תְהִלִּים 89
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1משכיל לאיתן האזרחי חסדי יהוה עולם אשירה לדר ודר אודיע אמונתך בפי׃
1အကျွန်ုပ်သည် ထာဝရဘုရား ၏ ကရုဏာ တော် ကို အစဉ် အမြဲသီချင်း ဆိုပါမည်။ ကိုယ်တော် ၏သစ္စာ ကို လူမျိုး အဆက်ဆက်တို့အား ဟောပြော မြွက်ဆိုပါမည်။
2כי אמרתי עולם חסד יבנה שמים תכן אמונתך בהם׃
2ကရုဏာ တော်သည် အစဉ် အမြဲတည် ရပါ၏။ သစ္စာ တော်ကို ကောင်းကင် ၌ခိုင်ခံ့ မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
3כרתי ברית לבחירי נשבעתי לדוד עבדי׃
3ကိုယ်တော်မိန့်တော်မူသည်ကား၊ သင် ၏အမျိုးအနွယ် ကို အစဉ် မပြတ်ငါမြဲမြံစေမည်။
4עד עולם אכין זרעך ובניתי לדר ודור כסאך סלה׃
4သင် ၏ပလ္လင် ကိုလည်း လူမျိုး အဆက်ဆက်တည်စေမည်ဟု ငါ ရွေးကောက် သောသူနှင့် ငါသည် ပဋိညာဉ် ဖွဲ့ ၍ ၊ ငါ ၏ ကျွန် ဒါဝိဒ် အား ကျိန်ဆို ခြင်းကိုပြုပြီ။
5ויודו שמים פלאך יהוה אף אמונתך בקהל קדשים׃
5အို ထာဝရဘုရား ၊ ကောင်းကင် သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း ၊ သန့်ရှင်း သောသူတို့သည် စည်းဝေး လျက် သစ္စာ တော်ကို၎င်း ချီးမွမ်း ကြပါစေသော။
6כי מי בשחק יערך ליהוה ידמה ליהוה בבני אלים׃
6အကြောင်း မူကား၊ ကောင်းကင် တွင် ထာဝရဘုရား နှင့် အဘယ် သူပြိုင် နိုင်သနည်း။ ဘုရား သခင်၏ သား တို့တွင် ထာဝရဘုရား နှင့် အဘယ်သူတူ သနည်း။
7אל נערץ בסוד קדשים רבה ונורא על כל סביביו׃
7ဘုရား သခင်သည် သန့်ရှင်း သူတို့၏ ပရိသတ် တွင် အလွန် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။ အထံ တော်၌ ပတ်လည် နေသောသူအပေါင်း တို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။
8יהוה אלהי צבאות מי כמוך חסין יה ואמונתך סביבותיך׃
8ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရား သည် ခွန်အား ကြီးတော်မူ၏။ သစ္စာ တော်လည်း ကိုယ်တော် ကို ပတ် ဝန်းလျက်ရှိပါ၏။
9אתה מושל בגאות הים בשוא גליו אתה תשבחם׃
9သမုဒ္ဒရာ ဟုန်း ခြင်းကို အစိုးရ တော်မူ၏။ လှိုင်း တံပိုးထ သောအခါ ငြိမ်း စေတော်မူ၏။
10אתה דכאת כחלל רהב בזרוע עזך פזרת אויביך׃
10ကိုယ်တော် သည် သူရဲ ကဲ့သို့ ရာခပ် ကိုချိုးဖျက် ၍၊ အားကြီး သော လက်ရုံး တော်ဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ကွဲပြား စေတော်မူ၏။
11לך שמים אף לך ארץ תבל ומלאה אתה יסדתם׃
11ကောင်းကင် နှင့်မြေကြီး သည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါ၏။ လောကဓါတ် နှင့် လောကဓါတ် တန်ဆာ များကို တည် တော်မူပြီ။
