ယာကုပ် 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။
1Πόθεν πόλεμοι καὶ μάχαι ἐν ὑμῖν; Οὐκ ἐντεῦθεν, ἐκ τῶν ἡδονῶν ὑμῶν τῶν στρατευομένων ἐν τοῖς μέλεσιν ὑμῶν;
2သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။
2Ἐπιθυμεῖτε, καὶ οὐκ ἔχετε· φονεύετε καὶ ζηλοῦτε, καὶ οὐ δύνασθε ἐπιτυχεῖν· μάχεσθε καὶ πολεμεῖτε, οὐκ ἔχετε δέ, διὰ τὸ μὴ αἰτεῖσθαι ὑμᾶς·
3ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။
3αἰτεῖτε, καὶ οὐ λαμβάνετε, διότι κακῶς αἰτεῖσθε, ἵνα ἐν ταῖς ἡδοναῖς ὑμῶν δαπανήσητε.
4မတရား သောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီ မိဿဟာယ သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ် သည်ကို မ သိ ကြသလော။ ဤလောက နှင့် မိသ္သဟာယ ဖွဲ့လို သောသူ သည် ဘုရားသခင် ၏ ရန်သူ ဖြစ် ၏။
4Μοιχοὶ καὶ μοιχαλίδες, οὐκ οἴδατε ὅτι ἡ φιλία τοῦ κόσμου ἔχθρα τοῦ Θεοῦ ἐστίν; Ὃς ἂν οὖν βουληθῇ φίλος εἶναι τοῦ κόσμου, ἐχθρὸς τοῦ Θεοῦ καθίσταται.
5ကျမ်းစာ ချက် အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း ၊ ငါ တို့၌ တည်နေ သော ဝိညာဉ် တော်သည် ငြူစူ စေချင်သော သဘော ရှိသည်ဟူ၍၎င်း၊ ထင် ကြသလော။
5Ἢ δοκεῖτε ὅτι κενῶς ἡ γραφὴ λέγει, Πρὸς φθόνον ἐπιποθεῖ τὸ πνεῦμα ὃ κατῴκησεν ἐν ἡμῖν;
6ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။
6Μείζονα δὲ δίδωσι χάριν· διὸ λέγει, Ὁ Θεὸς ὑπερηφάνοις ἀντιτάσσεται, ταπεινοῖς δὲ δίδωσι χάριν.
7ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။
7Ὑποτάγητε οὖν τῷ Θεῷ· ἀντίστητε τῷ διαβόλῳ, καὶ φεύξεται ἀφ᾿ ὑμῶν.
8ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။
8Ἐγγίσατε τῷ Θεῷ, καὶ ἐγγιεῖ ὑμῖν· καθαρίσατε χεῖρας, ἁμαρτωλοί, καὶ ἁγνίσατε καρδίας, δίψυχοι.
9ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေး မြည်တမ်းခြင်းရှိကြလော့။ သင် တို့ရယ် ခြင်းကို စိတ်မသာညည်းတွား ခြင်း၊ ဖြစ် စေကြလော့။ ဝမ်းမြောက် ခြင်းကိုလည်း ဝမ်းနည်း ခြင်းဖြစ်စေကြလော့။
9Ταλαιπωρήσατε καὶ πενθήσατε καὶ κλαύσατε· ὁ γέλως ὑμῶν εἰς πένθος μεταστραφήτω, καὶ ἡ χαρὰ εἰς κατήφειαν.
10ဘုရားသခင့် ရှေ့ တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင် ၊ သင် တို့ကို ချီးမြှောက် တော်မူလိမ့်မည်။
10Ταπεινώθητε ἐνώπιον τοῦ Κυρίου, καὶ ὑψώσει ὑμᾶς.
11ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။
11Μὴ καταλαλεῖτε ἀλλήλων, ἀδελφοί. Ὁ καταλαλῶν ἀδελφοῦ, καὶ κρίνων τὸν ἀδελφὸν αὐτοῦ, καταλαλεῖ νόμου, καὶ κρίνει νόμον· εἰ δὲ νόμον κρίνεις, οὐκ εἶ ποιητὴς νόμου, ἀλλὰ κριτής.
12ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။
12Εἷς ἐστὶν ὁ νομοθέτης, ὁ δυνάμενος σῶσαι καὶ ἀπολέσαι· σὺ τίς εἶ ὃς κρίνεις τὸν ἕτερον;
13ယနေ့ နက်ဖြန် ဤမည်သော မြို့ သို့ သွား ကြကုန်အံ့။ ထိုမြို့ ၌ တနှစ် ပတ်လုံးနေ၍ ကုန်သွယ် သဖြင့် အမြတ်ရ အောင် ပြု ကြကုန်အံ့ဟု ဆို တတ်သောသူ တို့၊ နားထောင် ကြလော့။
13Ἄγε νῦν οἱ λέγοντες, Σήμερον ἢ αὔριον πορευσόμεθα εἰς τήνδε τὴν πόλιν, καὶ ποιήσομεν ἐκεῖ ἐνιαυτὸν ἕνα, καὶ ἐμπορευσόμεθα, καὶ κερδήσομεν·
14နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။
14οἵτινες οὐκ ἐπίστασθε τὸ τῆς αὔριον. Ποία γὰρ ἡ ζωὴ ὑμῶν; Ἀτμὶς γάρ ἐστιν ἡ πρὸς ὀλίγον φαινομένη, ἔπειτα δὲ ἀφανιζομένη.
15ထာဝရ ဘုရားသည် အလို တော်ရှိ၍ ၊ ငါ တို့သည်လည်း အသက် ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြု ကြ ကုန်အံ့ဟု သင်တို့ဆို သင့် ရာဖြစ်၏။
15Ἀντὶ τοῦ λέγειν ὑμᾶς, Ἐὰν ὁ Κύριος θελήσῃ, καὶ ζήσωμεν, καὶ ποιήσομεν τοῦτο ἢ ἐκεῖνο.
16ယခု သင် တို့သည် မိမိထောင်လွှား ခြင်း၌ ဝါကြွား ကြသေး၏။ ထိုသို့သောဝါကြွား ခြင်းရှိသမျှ သည် မကောင်း မသင့်ဖြစ် ၏။
16Νῦν δὲ καυχᾶσθε ἐν ταῖς ἀλαζονείαις ὑμῶν· πᾶσα καύχησις τοιαύτη πονηρά ἐστιν.
17ထိုကြောင့် ၊ ကောင်း သောအကျင့် ကို သိ လျက် မ ကျင့် ဘဲနေသော သူ သည်အပြစ် ရှိ ၏။
17Εἰδότι οὖν καλὸν ποιεῖν καὶ μὴ ποιοῦντι, ἁμαρτία αὐτῷ ἐστίν.
Tip: use the ← and → keys to turn chapters.