ယာကုပ် 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။
1Ἄγε νῦν οἱ πλούσιοι, κλαύσατε ὀλολύζοντες ἐπὶ ταῖς ταλαιπωρίαις ὑμῶν ταῖς ἐπερχομέναις.
2သင် တို့ဥစ္စာပစ္စည်း သည် ပုပ်စပ် လျက်ရှိ၏။ အဝတ် ကိုလည်း ပိုးကိုက်စား လေပြီ။
2Ὁ πλοῦτος ὑμῶν σέσηπε, καὶ τὰ ἱμάτια ὑμῶν σητόβρωτα γέγονεν·
3ရွှေ ငွေ လည်း အချေး တက်၍ ပျက်ကုန်ပြီ။ ထိုအချေး သည် သင် တို့တစ်ဘက်၌ သက်သေ ဖြစ်၍၊ မီး ကဲ့သို့ သင် တို့အသား ကိုစား လိမ့်မည်။ နောက်ဆုံး သောနေ့ရက် ကာလအဘို့ ဘဏ္ဍာ ကို ဆည်းဖူးကြပြီတကား၊
3ὁ χρυσὸς ὑμῶν καὶ ὁ ἄργυρος κατίωται, καὶ ὁ ἰὸς αὐτῶν εἰς μαρτύριον ὑμῖν ἔσται, καὶ φάγεται τὰς σάρκας ὑμῶν ὡς πῦρ. Ἐθησαυρίσατε ἐν ἐσχάταις ἡμέραις.
4နားထောင်ကြ၊ သင် တို့လယ်ကွက် ၌ ရိတ် သောသူ တို့ကို လှည့်စား ၍၊ အခ မပေးဘဲနေသောကြောင့်၊ ထိုအခ သည် ကြွေးကြော် လေ၏။ ရိတ် သောသူ တို့၏ အော်ဟစ် ခြင်းအသံသည်လည်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏ နား တော်ထဲသို့ ဝင် လေပြီ။
4Ἰδού, ὁ μισθὸς τῶν ἐργατῶν τῶν ἀμησάντων τὰς χώρας ὑμῶν, ὁ ἀπεστερημένος ἀφ᾿ ὑμῶν, κράζει· καὶ αἱ βοαὶ τῶν θερισάντων εἰς τὰ ὦτα Κυρίου Σαβαὼθ εἰσεληλύθασιν.
5သင်တို့သည်မြေကြီး ပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန်ပျော်မွေ့ ကြပြီ။ သတ် ရသောနေ့ ၌ ကဲ့သို့၊ မိမိ တို့ နှလုံး ကို မွေးမြူ ကြပြီ။
5Ἐτρυφήσατε ἐπὶ τῆς γῆς καὶ ἐσπαταλήσατε· ἐθρέψατε τὰς καρδίας ὑμῶν ὡς ἐν ἡμέρᾳ σφαγῆς.
6ဖြောင့်မတ် သောသူ ကို အပြစ်စီရင် ၍ ကွပ်မျက် ကြပြီ။ သူသည်လည်း သင် တို့ကို မ ဆီးတား ။
6Κατεδικάσατε, ἐφονεύσατε τὸν δίκαιον· οὐκ ἀντιτάσσεται ὑμῖν.
7ထိုကြောင့် ၊ ညီအစ်ကို တို့၊ သခင် ဘုရားကြွလာ တော်မူသည်တိုင်အောင် သည်းခံ လျက် စောင့် နေကြ လော့။ အကယ်၍လယ် လုပ်သော သူသည်အရင် မိုဃ်း၊ နောက် မိုဃ်းကိုရ သည်တိုင်အောင် ၊ အဘိုး ထိုက်သော မြေ အသီး ကို သည်းခံ လျက် စောင့် နေ၍ မြော်လင့် တတ်၏။
7Μακροθυμήσατε οὖν, ἀδελφοί, ἕως τῆς παρουσίας τοῦ Κυρίου. Ἰδού, ὁ γεωργὸς ἐκδέχεται τὸν τίμιον καρπὸν τῆς γῆς, μακροθυμῶν ἐπ᾿ αὐτῷ, ἕως ἂν λάβῃ ὑετὸν πρώϊμον καὶ ὄψιμον.