12צפון וימין אתה בראתם תבור וחרמון בשמך ירננו׃
12မြောက် မျက်နှာနှင့် တောင် မျက်နှာကိုလည်း ဖန်ဆင်း တော်မူပြီ။ တာဗော် တောင်နှင့် ဟေရမုန် တောင်သည် နာမတော် ကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။
13לך זרוע עם גבורה תעז ידך תרום ימינך׃
13တန်ခိုး ရှိသောလက်ရုံး နှင့် ပြည့်စုံတော်မူ၏။ လက် တော်သည် အားကြီး ၍၊ လက်ျာ လက်တော်သည် မြင့် ပါ၏။
14צדק ומשפט מכון כסאך חסד ואמת יקדמו פניך׃
14တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင် တော်၏ တည် ရာဖြစ်ပါ၏။ ကရုဏာ နှင့် သစ္စာ သည် မျက်နှာ တော်ရှေ့၌ သွား ကြပါ၏။
15אשרי העם יודעי תרועה יהוה באור פניך יהלכון׃
15အို ထာဝရဘုရား ၊ နှိုးဆော် တော်မူ ခြင်းအသံကို နားလည် သော လူမျိုး သည် မင်္ဂလာ ရှိပါ၏။
16בשמך יגילון כל היום ובצדקתך ירומו׃
16သူတို့သည် မျက်နှာ တော်အလင်း ၌ သွား လာရကြပါ၏။ နာမ တော်၌ အစဉ် ဝမ်းမြောက် ၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက် ခြင်းသို့ ရောက်ရ ကြပါ၏။
17כי תפארת עזמו אתה וברצנך תרים קרננו׃
17ကိုယ်တော် သည် သူ တို့အစွမ်း သတ္တိ၏ ဘုန်း ဖြစ် တော်မူ၏။ ကျေးဇူး တော်အားဖြင့် လည်း အကျွန်ုပ် တို့၏ ဦးချို သည် ချီးမြှောက် လျက် ရှိပါ၏။
18כי ליהוה מגננו ולקדוש ישראל מלכנו׃
18ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား သည် အကျွန်ုပ် တို့၏ ရှင်ဘုရင် ဖြစ်တော်မူ၏။
19אז דברת בחזון לחסידיך ותאמר שויתי עזר על גבור הרימותי בחור מעם׃
19တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။
20מצאתי דוד עבדי בשמן קדשי משחתיו׃
20ငါ ၏ ကျွန် ဒါဝိဒ် ကို ငါတွေ့ ၍၊ သန့်ရှင်း သော ဆီ နှင့် ဘိသိက် ပေးပြီ။
21אשר ידי תכון עמו אף זרועי תאמצנו׃
21သူ့ ဘက် မှာ ငါ့ လက် သည် တည် လိမ့်မည်။ ငါ့ လက်ရုံး သည် သူ့ ကို မြဲမြံ ခိုင်ခံ့စေမည်။
22לא ישא אויב בו ובן עולה לא יעננו׃
22ရန်သူ သည် သူ ၏ ဥစ္စာကို အနိုင်အထက်မ ယူ ရ။ မ တရားသောသူ သည် မ ညှဉ်းဆဲ ရ။
23וכתותי מפניו צריו ומשנאיו אגוף׃
23သူ ၏ ရန်သူ တို့ကို သူ့ ရှေ့ မှာ ငါနှိပ်စက် ၍ ၊ သူ့ ကိုမုန်း သောသူတို့ ကို ဒဏ်ခတ် မည်။
24ואמונתי וחסדי עמו ובשמי תרום קרנו׃
24ငါ ၏သစ္စာ နှင့် ကရုဏာ သည် သူ့ ဘက် မှာနေ၍ ၊ ငါ ၏နာမ အားဖြင့် သူ ၏ ဦးချို သည် ချီးမြှောက် လျက် ရှိလိမ့်မည်။
25ושמתי בים ידו ובנהרות ימינו׃
