2 דִּבְרֵי הַיָּמִים

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 15
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

2 דִּבְרֵי הַיָּמִים 15

Modern Hebrew Bible
Judson Burmese Bible (1840)
1ועזריהו בן עודד היתה עליו רוח אלהים׃
1ဘုရားသခင် ၏ဝိညာဉ် တော်သည် ဩဒက် သား အာဇရိ အပေါ် သို့ သက်ရောက် ၍၊
2ויצא לפני אסא ויאמר לו שמעוני אסא וכל יהודה ובנימן יהוה עמכם בהיותכם עמו ואם תדרשהו ימצא לכם ואם תעזבהו יעזב אתכם׃
2အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။
3וימים רבים לישראל ללא אלהי אמת וללא כהן מורה וללא תורה׃
3ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား မ ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
4וישב בצר לו על יהוה אלהי ישראל ויבקשהו וימצא להם׃
4ဘေး ရောက်သဖြင့် ၊ သူတို့သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ ၍ ၊ ရှာ ကြသောအခါ အတွေ့ ခံတော်မူ၏။
5ובעתים ההם אין שלום ליוצא ולבא כי מהומת רבות על כל יושבי הארצות׃
5ရှေးကာလ ၌ ထွက် သောသူ၊ ဝင် သောသူသည် ချမ်းသာ မ ရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန် ဆင်းရဲခြင်းကိုခံရကြ၏။
6וכתתו גוי בגוי ועיר בעיר כי אלהים הממם בכל צרה׃
6တ နိုင်ငံနှင့် တ နိုင်ငံ၊ တမြို့ နှင့် တမြို့ ထ ကြ၍ ၊ ဘေး အမျိုးမျိုး အားဖြင့် ၊ ဘုရားသခင် ဆုံးမ တော်မူ၏။
7ואתם חזקו ואל ירפו ידיכם כי יש שכר לפעלתכם׃
7သင် တို့မူကား အားယူ ကြလော့။ လက် အား မ လျော့ စေနှင့်။ သင် တို့ကျင့် သည် အတိုင်းအကျိုး ကိုခံရ ကြမည်ဟု မြွက်ဆို၏။
8וכשמע אסא הדברים האלה והנבואה עדד הנביא התחזק ויעבר השקוצים מכל ארץ יהודה ובנימן ומן הערים אשר לכד מהר אפרים ויחדש את מזבח יהוה אשר לפני אולם יהוה׃
8ထို စကား နှင့် ပရောဖက် ဩဒက် ၏ အနာဂတ္တိ စကားကို အာသ မင်းသည် ကြား သောအခါ ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒ ပြည် နှင့် ဗင်္ယာမိန် ပြည်အရပ်ရပ် တို့၌ ၎င်း၊ ဧဖရိမ် တောင် ပေါ် မှာ တိုက်ယူ သော မြို့ တို့၌ ၎င်း ၊ စက်ဆုပ် ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော်ဦး ရှေ့ တွင်ရှိသော ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို ပြုပြင် လေ၏။
9ויקבץ את כל יהודה ובנימן והגרים עמהם מאפרים ומנשה ומשמעון כי נפלו עליו מישראל לרב בראתם כי יהוה אלהיו עמו׃
9ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့ကို၎င်း၊ ဧဖရိမ် ခရိုင်၊ မနာရှေ ခရိုင်၊ ရှိမောင် ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်းစုဝေးစေ၏။ အာသ မင်း၏ ဘုရားသခင် ထာဝရဘုရား သည်၊ သူ နှင့်အတူ ရှိတော်မူကြောင်း ကို၊ ဣသရေလ အမျိုးသားအများ တို့သည် သိမြင် လျှင် ၊ ထို မင်းဘက်သို့ ဝင်စား ကြ၏။
10ויקבצו ירושלם בחדש השלישי לשנת חמש עשרה למלכות אסא׃
10အာသ မင်းနန်းစံ ဆယ် ငါး နှစ် ၊ တတိယ လ တွင် ယေရုရှလင် မြို့၌ စုဝေး ၍၊
11ויזבחו ליהוה ביום ההוא מן השלל הביאו בקר שבע מאות וצאן שבעת אלפים׃
11ဆောင် ခဲ့သော လက်ရ ဥစ္စာထဲက နွား ခုနစ် ရာ ၊ သိုး ခုနစ် ထောင် တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
12ויבאו בברית לדרוש את יהוה אלהי אבותיהם בכל לבבם ובכל נפשם׃
12ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ ပါမည်ဟူ၍၎င်း၊
13וכל אשר לא ידרש ליהוה אלהי ישראל יומת למן קטן ועד גדול למאיש ועד אשה׃
13ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မ ရှာ သောသူ ၊ ယောက်ျား မိန်းမ အကြီး အငယ် မည်သည်ကား၊ အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊
14וישבעו ליהוה בקול גדול ובתרועה ובחצצרות ובשופרות׃
14ကြွေးကြော် သံ၊ တံပိုး နှဲခရာ မှုတ်သံနှင့်တကွ ၊ ကြီး သောအသံ ဗလံပြုလျက်၊ ထာဝရဘုရား အား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
15וישמחו כל יהודה על השבועה כי בכל לבבם נשבעו ובכל רצונם בקשהו וימצא להם וינח יהוה להם מסביב׃
15ယုဒ လူအပေါင်း သည် ထိုသို့ကျိန်ဆို ခြင်းကို ပြုသောအခါ ဝမ်းမြောက် ကြ၏။ အကြောင်း မူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို ၍ ၊ အလိုဆန္ဒ အားကြီးသည်နှင့် ၊ ထာဝရဘုရား ကိုရှာ သောကြောင့် အတွေ့ ခံတော်မူ၏။ အရပ်ရပ် ၌ ငြိမ်သက် ခြင်းအခွင့်ကိုပေး တော်မူ၏။
16וגם מעכה אם אסא המלך הסירה מגבירה אשר עשתה לאשרה מפלצת ויכרת אסא את מפלצתה וידק וישרף בנחל קדרון׃
16အာသ မင်းကြီး ၏ အဘွား တော်မာခါ သည်၊ အာရှရ ပင်အောက်မှာ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကို နှုတ် ၍ ၊ ရုပ်တု ကိုဖျက်ဆီး ကျော်နင်းပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
17והבמות לא סרו מישראל רק לבב אסא היה שלם כל ימיו׃
17မြင့် သောအရပ်တို့ကို ဣသရေလ ပြည်၌ မ ပယ်ရှား သော်လည်း ၊ လက်ထက် တော်ကာလပတ်လုံး အာသ စိတ်နှလုံး သည် စုံလင် ခြင်းရှိ ၏။
18ויבא את קדשי אביו וקדשיו בית האלהים כסף וזהב וכלים׃
18ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင် လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း ထား တော်မူ၏။
19ומלחמה לא היתה עד שנת שלשים וחמש למלכות אסא׃
19နောက်တဖန် နန်းစံ သုံးဆယ် ငါး နှစ် တိုင်အောင် စစ်တိုက် ခြင်းမ ရှိ။

Tip: use the ← and → keys to turn chapters.