8သင် တို့သည်လည်း သည်းခံ လျက်စောင့် နေကြလော့။ ကိုယ် စိတ် နှလုံး ကိုမြဲမြံ စေကြလော့။ သခင် ဘုရား ကြွလာ တော်မူသောအချိန်ရောက် လုနီးပြီ။
8Μακροθυμήσατε καὶ ὑμεῖς, στηρίξατε τὰς καρδίας ὑμῶν, ὅτι ἡ παρουσία τοῦ Κυρίου ἤγγικε.
9ညီအစ်ကို တို့၊ စစ်ကြော စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အချင်းချင်း ငြင်းခုံ ပြစ်တင်ခြင်း ကို မ ပြုကြနှင့်။ တရား စီရင် ပိုင်သောသူ သည် တံခါး နား မှာ ရှိ တော်မူ၏။
9Μὴ στενάζετε κατ᾿ ἀλλήλων, ἀδελφοί, ἵνα μὴ κατακριθῆτε· ἰδού, κριτὴς πρὸ τῶν θυρῶν ἕστηκεν.
10ငါ့ညီအစ်ကို တို့၊ ထာဝရ ဘုရား၏ နာမ တော်ကို အမှီပြု ၍ ဟောပြော သော ပရောဖက် တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း၊ သည်းခံ ခြင်း၏ ပုံ သက်သေကို ပြ ကြပြီဟုမှတ်ကြလော့။
10Ὑπόδειγμα λάβετε τῆς κακοπαθείας, ἀδελφοί μου, καὶ τῆς μακροθυμίας, τοὺς προφήτας οἳ ἐλάλησαν τῷ ὀνόματι Κυρίου.
11သည်းခံ နိုင်သောသူ တို့သည် မင်္ဂလာ ရှိသောသူဟူ၍ငါတို့သည် ခေါ်ကြ၏။ ယောဘ သည် သည်းခံ ကြောင်းကို သင်တို့ကြား ရကြပြီ။ ထာဝရ ဘုရားသည် မိမိအမှုကို လက်စသတ် တော်မူရာမှာ အလွန် သနား စုံမက် တော်မူကြောင်းကိုလည်း သိမြင် ရ ကြပြီ။
11Ἰδού, μακαρίζομεν τοὺς ὑπομένοντας· τὴν ὑπομονὴν Ἰὼβ ἠκούσατε, καὶ τὸ τέλος Κυρίου εἴδετε, ὅτι πολύσπλαγχνός ἐστιν ὁ Κύριος καὶ οἰκτίρμων.
12ငါ့ ညီအစ်ကို တို့၊ ခပ်သိမ်း သောအမှုအရာတို့တွင် ကျိန်ဆို ခြင်းကိုသာ၍ရှောင် ကြလော့။ ကောင်းကင် ဘုံကို တိုင်တည် ၍ မ ကျိန်ကြနှင့်။ မြေကြီး ကိုတိုင်တည်၍ မ ကျိန်ကြနှင့်။ ထိုမှတပါး ၊ အဘယ် အကျိန်အားဖြင့်မျှ မ ကျိန်ကြနှင့်။ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ သင် တို့စကားမှာ ၊ ဟုတ် သည်ကို အဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေကြလော့။
12Πρὸ πάντων δέ, ἀδελφοί μου, μὴ ὀμνύετε, μήτε τὸν οὐρανόν, μήτε τὴν γῆν, μήτε ἄλλον τινὰ ὅρκον· ἤτω δὲ ὑμῶν τὸ ναί, ναί, καὶ τὸ οὔ, οὔ· ἵνα μὴ ὑπὸ κρίσιν πέσητε.
13သင် တို့တွင် ဆင်းရဲ ခံရသောသူ ရှိလျှင် ဆုတောင်း စေ။ ရွှင်လန်း သောသူ ရှိလျှင် ဆာလံသီချင်း ကိုဆို စေ။
13Κακοπαθεῖ τις ἐν ὑμῖν; Προσευχέσθω. Εὐθυμεῖ τις; Ψαλλέτω.
