תְהִלִּים 71
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1בך יהוה חסיתי אל אבושה לעולם׃
1အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။ အရှက် ကွဲခြင်းနှင့် အစဉ် ကင်းလွတ် ပါစေသော။
2בצדקתך תצילני ותפלטני הטה אלי אזנך והושיעני׃
2တရား တော်နှင့်အညီ အကျွန်ုပ် ကို နှုတ်ယူ ၍ လွှတ် တော်မူပါ။ နား တော်ကို အကျွန်ုပ် ဘက်သို့ လှည့် ၍ ကယ်တင် တော်မူပါ။
3היה לי לצור מעון לבוא תמיד צוית להושיעני כי סלעי ומצודתי אתה׃
3အကျွန်ုပ် အစဉ် ရောက် ၍ နေရာ ကျသော ကျောက် ဖြစ် တော်မူပါ။ အကျွန်ုပ် ကို ကယ်တင် မည် အကြောင်း အမိန့် တော်ရှိ၍ ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက် ဖြစ်တော်မူ၏။
4אלהי פלטני מיד רשע מכף מעול וחומץ׃
4အကျွန်ုပ် ၏ဘုရား သခင်၊ ဆိုး သောသူ ၏လက် မှ ၎င်း၊ မ တရားသောသူနှင့် ကြမ်းတမ်း သောသူ ၏လက် မှ ၎င်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
5כי אתה תקותי אדני יהוה מבטחי מנעורי׃
5အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် မြော်လင့် ရာဖြစ်တော်မူ၏။ အကျွန်ုပ် ငယ် သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစား ရာ ဖြစ်တော်မူ၏။
6עליך נסמכתי מבטן ממעי אמי אתה גוזי בך תהלתי תמיד׃
6အကျွန်ုပ်သည် ဘွား ကတည်း ကပင် ကိုယ်တော် ကို မှီဝဲ ပါပြီ။ အမိ ဝမ်း တွင်းမှစ၍ ကျေးဇူးတော်ကိုခံရပါပြီ။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ပါမည်။
7כמופת הייתי לרבים ואתה מחסי עז׃
7အကျွန်ုပ်သည် များစွာ သောသူတို့ ၌ အံ့ဘွယ် သော အရာကဲ့ သို့ ဖြစ် သော်လည်း ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ခိုင်ခံ့ သော ခိုလှုံ ရာဖြစ်တော်မူ၏။
8ימלא פי תהלתך כל היום תפארתך׃
8ဂုဏ် အသရေတော်နှင့် ယှဉ်သော ထောမနာ စကားကို အကျွန်ုပ် သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။
9אל תשליכני לעת זקנה ככלות כחי אל תעזבני׃
9အကျွန်ုပ် ကို အို သောအခါ ပယ် တော်မ မူပါနှင့်။ အား လျော့ သောအခါ စွန့်ပစ် တော်မ မူပါနှင့်။
10כי אמרו אויבי לי ושמרי נפשי נועצו יחדו׃
10ရန်သူ တို့သည် အကျွန်ုပ် တဘက် ၌ ပြော ဆိုကြပါ၏။ အကျွန်ုပ် အသက် ကို ချောင်း ကြည့်သောသူတို့ က၊
11לאמר אלהים עזבו רדפו ותפשוהו כי אין מציל׃
11ဘုရား သခင်သည် သူ့ ကို စွန့်ပစ် တော်မူ၏။ လိုက် ၍ ဘမ်း ကြကုန်အံ့။ ကယ်လွှတ် သော သူမ ရှိဟု တိုင်ပင်ပြော ဆိုကြပါ၏။
12אלהים אל תרחק ממני אלהי לעזרתי חישה׃
12အိုဘုရား သခင်၊ အကျွန်ုပ် နှင့် ဝေးဝေး နေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို မစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
13יבשו יכלו שטני נפשי יעטו חרפה וכלמה מבקשי רעתי׃
13အကျွန်ုပ် အသက် ကို ရန်ဘက် ပြုသောသူတို့ သည် အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် ကဲ့ရဲ့ ခြင်း၊ အသရေ ပျက်ခြင်းနှင့် မွန်း ကြ ပါစေသော။
