ယာကုပ် 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ငါ့ ညီအစ်ကို တို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြော စီရင်ခြင်းကိုခံရ မည်ဟု သင်တို့သိ ၍ အများ သောဆရာ မ ဖြစ် ကြနှင့်။
1Μὴ πολλοὶ διδάσκαλοι γίνεσθε, ἀδελφοί μου, εἰδότες ὅτι μεῖζον κρίμα ληψόμεθα.
2ငါတို့ရှိသမျှ သည် အများ သောအားဖြင့် မှား တတ်ကြ၏။ စကား အားဖြင့် မှား ခြင်းမရှိ သောသူ မည်သည်ကား ၊ စုံလင် သောသူ ဖြစ်၏။ မိမိကိုယ်ကို တကိုယ် လုံး ကို ချုပ်တည်း နိုင် သောသူဖြစ်၏။
2Πολλὰ γὰρ πταίομεν ἅπαντες. Εἴ τις ἐν λόγῳ οὐ πταίει, οὗτος τέλειος ἀνήρ, δυνατὸς χαλιναγωγῆσαι καὶ ὅλον τὸ σῶμα.
3မြင်း ကိုနိုင် ခြင်းငှာ ပစပ် ကိုဇက် ခွံ့ တတ်၏။ သို့ပြု၍ မြင်း ကိုယ် တကိုယ်လုံး ကို လှည့် စေတတ်၏။
3Ἰδού, τῶν ἵππων τοὺς χαλινοὺς εἰς τὰ στόματα βάλλομεν πρὸς τὸ πείθεσθαι αὐτοὺς ἡμῖν, καὶ ὅλον τὸ σῶμα αὐτῶν μετάγομεν.
4ထိုမှတစ်ပါး ၊ အလွန်ကြီး သောသင်္ဘော သည်ပြင်းစွာ သောလေဟုန် နှင့် လွင့် သွားသော်လည်း ၊ တက်မ ကိုင်အလိုရှိ သည်အတိုင်း ၊ ငယ် သောတက်မ ဖြင့် လှည့် တတ်၏။
4Ἰδού, καὶ τὰ πλοῖα, τηλικαῦτα ὄντα, καὶ ὑπὸ σκληρῶν ἀνέμων ἐλαυνόμενα, μετάγεται ὑπὸ ἐλαχίστου πηδαλίου, ὅπου ἂν ἡ ὁρμὴ τοῦ εὐθύνοντος βούληται.
5ထိုနည်းတူ ၊ လျှာ သည်ငယ် သော အင်္ဂါ ဖြစ် သော်လည်း အလွန် ဝါကြွား တတ်၏။ အဘယ်မျှလောက်များစွာသောထင်း ကို အနည်းငယ် သာ မီး သည်ညှိ နိုင်သည်ကို ကြည့် ပါလော့။
5Οὕτω καὶ ἡ γλῶσσα μικρὸν μέλος ἐστί, καὶ μεγαλαυχεῖ. Ἰδού, ὀλίγον πῦρ ἡλίκην ὕλην ἀνάπτει.
6လျှာ သည် မီး ဖြစ်၏။ ဒုစရိုက် ၏ လောက ဓါတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာ သည်ငါ တို့၏ အင်္ဂါ တို့တွင် တည် ၍ တစ်ကိုယ် လုံး ကို ညစ်ညူး စေ၏။ ဇာတိ စက်ကိုလည်း ရှို့ တတ်၏။ မိမိသည်လည်း ငရဲ မီးရှို့ ခြင်းကိုခံလျက်ရှိ၏။
6Καὶ ἡ γλῶσσα πῦρ, ὁ κόσμος τῆς ἀδικίας· οὕτως ἡ γλῶσσα καθίσταται ἐν τοῖς μέλεσιν ἡμῶν, ἡ σπιλοῦσα ὅλον τὸ σῶμα, καὶ φλογίζουσα τὸν τροχὸν τῆς γενέσεως, καὶ φλογιζομένη ὑπὸ τῆς γεέννης.
7သားရဲ မျိုး၊ ငှက် မျိုး၊ တွား တတ်သောတိရစ္ဆာန်မျိုး၊ ငါး မျိုးတို့ကို လူ မျိုးသည် အောင် တတ်သည်အတိုင်း အောင် ခဲ့ပြီ။
7Πᾶσα γὰρ φύσις θηρίων τε καὶ πετεινῶν, ἑρπετῶν τε καὶ ἐναλίων, δαμάζεται καὶ δεδάμασται τῇ φύσει τῇ ἀνθρωπίνῃ·
8လျှာ ကိုကား ၊ အဘယ် လူ မဆိုမအောင် နိုင် ၊ မ ဆုံးမနိုင်သော အဆိုးအညစ် ဖြစ်၏။ သေ စေတတ်သော အဆိပ် အတောက်နှင့်ပြည့်စုံ ၏။
8τὴν δὲ γλῶσσαν οὐδεὶς δύναται ἀνθρώπων δαμάσαι· ἀκατάσχετον κακόν, μεστὴ ἰοῦ θανατηφόρου.
