ ဤ မြို့ ကို ငါ ကွယ်ကာ စောင့်မမည် အရာကို ပြော လော့ဟု မိန့် တော်မူ၏။
6And I will deliver you and this city from the hand of the king of Assyria. I will defend this city.
7ဟေရှာယက၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသော လက္ခဏာ သက်သေဟူမူကား၊
7This will be a sign to you from the LORD that He will do what He has promised:
8ကြည့်ရှု လော့။ အာခတ် ၏နေတိုင်း နာရီပေါ် မှာ ရွေ့ သော အရိပ် ကို ဆယ်ချက်ပြန် စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ် ချက်ရွေ့ ပြီးသော အရိပ်သည် ဆယ် ချက်ပြန် လေ၏။
8I will make the sun’s shadow that falls on the stairway of Ahaz go back ten steps.’” So the sunlight went back the ten steps it had descended.
9ယုဒ မင်းကြီး ဟေဇကိ သည် အနာ မှ ထမြောက် ၍ ရေးထားသော စာ ဟူမူကား၊
9This is a writing by Hezekiah king of Judah after his illness and recovery:
10ငါ သည် ငြိမ်သက် စွာ နေစဉ်အခါ၊ မရဏာ နိုင်ငံတံခါး သို့ ဝင် ရပါသည်တကား။ ငါ ၌ ကြွင်း သော နှစ် များ ကို ငါ ရှုံး ပြီဟု ငါဆို သတည်း။
10I said, “In the prime of my life I must go through the gates of Sheol and be deprived of the remainder of my years.”
11အသက်ရှင် သောသူတို့ ၏ နေရာ ၌ ၊ ထာဝရဘုရား ကို ငါမ မြင် ရ။ ငြိမ်း ရာအရပ်သား တို့နှင့် ပေါင်းဘော် ရသဖြင့်၊ နောက် တဖန် လူ တို့ကို မ မြင် ရ။
11I said, “I will never again see the LORD, even the LORD, in the land of the living; I will no longer look on mankind with those who dwell in this world.
12သိုးထိန်း တဲ ကဲ့သို့ ငါ နေသောအိမ် ကို နှုတ် ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့ အသက် သည် လိပ် လျက်ရှိ၍၊ ရက်ကန်း စင် မှ ငါ့ ကို ပယ် ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆို သတည်း။
12My dwelling has been picked up and removed from me like a shepherd’s tent. I have rolled up my life like a weaver; He cuts me off from the loom; from day until night You make an end of me.
13ငါ့ အရိုး ရှိသမျှတို့ကို ချိုး တော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ ဟောက်သကဲ့သို့ နံနက် တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
13I composed myself until the morning. Like a lion He breaks all my bones; from day until night You make an end of me.
14ငါသည် တီတီတွတ် နှင့် ဇရက်ကဲ့သို့မြည်၍ ချိုး ကဲ့သို့ ညည်း တွန်ရ၏။ ငါ့ မျက်စိ တို့သည် မျှော်ကြည့်၍ အား လျော့ကြပြီ။ အိုဘုရား ရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ် ဘက်၌ နေ တော်မူပါ။
14I chirp like a swallow or crane; I moan like a dove. My eyes grow weak as I look upward. O Lord, I am oppressed; be my security.”
15အဘယ်သို့ ငါပြော ရမည်နည်း။ ငါ့ အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြု တော်မူပြီ။ ငါ ၌ ကျန်ကြွင်းသော နှစ် စဉ်ကာလပတ်လုံး ၊ ငါ သည် စိတ် ဆင်းရဲ ခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွား ပါမည်။
15What can I say? He has spoken to me, and He Himself has done this. I will walk slowly all my years because of the anguish of my soul.
16အို ဘုရား ရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာ ရှိသမျှ တို့၌ အကျွန်ုပ် ဝိညာဉ် ၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာ ရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ် အသက်ကို ရှင် စေတော်မူ၏။
16O Lord, by such things men live, and in all of them my spirit finds life. You have restored me to health and have let me live.
17အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။
17Surely for my own welfare I had such great anguish; but Your love has delivered me from the pit of oblivion, for You have cast all my sins behind Your back.
18အကယ်စင်စစ်မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မ ချီးမွမ်း ရပါ။ သေ နေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်း ထဲသို့ ဆင်း သောသူသည် သစ္စာ တော်ကို မ မြော်လင့် ရပါ။
18For Sheol cannot thank You; Death cannot praise You. Those who descend to the Pit cannot hope for Your faithfulness.
19အသက် ရှင်သောသူ၊ အသက် ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ် ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘ သည် သား တို့အား သစ္စာ တော်ကို ဘော်ပြ ရပါလိမ့်မည်။
19The living, only the living, can thank You, as I do today; fathers will tell their children about Your faithfulness.
20ထာဝရဘုရား သည် ငါ့ ကို ကယ်တင် တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက် လုံး ဗိမာန် တော်၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း။
20The LORD will save me; we will play songs on stringed instruments all the days of our lives in the house of the LORD.
21ဟေရှာယ ကလည်း၊ သင်္ဘော သဖန်းသီးအလုံး အထွေးကိုယူ၍ နယ် ပြီးမှ ၊ အနာ ကို အုံ ကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာ ရလိမ့်မည်ဟု ဆို လေ၏။
21Now Isaiah had said, “Prepare a lump of pressed figs and apply it to the boil, and he will recover.”
22ဟေဇကိ မင်းကလည်း၊ ငါသည် ဗိမာန် တော်သို့ တက် လိမ့်မည်ဆိုသော်၊ အဘယ် လက္ခဏာ သက်သေရှိ သနည်းဟုမေး ၏။
22And Hezekiah had asked, “What will be the sign that I will go up to the house of the LORD?”

Tip: use the ← and → keys to turn chapters.