תְהִלִּים 104
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ברכי נפשי את יהוה יהוה אלהי גדלת מאד הוד והדר לבשת׃
1အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် အလွန် ကြီးမြတ် တော်မူ၏။ ဘုန်း တန်ခိုး အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။
2עטה אור כשלמה נוטה שמים כיריעה׃
2အဝတ် နှင့်ခြုံသကဲ့သို့ ၊ အလင်း နှင့် ကိုယ်တော်ကို ခြုံ တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် တော်မူထသော၊
3המקרה במים עליותיו השם עבים רכובו המהלך על כנפי רוח׃
3နေတော်မူရာအထက် ခန်း၊ အမြစ်ကိုရေ ၌ တည် တော်မူထသော၊ မိုဃ်းတိမ် ရထား ကို စီး၍၊ လေ အတောင် တို့ဖြင့် ကြွ သွားတော်မူထသော၊
4עשה מלאכיו רוחות משרתיו אש להט׃
4မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း၊ မိမိ အစေအပါး တို့ကို မီး လျှံ ကဲ့သို့၎င်း ဖြစ် စေတော်မူထသော၊
5יסד ארץ על מכוניה בל תמוט עולם ועד׃
5မြေကြီး အမြစ် ကို ကာလ အစဉ်အမြဲ မ ရွေ့ မလှုပ် စေခြင်းငှါ၊ တည် တော်မူသောဘုရားပေတည်း။
6תהום כלבוש כסיתו על הרים יעמדו מים׃
6ကိုယ်တော်သည် မြေကြီး ကို အဝတ် နှင့် ဖုံး သကဲ့သို့ ၊ ပင်လယ် နှင့် ဖုံးတော်မူ၍၊ ရေ တို့သည် တောင် များ အပေါ် မှာ ရပ် နေကြပါ၏။
7מן גערתך ינוסון מן קול רעמך יחפזון׃
7တဖန် ဆုံးမ တော်မူ၍ သူတို့သည် ပြေး ကြပါ၏။ မိုဃ်းချုန်း တော်မူသံ ကိုကြား၍ ၊ အလျင် အမြန်ပြန်သွား ကြပါ၏။
8יעלו הרים ירדו בקעות אל מקום זה יסדת להם׃
8တောင် တို့သည် တက် လျက်၊ ချိုင့် တို့သည် ဆင်း လျက်၊ သူ တို့ဘို့ ခွဲခန့် တော်မူသောအရပ် သို့ ရောက်ကြပါ ၏။
9גבול שמת בל יעברון בל ישובון לכסות הארץ׃
9ရေတို့သည် ပြန်လာ ၍ မြေကြီး ကို မ လွှမ်းမိုး စေခြင်းငှါ ၊ မ ကျော် ရသောနယ်စပ် ကိုပိုင်းခြား တော်မူ၏။
10המשלח מעינים בנחלים בין הרים יהלכון׃
10ထာဝရဘုရားသည် ချိုင့် များထဲ သို့ စမ်း ရေကို လွှတ် တော်မူ၍၊ ရေသည် တောင် တို့တွင် စီး လျက်၊
11ישקו כל חיתו שדי ישברו פראים צמאם׃
11မြေ တိရစ္ဆာန် အပေါင်း တို့အား သောက် ရသောအခွင့်ကိုပေး ၏။ မြည်း ရိုင်းတို့သည် အငတ် ပြေ ရကြ၏။
12עליהם עוף השמים ישכון מבין עפאים יתנו קול׃
12ထို ရေအနား မှာ မိုဃ်း ကောင်းကင်ငှက် တို့သည် နေရာ ကျ၍ ၊ သစ်ပင် အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။
13משקה הרים מעליותיו מפרי מעשיך תשבע הארץ׃
13အထက် ခန်းတော်ထဲ က တောင် များကို ရေ ပေး တော်မူ၏။ စီရင် ပြုပြင်တော်မူခြင်းအကျိုး ကြောင့် ၊ မြေကြီး သည် ရောင့်ရဲ လျက်ရှိ၏။
14מצמיח חציר לבהמה ועשב לעבדת האדם להוציא לחם מן הארץ׃
14တိရစ္ဆာန် ဘို့ မြက်ပင် ကို၎င်း ၊ လူ သုံးဘို့ စပါး ပင်ကို၎င်းပေါက် စေတော်မူသဖြင့်၊ မြေကြီး ထဲ က မုန့် ကို ထုတ် ဘော်တော်မူ၏။
15ויין ישמח לבב אנוש להצהיל פנים משמן ולחם לבב אנוש יסעד׃
15စပျစ် ရည်သည်လည်း လူ တို့ကို ရွှင်လန်း စေ၏။ ဆီ အားဖြင့်လည်း သူတို့မျက်နှာ ကို ပြောင် စေတော်မူ၏။ မုန့် သည်လည်း ၊ သူ တို့နှလုံး ကို ထောက်မ ၏။
16ישבעו עצי יהוה ארזי לבנון אשר נטע׃
16ထာဝရဘုရား ၏သစ်ပင် ၊ စိုက် တော်မူသောလေဗနုန် အာရဇ် ပင်တို့သည်လည်း ရောင့်ရဲ လျက်ရှိကြ၏။
17אשר שם צפרים יקננו חסידה ברושים ביתה׃
17ထိုအပင်တို့၌ ငှက် တို့သည် အသိုက် လုပ်တတ် ကြ၏။ ထင်းရူး ပင်တို့၌ တောငန်း တို့သည် နေရာ ကျ တတ်ကြ၏။
18הרים הגבהים ליעלים סלעים מחסה לשפנים׃
18မြင့် သောတောင် တို့သည် တောဆိတ် များမှီခို ရာ၊ ကျောက် တို့သည် ရှာဖန်ယုန် များ မှီခိုရာ ဖြစ်ကြ၏။
