ဆာလံ 138
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
JPS Tanakh (Jewish Publication Society, 1917)
1အို ထာဝရ ဘုရား၊ ကိုယ်တော် ကို စိတ် နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်း ပါမည်။ အခြား တပါး သော ဘုရား တို့ရှေ့ မှာ ကိုယ်တော် ကို ထောမနာသီချင်း ဆိုပါ မည်။
1A Psalm of David. I will give Thee thanks with my whole heart, in the presence of the mighty will I sing praises unto Thee.
2သန့်ရှင်း သော ဗိမာန် တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ် ၍ ၊ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် နာမ တော်ကိုချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ဂတိ တော်ကိုသိတင်း တော်ရှိသမျှ ထက် ချီးမြှောက် တော်မူပြီ။
2I will bow down toward Thy holy temple, and give thanks unto Thy name for Thy mercy and for Thy truth; for Thou hast magnified Thy word above all Thy name.
3အကျွန်ုပ်အော်ဟစ် သောနေ့ တွင် နားထောင် တော်မူ၍ ၊ စိတ် ဝိညာဉ်ထဲသို့ ခွန်အား ကို သွင်းသဖြင့်၊ အကျွန်ုပ် ကို ခိုင်မာ စေတော်မူ၏။
3In the day that I called, Thou didst answer me; Thou didst encourage me in my soul with strength.
4အိုထာဝရဘုရား ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် နှုတ် တော်ထွက်စကား တို့ကို ကြား ရသည်ဖြစ်၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ကြပါလိမ့်မည်။
4All the kings of the earth shall give Thee thanks, O LORD, for they have heard the words of Thy mouth.
5ထာဝရဘုရား ၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်း ဆိုကြပါလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဘုန်း ကြီး တော်မူ၏။
5Yea, they shall sing of the ways of the LORD; for great is the glory of the LORD.
6ထာဝရဘုရား သည် မြင့်မြတ် တော်မူသော်လည်း ၊ စိတ်နှိမ့်ချ သောသူတို့ ကို ကြည့်ရှု တော်မူ၏။ စိတ်မြင့် သောသူတို့ ကိုကား ၊ အဝေး က သိ တော်မူ၏။
6For though the LORD be high, yet regardeth He the lowly, and the haughty He knoweth from afar.
7အကျွန်ုပ်သည် ဆင်းရဲ ဒုက္ခများ၌ ကျင်လည် သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက် တော်ကို ဆန့် လျက် ၊ ရန်သူ တို့ ၏အမျက် ဒေါသကို ဆီးတား၍ ၊ လက်ျာ လက်တော် အားဖြင့်အကျွန်ုပ် ကို ကယ်တင် တော်မူလိမ့်မည်။
7Though I walk in the midst of trouble, Thou quickenest me; Thou stretchest forth Thy hand against the wrath of mine enemies, and Thy right hand doth save me.
8ထာဝရဘုရား သည် ငါ ၏အမှု ကို ပြီးစီး စေတော်မူမည်။ အိုထာဝရဘုရား ၊ ကရုဏာ တော်သည် အစဉ် အမြဲတည် ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ လက် နှင့်ပြုစုသော အမှု တို့ကို စွန့်ပစ် တော်မ မူပါနှင့်။
8The LORD will accomplish that which concerneth me; Thy mercy, O LORD, endureth for ever; forsake not the work of Thine own hands.
Tip: use the ← and → keys to turn chapters.