9ငါတို့သည်လျှာ ဖြင့် ခမည်းတော် ဘုရားသခင် ကို ကောင်းကြီး ပေးတတ်ကြ၏။ ဘုရားသခင် ၏ ပုံ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်း သော လူ တို့ကို လျှာ ဖြင့် ကျိန်ဆဲ တတ်ကြ၏။
9Ἐν αὐτῇ εὐλογοῦμεν τὸν Θεὸν καὶ πατέρα, καὶ ἐν αὐτῇ καταρώμεθα τοὺς ἀνθρώπους τοὺς καθ᾿ ὁμοίωσιν Θεοῦ γεγονότας·
10နှုတ် တစ်ပါးတည်းအထဲ က၊ ထောမနာ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲ ခြင်းထွက် တတ်ပါသည်တကား၊ ငါ့ ညီအစ်ကို တို့၊ ထိုသို့မ ဖြစ်ကောင်း ရာ။
10ἐκ τοῦ αὐτοῦ στόματος ἐξέρχεται εὐλογία καὶ κατάρα. Οὐ χρή, ἀδελφοί μου, ταῦτα οὕτω γίνεσθαι.
11စမ်း ရေပေါက် တစ်ပေါက်တည်း အထဲ ကချို သောရေနှင့် ခါး သောရေထွက် တတ်သလော။
11Μήτι ἡ πηγὴ ἐκ τῆς αὐτῆς ὀπῆς βρύει τὸ γλυκὺ καὶ τὸ πικρόν;
12ငါ့ ညီအစ်ကို တို့၊ သင်္ဘောသဖန်း ပင်သည် သံလွင် သီးကို သီးနိုင်သလော။ စပျစ် ပင်သည် သင်္ဘောသဖန်း သီးကို သီးနိုင် သလော။ ထိုအတူ၊ ငန် သောရေ သည် ချို သောရေကိုမ ဖြစ် စေနိုင်။
12Μὴ δύναται, ἀδελφοί μου, συκῆ ἐλαίας ποιῆσαι, ἢ ἄμπελος σῦκα; Οὕτως οὐδεμία πηγὴ ἁλυκὸν καὶ γλυκὺ ποιῆσαι ὕδωρ.
13သင် တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံ သော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင် ၊ ထိုသူသည် ပညာ ၏ နူးညံ့ သိမ်မွေ့ခြင်းနှင့်တကွ ၊ ကောင်းမြတ် သော ကျင့်ကြံ ပြုမူခြင်းအားဖြင့် မိမိ အမှု တို့ကို ပြ ပါစေ။
13Τίς σοφὸς καὶ ἐπιστήμων ἐν ὑμῖν; Δειξάτω ἐκ τῆς καλῆς ἀναστροφῆς τὰ ἔργα αὐτοῦ ἐν πρᾳΰτητι σοφίας.
14သို့မဟုတ် သင် တို့စိတ် ထဲမှာ ခါး စွာသော ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်းရှိ လျှင် ၊ သမ္မာတရား ကို မုသာ ဖြင့် ဆန် ၍ မ ဝါကြွား ကြနှင့်။
14Εἰ δὲ ζῆλον πικρὸν ἔχετε καὶ ἐριθείαν ἐν τῇ καρδίᾳ ὑμῶν, μὴ κατακαυχᾶσθε καὶ ψεύδεσθε κατὰ τῆς ἀληθείας.
15ထိုသို့သောပညာ သည် အထက် မှသက်ရောက် သောပညာမ ဟုတ်။ မြေကြီး ပညာ၊ ဇာတိ ပကတိပညာ၊ နတ်ဆိုး ပညာဖြစ် ၏။
15Οὐκ ἔστιν αὕτη ἡ σοφία ἄνωθεν κατερχομένη, ἀλλ᾿ ἐπίγειος, ψυχική, δαιμονιώδης.
16အကြောင်းမူကား ၊ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်းရှိလျှင် ၊ မငြိမ်မဝပ် ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ် စွာပြုမူ ခြင်း အမျိုးမျိုး ရှိ တတ်၏။
16Ὅπου γὰρ ζῆλος καὶ ἐριθεία, ἐκεῖ ἀκαταστασία καὶ πᾶν φαῦλον πρᾶγμα.
17အထက် မှ သက်ရောက်သောပညာ မူကား ၊ ရှေ့ဦးစွာ စင်ကြယ် ၏။ ထိုမှတပါး ၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်း သောသဘောရှိ၏။ သွေးဆောင် လွယ်၏။ ကရုဏာ နှင့်၎င်း ၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ ၏။ လျစ်လျူသောစိတ် ရှိ၏။ လျှို့ဝှက် ခြင်းနှင့်ကင်းစင်၏။
17Ἡ δὲ ἄνωθεν σοφία πρῶτον μὲν ἁγνή ἐστιν, ἔπειτα εἰρηνική, ἐπιεικής, εὐπειθής, μεστὴ ἐλέους καὶ καρπῶν ἀγαθῶν, ἀδιάκριτος καὶ ἀνυπόκριτος.
18အသင့်အတင့် နေခြင်းငှာ ပြုစု တတ်သော သူ တို့သည် ဖြောင့်မတ် ခြင်းတရား၏ မျိုးစေ့ ကိုငြိမ်သက် စွာကြဲ တတ်ကြ၏။
18Καρπὸς δὲ τῆς δικαιοσύνης ἐν εἰρήνῃ σπείρεται τοῖς ποιοῦσιν εἰρήνην.
Tip: use the ← and → keys to turn chapters.