25သူ ၏လက် ကိုလည်း ၊ ပင်လယ် ပေါ် မှာ၎င်း ၊ သူ ၏လက်ျာ လက်ကို မြစ် များပေါ် မှာ၎င်း ငါတင် ၍ ထားမည်။
26הוא יקראני אבי אתה אלי וצור ישועתי׃
26သူကလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် ရာ ကျောက် ဖြစ်တော်မူ၏ဟု၊ ငါ့ ကို ကြွေးကြော် လိမ့်မည်။
27אף אני בכור אתנהו עליון למלכי ארץ׃
27အကယ် စင်စစ်သူ့ ကို သားဦး အရာ၌ ခန့်ထား ၍၊ လောကီ ရှင် ဘုရင်တို့အပေါ် မှာ ချီးမြှောက် မည်။
28לעולם אשמור לו חסדי ובריתי נאמנת לו׃
28ငါ ၏ ကရုဏာ ကို သူ့ အဘို့ ငါသည် အစဉ် စောင့် ၍ ၊ ငါ ၏ ပဋိညာဉ် တရားသည် သူ ၌ မြဲမြံ လိမ့်မည်။
29ושמתי לעד זרעו וכסאו כימי שמים׃
29သူ ၏ အမျိုးအနွယ် ကို အစဉ် အမြဲတည် စေမည်။ သူ ၏ပလ္လင် သည် ကောင်းကင် ကာလ ကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
30אם יעזבו בניו תורתי ובמשפטי לא ילכון׃
30သူ ၏သား မြေးတို့သည် ငါ့ တရား ကို စွန့်ပယ် ၍ ၊ ငါ ၏စီရင် ချက်တို့ကို မ ကျင့် ၊
31אם חקתי יחללו ומצותי לא ישמרו׃
31ငါ ၏အထုံးအဖွဲ့ တို့ကို ရှုတ်ချ ၍ ၊ ငါ ၏ပညတ် တို့ကို မ စောင့် ဘဲနေလျှင် ၊
32ופקדתי בשבט פשעם ובנגעים עונם׃
32ငါသည် သူ တို့ပြစ်မှား သောကြောင့်၊ ကြိမ်လုံး နှင့် ဆုံးမ ၍ ဒဏ်ချက် တို့နှင့် ဒုစရိုက် အတိုင်း အပြစ်ပေးမည်။
33וחסדי לא אפיר מעמו ולא אשקר באמונתי׃
33သို့သော်လည်း ၊ ငါ ၏ကရုဏာ ကိုသူ မှ ငါမ နှုတ် မပယ်။ ငါ ၏သစ္စာ ကိုလည်း မ ဖျက် ။
34לא אחלל בריתי ומוצא שפתי לא אשנה׃
34ငါ ၏ပဋိညာဉ် တရားကိုလည်း မ ရှုတ်ချ ။ ငါ မိန့် မြွက်သော စကား လည်း ဖေါက်ပြန် ခြင်းမ ရှိရ။
35אחת נשבעתי בקדשי אם לדוד אכזב׃
35ငါသည် ဒါဝိဒ် ကို မ လှည့်စား ဟု ငါ ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါ ကျိန်ဆို ပြီ။
36זרעו לעולם יהיה וכסאו כשמש נגדי׃
36သူ ၏အမျိုးအနွယ် သည် အစဉ် အမြဲတည် ရမည်။ သူ ၏ပလ္လင် သည်လည်း ၊ ငါ့ ရှေ့ ၌ နေ ကဲ့သို့ ဖြစ်ရမည်။
37כירח יכון עולם ועד בשחק נאמן סלה׃
37လ ကဲ့သို့ ၎င်း၊ မိုဃ်း ကောင်းကင်၌ သစ္စာ စောင့်သော သက်သေ ကဲ့သို့၎င်း ၊ အစဉ် မြဲမြံ ရမည်ဟု ကိုယ်တော် သည် မိန့်တော်မူပါပြီ။
38ואתה זנחת ותמאס התעברת עם משיחך׃
38သို့သော်လည်း ၊ ကိုယ်တော် သည် ယခုစွန့်ပယ် ၍ ရွံရှာ တော်မူပြီ။ အထံ တော်၌ ဘိသိက် ခံသောသူကို အမျက်ထွက် တော်မူပြီ။
39נארתה ברית עבדך חללת לארץ נזרו׃
39ကိုယ်တော် ၏ ကျွန် နှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ၍၊ သူ ၏သရဖူ ကို မြေ တိုင်အောင် ရှုတ်ချ တော်မူပြီ။
