ဆာလံ

Old Testament

Chapter 116
Judson Burmese Bible (18…
vs Lutherbibel 1912
Aa
Text size
Line width
Verse numbers

ဆာလံ 116

Judson Burmese Bible (1840)
Lutherbibel 1912
1ထာဝရဘုရား သည် ငါ တောင်းပန် ခြင်း အသံ ကို ကြား ၍၊
1Das ist mir lieb, daß der HERR meine Stimme und mein Flehen hört.
2ငါ့ ဘက်သို့ နား တော်ကိုလှည့် တော်မူသောကြောင့် ၊ ငါနှစ်သက် ၏။ ငါ အသက် ရှည်သမျှ ကာလ ပတ်လုံး၊ ထာဝရဘုရားကို ပဌနာ ပြုမည်။
2Denn er neigte sein Ohr zu mir; darum will ich mein Leben lang ihn anrufen.
3သေခြင်း ကြိုး တို့သည် ငါ့ ကိုဝိုင်း ၍ မရဏာ နိုင်ငံဘေး တို့သည် ငါ့ ကို ဘမ်းမိ သဖြင့်၊ ဆင်းရဲ ဒုက္ခဝေဒနာ နှင့် ငါတွေ့ကြုံ ရ၏။
3Stricke des Todes hatten mich umfangen, und Ängste der Hölle hatten mich getroffen; ich kam in Jammer und Not.
4ထိုအခါ အို ထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို ကယ်နှုတ် တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား ၏နာမတော် ကို ပဌနာ ပြု၏။
4Aber ich rief an den Namen des HERRN: O HERR, errette mein Seele!
5ထာဝရဘုရား သည် ကျေးဇူး ပြုတတ်သော သဘော၊ ဖြောင့်မတ် သော သဘောရှိတော်မူ၏။ ငါ တို့ ဘုရား သခင်သည် ကရုဏာ စိတ်ရှိတော်မူ၏။
5Der HERR ist gnädig und gerecht, und unser Gott ist barmherzig.
6ထာဝရဘုရား သည် မ လိမ္မာသောသူတို့ ကို စောင့်မ တော်မူ၏။ ငါသည် နှိမ့်ချ လျက်ရှိသောအခါ ကယ်တင် တော်မူ၏။
6Der HERR behütet die Einfältigen; wenn ich unterliege, so hilft er mir.
7အိုငါ့ ဝိညာဉ် ၊ သင် ၏ငြိမ်ဝပ် ရာသို့ ပြန် လော့။ ထာဝရဘုရား သည် သင် ၌ ကျေးဇူး ပြုတော်မူပြီ။
7Sei nun wieder zufrieden, meine Seele; denn der HERR tut dir Gutes.
8ကိုယ်တော်သည် အကျွန်ုပ် အသက် ကို သေခြင်း မှ ၎င်း၊ အကျွန်ုပ် မျက်စိ ကို မျက်ရည် ကျခြင်းမှ ၎င်း၊ အကျွန်ုပ် ခြေ ကိုလည်း ထိမိ၍လဲ ခြင်းမှ ၎င်း ကယ်လွှတ် တော်မူပြီ။
8Denn du hast meine Seele aus dem Tode gerissen, meine Augen von den Tränen, meinen Fuß vom Gleiten.
9သို့ဖြစ်၍၊ အသက်ရှင် သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ငါကျင့် ၍ နေရ၏။
9Ich werde wandeln vor dem HERRN im Lande der Lebendigen.
10ငါသည် အလွန် ညှိုးငယ် ခြင်းကို ခံရ၏ဟု မြွက် ဆိုသော်လည်း ၊ ယုံကြည် သောစိတ် ရှိသေး၏။
10Ich glaube, darum rede ich; ich werde aber sehr geplagt.
11လူ အပေါင်း တို့သည် မုသာ ကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြော မိ၏။
11Ich sprach in meinem Zagen: Alle Menschen sind Lügner.
12ငါ ၌ ထာဝရဘုရား ပြုတော်မူသောကျေးဇူး အလုံးစုံ တို့ကို အဘယ်သို့ ဆပ် ရမည်နည်း။
12Wie soll ich dem HERRN vergelten alle seine Wohltat, die er an mir tut?
13ကယ်တင် ခြင်းခွက် ဖလားကို ကိုင် ယူ၍ ၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြုမည်။
13Ich will den Kelch des Heils nehmen und des HERRN Namen predigen.
14ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊ ထာဝရ ဘုရား၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေမည်။
14Ich will mein Gelübde dem HERRN bezahlen vor allem seinem Volk.
15ထာဝရဘုရား ရှေ့ တော်၌ မိမိ သန့်ရှင်း သူတို့၏ သေ ခြင်းအရာသည် အဘိုး ကြီးလှ၏။
15Der Tod seiner Heiligen ist wertgehalten vor dem HERRN.
16အို ထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် မှန် ပါ၏။ ကိုယ်တော် ၏ ကျွန် မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ် ၌ အချည် အနှောင်ကို လွှတ် တော်မူပြီ။
16O HERR, ich bin dein Knecht; ich bin dein Knecht, deiner Magd Sohn. Du hast meine Bande zerrissen.
17ကျေးဇူး တော်ချီးမွမ်းရာ ယဇ် ကို ရှေ့ တော်၌ ပူဇော် ၍ ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြုမည်။
17Dir will ich Dank opfern und des HERRN Namen predigen.
18ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊
18Ich will meine Gelübde dem HERRN bezahlen vor allem seinem Volk,
19အိုယေရုရှလင် မြို့၊ သင် ၏အလယ် မှာ ထာဝရဘုရား ၏ အိမ် တော်တန်တိုင်း အတွင်းတွင် ၊ ထာဝရ ဘုရား ၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေပါမည်။ ဟာလေလုယ။
19in den Höfen am Hause des HERRN, in dir Jerusalem. Halleluja!

Tip: use the ← and → keys to turn chapters.