2 דִּבְרֵי הַיָּמִים 1
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויתחזק שלמה בן דויד על מלכותו ויהוה אלהיו עמו ויגדלהו למעלה׃
1ဒါဝိဒ် ၏သား တော်ရှောလမုန် သည်၊ မိမိ ဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ၊
2ויאמר שלמה לכל ישראל לשרי האלפים והמאות ולשפטים ולכל נשיא לכל ישראל ראשי האבות׃
2လူတထောင် အုပ်၊ တရာ အုပ်၊ တရားသူကြီး ၊ ဣသရေလ မင်း အပေါင်း တို့နှင့် အဆွေအမျိုးသူကြီး အစ ရှိသောဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍၊
3וילכו שלמה וכל הקהל עמו לבמה אשר בגבעון כי שם היה אהל מועד האלהים אשר עשה משה עבד יהוה במדבר׃
3တော ၌ ထာဝရဘုရား ၏ကျွန် မောရှေ လုပ် ခဲ့ သော ဘုရားသခင် ၏ပရိသတ် စည်းဝေးရာ တဲ တော်သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသည်ဖြစ်၍ထို အရပ် သို့ ပရိသတ် အပေါင်း တို့နှင့်အတူ သွား တော်မူ၏။
4אבל ארון האלהים העלה דויד מקרית יערים בהכין לו דויד כי נטה לו אהל בירושלם׃
4ဘုရားသခင် ၏ သေတ္တာ တော်ကို ကား ဒါဝိဒ် ပြင်ဆင် သောအရပ်၊ ယေရုရှလင် မြို့၌ ဆောက် နှင့် သောတဲ သို့ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့သော်လည်း၊
5ומזבח הנחשת אשר עשה בצלאל בן אורי בן חור שם לפני משכן יהוה וידרשהו שלמה והקהל׃
5ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
6ויעל שלמה שם על מזבח הנחשת לפני יהוה אשר לאהל מועד ויעל עליו עלות אלף׃
6ထိုသို့ ပရိသတ်စည်းဝေး ရာတဲ တော်ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ရှိသောကြေးဝါ ယဇ် ပလ္လင်သို့ ရှောလမုန် ရောက် ၍ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
7בלילה ההוא נראה אלהים לשלמה ויאמר לו שאל מה אתן לך׃
7ထို ညဉ့် တွင် ဘုရားသခင် သည် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည့်ဆုကို တောင်း လော့ဟု မိန့် တော်မူ၏။
8ויאמר שלמה לאלהים אתה עשית עם דויד אבי חסד גדול והמלכתני תחתיו׃
8ရှောလမုန် ကလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဒါဝိဒ် ၌ များစွာ သော ကျေးဇူး ကိုပြု တော်မူပြီ။ အဘ အရာ ၌လည်း အကျွန်ုပ် ကို နန်းထိုင် စေတော်မူပြီ။
9עתה יהוה אלהים יאמן דברך עם דויד אבי כי אתה המלכתני על עם רב כעפר הארץ׃
9ယခု မှာ အိုထာဝရ အရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့်များပြား သော လူ တို့၏ ရှင် ဘုရင်အရာ၌ အကျွန်ုပ် ကို ချီးမြှောက်တော်မူသောကြောင့် အဘ ဒါဝိဒ် ၌ ထားသော ဂတိတော် ကို တည် စေတော်မူပါ။
10עתה חכמה ומדע תן לי ואצאה לפני העם הזה ואבואה כי מי ישפט את עמך הזה הגדול׃
10အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
11ויאמר אלהים לשלמה יען אשר היתה זאת עם לבבך ולא שאלת עשר נכסים וכבוד ואת נפש שנאיך וגם ימים רבים לא שאלת ותשאל לך חכמה ומדע אשר תשפוט את עמי אשר המלכתיך עליו׃
11ဘုရားသခင် ကလည်း ၊ သင်သည် ထိုသို့အောက်မေ့ ၍ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို မတောင်း၊ ရန်သူ တို့ ၏ အသက် ကိုလည်း မ တောင်း ၊ တာရှည် သော အသက် ကိုလည်း မ တောင်း ၊ ငါခန့်ထား၍ သင်အစိုး ရသောငါ ၏ လူမျိုး ကို တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ် ပညာ ကိုသာ ကိုယ် အဘို့ တောင်း သောကြောင့် ၊ ဉာဏ် ပညာကို ငါပေး ၏။
12החכמה והמדע נתון לך ועשר ונכסים וכבוד אתן לך אשר לא היה כן למלכים אשר לפניך ואחריך לא יהיה כן׃
12ထိုမှတပါး သင့် ရှေ့ မှာဖြစ် ဘူးသော ရှင်ဘုရင်နှင့် သင့် နောက် ၌ ဖြစ် လတံ့ သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ် ဥစ္စာ ၊ ဂုဏ် အသရေကိုလည်း ငါပေး မည်ဟု မိန့်တော်မူ၏။
13ויבא שלמה לבמה אשר בגבעון ירושלם מלפני אהל מועד וימלך על ישראל׃
13ထိုအခါ ရှောလမုန် သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှ သည် ယေရုရှလင် မြို့သို့ ပြန် သွား၍ ၊ ဣသရေလ ပြည်ကို အုပ်စိုး လျက်နေတော်မူ၏။
14ויאסף שלמה רכב ופרשים ויהי לו אלף וארבע מאות רכב ושנים עשר אלף פרשים ויניחם בערי הרכב ועם המלך בירושלם׃
14ထိုနောက် ရှောလမုန် သည် ရထား များ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ် ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့ ၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
15ויתן המלך את הכסף ואת הזהב בירושלם כאבנים ואת הארזים נתן כשקמים אשר בשפלה לרב׃
15ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ရွှေ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း၊ များပြား စေ ၏။
16ומוצא הסוסים אשר לשלמה ממצרים ומקוא סחרי המלך מקוא יקחו במחיר׃
16ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည် တို့သည် အဘိုး ပေးလျက် ၊ ကော မြို့၌ ခံယူ ရကြ၏။
17ויעלו ויוציאו ממצרים מרכבה בשש מאות כסף וסוס בחמשים ומאה וכן לכל מלכי החתים ומלכי ארם בידם יוציאו׃
17အဲဂုတ္တု ပြည်မှ ရထား တခုကိုငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါးဆယ် နှင့် ၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ၊ ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
Tip: use the ← and → keys to turn chapters.