14ואני תמיד איחל והוספתי על כל תהלתך׃
14အကျွန်ုပ် မူကား ၊ အစဉ် မြော်လင့် ၍ ကိုယ်တော် ကို ချီးမွမ်း သမျှ ထက် သာ၍ချီးမွမ်းပါမည်။
15פי יספר צדקתך כל היום תשועתך כי לא ידעתי ספרות׃
15ဖြောင့်မတ် တော်မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွှန် ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မ ကုန်နိုင်ပါ။
16אבוא בגברות אדני יהוה אזכיר צדקתך לבדך׃
16အရှင် ထာဝရဘုရား ၏ ဘုန်း တန်ခိုးတော်များကို အမှီပြု ၍ ကိုယ်တော် ၏ ဖြောင့်မတ် ခြင်းတရားကိုသာ ပြသ ပါမည်။
17אלהים למדתני מנעורי ועד הנה אגיד נפלאותיך׃
17အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကို ငယ် သောအရွယ်မှစ၍ သွန်သင် တော်မူပါပြီ။ ယခု တိုင်အောင် အံ့ဘွယ် သော အမှုတော်တို့ကို အကျွန်ုပ်ပြ ပါပြီ။
18וגם עד זקנה ושיבה אלהים אל תעזבני עד אגיד זרועך לדור לכל יבוא גבורתך׃
18တဖန်တုံ အိုဘုရား သခင်၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင် ဖြူသည်ကာလတိုင်အောင် ၊ ယခုလူ များတို့အား ကိုယ်တော် ၏ အစွမ်း သတ္တိကို၎င်း၊ နောက်ဖြစ် လတံ့သော သူအပေါင်း တို့အား တန်ခိုး တော်ကို၎င်း၊ အကျွန်ုပ်မ ပြ မှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မ မူပါနှင့်။
19וצדקתך אלהים עד מרום אשר עשית גדלות אלהים מי כמוך׃
19အိုဘုရား သခင်၊ ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့် ရာသို့ မှီသည်ဖြစ်၍ ၊ ကိုယ်တော်သည် ကြီးစွာ သော အမှုတို့ကို ပြု တော်မူ၏။ အိုဘုရား သခင်၊ ကိုယ်တော် နှင့်အဘယ် သူတူ ပါသနည်း။
20אשר הראיתנו צרות רבות ורעות תשוב תחיינו ומתהמות הארץ תשוב תעלני׃
20ကြီးမား ကြမ်းတမ်းသော ဘေး များ ကို အကျွန်ုပ် အားပြ တော်မူပြီ။ တဖန် အသက် ကို ချမ်းသာပေး၍ ၊ မြေကြီး နက်နဲ ရာထဲက တဖန် ထမြောက် စေတော်မူမည်။
21תרב גדלתי ותסב תנחמני׃
21အကျွန်ုပ် ကို စည်းစိမ် တိုးပွား စေ၍ ၊ တဖန် သက်သာ စေတော်မူမည်။
22גם אני אודך בכלי נבל אמתך אלהי אזמרה לך בכנור קדוש ישראל׃
22သို့ဖြစ်၍ ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် နှင့် သစ္စာ တော်ကို တယော ထိုး၍ ချီးမွမ်း ပါမည်။ ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ ရှေ့ တော်၌ စောင်း တီး၍ သီချင်း ဆိုပါမည်။
23תרננה שפתי כי אזמרה לך ונפשי אשר פדית׃
23ရှေ့ တော်၌ သီချင်း ဆိုသောအခါ ၊ ရွှင်လန်း သော နှုတ် ရှိပါလိမ့်မည်။ ရွေး တော်မူသောအကျွန်ုပ် ၏ ဝိညာဉ် လည်း ရွှင်လန်းပါလိမ့်မည်။
24גם לשוני כל היום תהגה צדקתך כי בשו כי חפרו מבקשי רעתי׃
24အကျွန်ုပ် ၏လျှာ သည်လည်း ဖြောင့်မတ် တော်မူခြင်းတရားကို အစဉ် မြွက် ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် ၌ အပြစ် ပြုခြင်း အခွင့်ကို ရှာ သောသူတို့သည် မျက်နှာ ပျက်၍ အရှက် ကွဲခြင်းသို့ ရောက်ကြပါ၏။
Tip: use the ← and → keys to turn chapters.