ယာကုပ် 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။
1Unde bella et lites in vobis? nonne hinc: ex concupiscentiis vestris, quæ militant in membris vestris?
2သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။
2concupiscitis, et non habetis: occiditis, et zelatis: et non potestis adipisci: litigatis, et belligeratis, et non habetis, propter quod non postulatis.
3ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။
3Petitis, et non accipitis: eo quod male petatis: ut in concupiscentiis vestris insumatis.
4မတရား သောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီ မိဿဟာယ သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ် သည်ကို မ သိ ကြသလော။ ဤလောက နှင့် မိသ္သဟာယ ဖွဲ့လို သောသူ သည် ဘုရားသခင် ၏ ရန်သူ ဖြစ် ၏။
4Adulteri, nescitis quia amicitia hujus mundi inimica est Dei? quicumque ergo voluerit amicus esse sæculi hujus, inimicus Dei constituitur.
5ကျမ်းစာ ချက် အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း ၊ ငါ တို့၌ တည်နေ သော ဝိညာဉ် တော်သည် ငြူစူ စေချင်သော သဘော ရှိသည်ဟူ၍၎င်း၊ ထင် ကြသလော။
5An putatis quia inaniter Scriptura dicat: Ad invidiam concupiscit spiritus qui habitat in vobis?
6ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။
6majorem autem dat gratiam. Propter quod dicit: Deus superbis resistit, humilibus autem dat gratiam.
7ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။
7Subditi ergo estote Deo, resistite autem diabolo, et fugiet a vobis.
8ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။
8Appropinquate Deo, et appropinquabit vobis. Emundate manus, peccatores: et purificate corda, duplices animo.
9ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေး မြည်တမ်းခြင်းရှိကြလော့။ သင် တို့ရယ် ခြင်းကို စိတ်မသာညည်းတွား ခြင်း၊ ဖြစ် စေကြလော့။ ဝမ်းမြောက် ခြင်းကိုလည်း ဝမ်းနည်း ခြင်းဖြစ်စေကြလော့။
9Miseri estote, et lugete, et plorate: risus vester in luctum convertatur, et gaudium in mœrorem.
10ဘုရားသခင့် ရှေ့ တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင် ၊ သင် တို့ကို ချီးမြှောက် တော်မူလိမ့်မည်။
10Humiliamini in conspectu Domini, et exaltabit vos.
11ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။
11Nolite detrahere alterutrum fratres. Qui detrahit fratri, aut qui judicat fratrem suum, detrahit legi, et judicat legem. Si autem judicas legem, non es factor legis, sed judex.
12ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။
12Unus est legislator et judex, qui potest perdere et liberare.
13ယနေ့ နက်ဖြန် ဤမည်သော မြို့ သို့ သွား ကြကုန်အံ့။ ထိုမြို့ ၌ တနှစ် ပတ်လုံးနေ၍ ကုန်သွယ် သဖြင့် အမြတ်ရ အောင် ပြု ကြကုန်အံ့ဟု ဆို တတ်သောသူ တို့၊ နားထောင် ကြလော့။
13Tu autem quis es, qui judicas proximum? Ecce nunc qui dicitis: Hodie, aut crastino ibimus in illam civitatem, et faciemus ibi quidem annum, et mercabimur, et lucrum faciemus:
14နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။
14qui ignoratis quid erit in crastino.
15ထာဝရ ဘုရားသည် အလို တော်ရှိ၍ ၊ ငါ တို့သည်လည်း အသက် ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြု ကြ ကုန်အံ့ဟု သင်တို့ဆို သင့် ရာဖြစ်၏။
15Quæ est enim vita vestra? vapor est ad modicum parens, et deinceps exterminabitur; pro eo ut dicatis: Si Dominus voluerit. Et: Si vixerimus, faciemus hoc, aut illud.
16ယခု သင် တို့သည် မိမိထောင်လွှား ခြင်း၌ ဝါကြွား ကြသေး၏။ ထိုသို့သောဝါကြွား ခြင်းရှိသမျှ သည် မကောင်း မသင့်ဖြစ် ၏။
16Nunc autem exsultatis in superbiis vestris. Omnis exsultatio talis, maligna est.
17ထိုကြောင့် ၊ ကောင်း သောအကျင့် ကို သိ လျက် မ ကျင့် ဘဲနေသော သူ သည်အပြစ် ရှိ ၏။
17Scienti igitur bonum facere, et non facienti, peccatum est illi.
Tip: use the ← and → keys to turn chapters.