14နာ သောသူ ရှိလျှင်၊ သင်းအုပ် ကိုခေါ် ၍ သူတို့ သည် သခင် ဘုရား၏ နာမ တော်ကို အမှီပြု လျက်၊ လူနာ ကိုဆီ နှင့်လူး ၍ သူ့ အပေါ်မှာ ဆုတောင်း ကြစေ။
14Ἀσθενεῖ τις ἐν ὑμῖν; Προσκαλεσάσθω τοὺς πρεσβυτέρους τῆς ἐκκλησίας, καὶ προσευξάσθωσαν ἐπ᾿ αὐτόν, ἀλείψαντες αὐτὸν ἐλαίῳ ἐν τῷ ὀνόματι τοῦ Κυρίου·
15ထိုသို့ပြုလျှင်၊ ယုံကြည် ခြင်း၏ပဌနာ သည် လူနာ ကို ကယ်ဆယ် ၍ ၊ သခင် ဘုရားသည် သူ့ ကိုထမြောက် စေတော်မူမည်။ သူ သည်အပြစ် ပြု မိ သော်လည်း ထိုအပြစ် ကို လွှတ်တော်မူမည်။
15καὶ ἡ εὐχὴ τῆς πίστεως σώσει τὸν κάμνοντα, καὶ ἐγερεῖ αὐτὸν ὁ Κύριος· κἂν ἁμαρτίας ᾖ πεποιηκώς, ἀφεθήσεται αὐτῷ.
16အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ၊ ကိုယ်အပြစ် ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာ ရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်း ကြလော့။ သူတော်ကောင်း ဆုတောင်း ၍ အရှိန် ကြီးသောပဌနာ သည် အလွန် တန်ခိုး ပါ၏။
16Ἐξομολογεῖσθε ἀλλήλοις τὰ παραπτώματα, καὶ εὔχεσθε ὑπὲρ ἀλλήλων, ὅπως ἰαθῆτε. Πολὺ ἰσχύει δέησις δικαίου ἐνεργουμένη.
17ဧလိယ သည် ငါ တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် သော်လည်း ၊ မိုဃ်း မ ရွာမည် အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံး နှစ် နှင့် ခြောက် လ ပတ်လုံးမြေ ပေါ်သို့ မိုဃ်း မ ရွာဘဲနေ၏။
17Ἠλίας ἄνθρωπος ἦν ὁμοιοπαθὴς ἡμῖν, καὶ προσευχῇ προσηύξατο τοῦ μὴ βρέξαι· καὶ οὐκ ἔβρεξεν ἐπὶ τῆς γῆς ἐνιαυτοὺς τρεῖς καὶ μῆνας ἕξ.
18တဖန် ဆုတောင်း သောအခါ ၊ မိုဃ်းကောင်းကင် သည် မိုဃ်းရွာ စေ၏။ မြေကြီး သည်လည်း မိမိ အသီး ကိုသီး လေ၏။
18Καὶ πάλιν προσηύξατο, καὶ ὁ οὐρανὸς ὑετὸν ἔδωκε, καὶ ἡ γῆ ἐβλάστησε τὸν καρπὸν αὐτῆς.
19ညီအစ်ကို တို့၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် သမ္မာတရား လမ်းမှ လွဲ သွား၍ သူတစ်ပါး သည် ထိုသူ ကို ပြန် စေလျှင်မူကား ၊
19Ἀδελφοί, ἐάν τις ἐν ὑμῖν πλανηθῇ ἀπὸ τῆς ἀληθείας, καὶ ἐπιστρέψῃ τις αὐτόν,
20အပြစ် ရှိသောသူကို မှားယွင်း သောလမ်း မှ ပြန် စေသောသူ သည်၊ ဝိညာဉ် ကို သေ ခြင်းမှ ကယ်တင် ၍ များစွာ သောအပြစ် တို့ကို ဖုံးအုပ် တတ် သည်ဟု ထိုသူသည် သိမှတ် စေ။
20γινωσκέτω ὅτι ὁ ἐπιστρέψας ἁμαρτωλὸν ἐκ πλάνης ὁδοῦ αὐτοῦ σώσει ψυχὴν ἐκ θανάτου, καὶ καλύψει πλῆθος ἁμαρτιῶν.
Tip: use the ← and → keys to turn chapters.