40פרצת כל גדרתיו שמת מבצריו מחתה׃
40သူ ၏ခြံ ရှိသမျှ တို့ကိုချိုး ၍၊ သူ ၏တိုက် များကို ဖြိုဖျက် တော်မူပြီ။
41שסהו כל עברי דרך היה חרפה לשכניו׃
41လမ်း ၌ရှောက်သွား သော သူအပေါင်း တို့သည် သူ့ ကိုလုယူ ကြ၏။ အိမ်နီးချင်း တို့တွင် ကဲ့ရဲ့ ဘွယ်ဖြစ် ပါ၏။
42הרימות ימין צריו השמחת כל אויביו׃
42သူ ၏ရန်သူ တို့ လက်ျာ လက်ကို ချီးမြှင့် ၍၊ ရန်ဘက် ပြုသောသူ အပေါင်း တို့ကို ဝမ်းမြောက် စေ တော်မူ၏။
43אף תשיב צור חרבו ולא הקימתו במלחמה׃
43သူ ၏ထား သွားကိုလိပ် စေ၍ ၊ သူ စစ် တိုက်ရာတွင် ထောက်မ တော်မ မူပါ။
44השבת מטהרו וכסאו לארץ מגרתה׃
44သူ ၏ဘုန်း ကို ကွယ် စေ၍ ၊ သူ ၏ရာဇပလ္လင် ကို မြေ သို့ နှိမ့်ချ တော်မူပြီ။
45הקצרת ימי עלומיו העטית עליו בושה סלה׃
45သူ ၏ပျို သောအရွယ် ကို တို စေ၍ အရှက်ခွဲ တော်မူပြီ။
46עד מה יהוה תסתר לנצח תבער כמו אש חמתך׃
46အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မ ထင်ရှားဘဲ၊ အဘယ် မျှကာလ ပတ်လုံးပုန်း ၍ နေတော်မူ မည်နည်း။ အမျက် တော်သည် အဘယ်မျှကာလ ပတ်လုံးမီး ကဲ့သို့ လောင် ရပါမည်နည်း။
47זכר אני מה חלד על מה שוא בראת כל בני אדם׃
47အကျွန်ုပ် ၏ အသက်တာသည် အဘယ် မျှလောက် တို သည်ကို၎င်း၊ အဘယ် မျှလောက်ပျက် တတ် စေ ခြင်းငှါ၊ လူသား အပေါင်း တို့ကို ဖန်ဆင်း တော်မူသည် ကို၎င်း၊ အောက်မေ့ တော်မူပါ။
48מי גבר יחיה ולא יראה מות ימלט נפשו מיד שאול סלה׃
48သေ ခြင်းသို့မ ရောက်၊ အသက် ရှင်၍ မိမိ ဝိညာဉ် ကို မရဏ နိုင်ငံတန်ခိုး မှ ကယ်နှုတ် နိုင်သော သူကား အဘယ် သူနည်း။
49איה חסדיך הראשנים אדני נשבעת לדוד באמונתך׃
49အို ထာဝရ ဘုရား၊ သစ္စာ တော်နှင့်တကွ ကိုယ်တော် ၏ ကျွန်ဒါဝိဒ် အား ကျိန်ဆို တော်မူသောရှေး ကရုဏာ တော်သည် အဘယ် မှာရှိပါသနည်း။
50זכר אדני חרפת עבדיך שאתי בחיקי כל רבים עמים׃
50အိုထာဝရ ဘုရား၊ ကိုယ်တော် ၏ ကျွန် တို့သည် ခံရသောကဲ့ရဲ့ ခြင်းကို အောက်မေ့ တော်မူပါ။ များစွာ သော လူ တို့၏ အမှုအလုံးစုံ ကို အကျွန်ုပ် သည် ကိုယ် ရင်ခွင် ၌ ဆောင် ရပါ၏။
51אשר חרפו אויביך יהוה אשר חרפו עקבות משיחך׃
51အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ကဲ့ရဲ့ တတ်ကြပါ၏။ အထံ တော်၌ ဘိသိက် ခံသောသူ၏ ခြေတော် ရာတို့ကို ကဲ့ရဲ့ တတ်ကြပါ ၏။
52ברוך יהוה לעולם אמן ואמן׃
52ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင် ။
Tip: use the ← and → keys to turn chapters.