19עשה ירח למועדים שמש ידע מבואו׃
19ချိန်းချက် သောအချိန်ဘို့ ၊ လ ကို ဖန်းဆင်း တော်မူပြီ။ နေ သည်လည်း၊ မိမိ ဝင် ရသောအချိန်ကိုသိ ၏။
20תשת חשך ויהי לילה בו תרמש כל חיתו יער׃
20ကိုယ်တော်သည် မှောင်မိုက် ကို စီရင် တော်မူ၍ ညဉ့် ဖြစ် ပါ၏။ ထိုအချိန်၌ တော တိရစ္ဆာန် အပေါင်း တို့ သည် တွား လျက် ထွက်တတ်ကြပါ၏။
21הכפירים שאגים לטרף ולבקש מאל אכלם׃
21ခြင်္သေ့ ပျိုတို့သည် လုယက် ခြင်းအလိုငှါ ဟောက် ၍ ၊ ဘုရား သခင့်ထံမှာ အစာ ကို ရှာ ကြပါ၏။
22תזרח השמש יאספון ואל מעונתם ירבצון׃
22တဖန်နေ ထွက် ပြန်လျှင်၊ သူတို့သည် ဆုတ် သွား ၍ နေမြဲတွင်း တို့၌ အိပ် နေကြပါ၏။
23יצא אדם לפעלו ולעבדתו עדי ערב׃
23လူ သည်လည်း လုပ်ဆောင် ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွား ပါ၏။
24מה רבו מעשיך יהוה כלם בחכמה עשית מלאה הארץ קנינך׃
24အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။
25זה הים גדול ורחב ידים שם רמש ואין מספר חיות קטנות עם גדלות׃
25မ ရေတွက် နိုင်အောင် တွား တတ်သော တိရစ္ဆာန် အစရှိ သော တိရစ္ဆာန်အကြီး အငယ် များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာ လည်း ရှိပါသေး၏။
26שם אניות יהלכון לויתן זה יצרת לשחק בו׃
26ထို အရပ်၌ သင်္ဘော တို့သည် သွား လာကြပါ၏။ ထို အရပ်၌ ကွန့်မြူးစေခြင်းငှါဖန်ဆင်းတော်မူသောငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
27כלם אליך ישברון לתת אכלם בעתו׃
27ထိုသို့သော တိရစ္ဆာန် အပေါင်း တို့သည် အချိန်တန် လျှင် အစာ ကျွေး တော်မူစေခြင်းငှါ ၊ ကိုယ်တော် ကို မြော်လင့် လျက် နေကြပါ၏။
28תתן להם ילקטון תפתח ידך ישבעון טוב׃
28ကိုယ်တော်ချ ထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူ ကြပါ၏။ လက် တော်ကို ဖွင့် တော်မူသော အားဖြင့် ၊ သူတို့သည် ကောင်း သောအရာနှင့် ရောင့်ရဲ ကြ ပါ၏။
29תסתיר פניך יבהלון תסף רוחם יגועון ואל עפרם ישובון׃
29မျက်နှာ တော်ကို လွှဲ တော်မူလျှင်၊ သူတို့သည် ပင်ပန်း ကြပါ၏။ သူ တို့အသက် ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ ၍ မိမိ တို့မြေမှုန့် ထဲ သို့ ပြန် သွားကြပါ၏။
30תשלח רוחך יבראון ותחדש פני אדמה׃
30တဖန်ဝိညာဉ် တော်ကို လွှတ် ၍ ၊ သူတို့ကို ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီး မျက်နှာ ကို အသစ် ပြုပြင် တော်မူ၏။
31יהי כבוד יהוה לעולם ישמח יהוה במעשיו׃
31ထာဝရဘုရား ၏ဘုန်း တော်သည် နိစ္စ အမြဲ တည် ၏။ ထာဝရဘုရား သည် မိမိ အမှု တော်တို့တွင် ဝမ်းမြောက် တော်မူ၏။
32המביט לארץ ותרעד יגע בהרים ויעשנו׃
32မြေကြီး ကို ကြည့်ရှု တော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင် တို့ကို တို့ တော်မူ၍ ၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
33אשירה ליהוה בחיי אזמרה לאלהי בעודי׃
33ငါ သည် အသက် ရှင်စဉ် ၊ ထာဝရဘုရား ကို သီချင်း ဆိုမည်။ ငါဖြစ်သည် ကာလ ပတ်လုံး၊ ငါ ၏ ဘုရား သခင် ကို ထောမနာသီချင်း ဆိုမည်။
34יערב עליו שיחי אנכי אשמח ביהוה׃
34ငါ ဥဒါန်း ကျူးခြင်းအသံသည် နှစ်သက် တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား ၌ ငါ ရွှင်လန်း လိမ့်မည်။
35יתמו חטאים מן הארץ ורשעים עוד אינם ברכי נפשי את יהוה הללו יה׃
35ပြစ်မှား သောသူတို့ကို မြေကြီး မှ သုတ်သင် ပယ်ရှင်း၍ ၊ မ တရားသောသူတို့ သည် နောက် တဖန် မ ဖြစ်ရကြ။ အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။
Tip: use the ← and → keys to turn chapters.