ကမ္ဘာဦးကျမ်း

Old Testament

Chapter 2
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 2

Greek New Testament: Textus Receptus has no text for this chapter yet.

1ထိုသို့ ကောင်းကင် မြေကြီး နှင့်တကွ ခပ်သိမ်း သော တန်ဆာ တို့သည် ပြီးစီး လျက်ရှိကြ၏။

2သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။

3ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။

4ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။

5မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ၊ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ၊ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍၊

6မြေ မှ အခိုး အငွေ့ထွက် သဖြင့် မြေ တပြင်လုံးကို စို စေလေ၏။

7ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။

8ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။

9ထို မြေ ထဲက အဆင်း လှ၍၊ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။

10ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ၊ ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။

11ပဌမ မြစ်ကား ဖိရုန် အမည် ရှိ၏။ ထို မြစ်သည် ရွှေ ရှိသော ဟာဝိလ ပြည် နား တရှောက်လုံး ကို စီးသွား လေ၏။

12ထို ပြည် မှဖြစ်သောရွှေ သည် ကောင်း လှ၏။

13ဗဓေလသစ်စေး နှင့် ရှဟံ ကျောက် လည်းရှိ၏။ ဒုတိယ မြစ်ကား ဂိဟုန် အမည် ရှိ၏။ ထိုမြစ် သည် ကုရှ ပြည် နား တရှောက်လုံး ကို စီးသွားလေ၏။

14တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။

15ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကိုယူ ၍ ဧဒင် ဥယျာဉ် ကို ပြုစုစောင့်ရှောက် စေခြင်းငှါထား တော်မူ၏။

16ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင်မှတပါး၊ ထိုဥယျာဉ် ၌ ရှိသမျှ သော အပင် တို့၏အသီးကို သင်သည် စား ရသောအခွင့်ရှိ၏။

17ထို အပင် ၏ အသီးကိုကား မ စား ရ။ စား သောနေ့ တွင် ဧကန်အမှန်သေ ရမည်ဟု လူ ကို ပညတ် ထားတော်မူ၏။

18ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ယောက်ျား သည် တ ယောက်တည်းမ နေ ကောင်း ၊ သူ နှင့်တော် သော အထောက် အမကို သူ ဘို့ ငါလုပ် ဦးမည်ဟု အကြံ ရှိတော်မူ၏။

19ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့်၊ မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ ၊ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည် အသီးအသီးရှိကြ၏။

20ထိုသို့ လူ သည် သားယဉ် အပေါင်း တို့ကို ၎င်း ၊ မိုဃ်းကောင်းကင် ငှက် အပေါင်းတို့ကို ၎င်း ၊ သားရဲ အပေါင်း တို့ကို ၎င်း၊ အမည်ပေး ၍မှည့်လေ၏။ သို့သော်လည်း လူ နှင့် တော် သော အထောက် အမ မ ပေါ် မရှိသေး၊

21ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူ သည် အိပ်ပျော် စဉ် ၊ နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင်၊ ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။

22ထာဝရ အရှင်ဘုရား သခင်သည် လူ ထဲက ထုတ် သော နံရိုး ဖြင့် လူမိန်းမ ကိုဖန်ဆင်း၍ လူ ရှိရာသို့ ဆောင် ခဲ့ တော်မူ၏။

23လူ ကလည်း ၊ ယခု ဤ သူသည်ငါ့ အရိုး ထဲက အရိုး ၊ ငါ့ အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ် သောကြောင့် သူ့ ကိုလူမိန်းမ ဟု ခေါ်ဝေါ် အပ်သည်ဟု ဆိုလေ၏။

24ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။

25ထို သူလင်မယား နှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြ၏။

Tip: use the ← and → keys to turn chapters.