ကမ္ဘာဦးကျမ်း

Old Testament

Chapter 20
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 20

Greek New Testament: Textus Receptus has no text for this chapter yet.

1တဖန် အာဗြဟံ သည် တောင် ပြည် သို့ ခရီးသွား သဖြင့် ၊ ကာဒေရှ မြို့နှင့် ရှုရ မြို့စပ်ကြား မှာနေ ၍ ၊ ဂေရာ မြို့ သို့ တည်းခို ၏။

2ထိုအခါ မိမိ မယား စာရာ သည် မိမိ နှမ ဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံ ဆို သောကြောင့် ၊ ဂေရာ မင်းကြီး အဘိမလက် သည် မိမိလူကို စေလွှတ် ၍ ၊ စာရာ ကို ယူ စေ၏။

3ညဉ့် အချိန်တွင် အိပ်မက် အားဖြင့် ဘုရားသခင် သည် အဘိမလက် ဆီသို့ ကြွလာ ၍ ၊ သင် သည် လူ သေ ဖြစ်၏။ အကြောင်း မူကား၊ သင်ယူ သော မိန်းမ သည် သူ့ မယားဖြစ်၏ဟု မိန့် တော်မူ၏။

4အဘိမလက် သည်၊ ထိုမိန်းမ နှင့် မ ပေါင်းဘော် သေးသည်ဖြစ်၍ ၊ အိုဘုရား ရှင်၊ ဖြောင့်မတ် သော လူမျိုး ကို ကွပ်မျက် တော်မူမည်လော။

5သူ သည် ငါ နှမ ဖြစ်၏ဟု အကျွန်ုပ် အား ယောက်ျား ဆို သည် မဟုတ် ပါလော။ အကျွန်ုပ်အား သူ သည်ငါ့ မောင် ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလော။ ဖြောင့်မတ် သော သဘော ရှိ၍ သန့်ရှင်း သော လက် နှင့် ဤ အမှုကို အကျွန်ုပ် ပြု ပါပြီဟု လျှောက်ဆို ၏။

6ထိုအိပ်မက် ၌ ဘုရားသခင် ကလည်း ၊ မှန် ပေ၏။ သင် သည် ဖြောင့်မတ် သောသဘော နှင့် ပြု သည်ကို ငါသိ ၏။ သင် သည်ငါ့ ကို မပြစ်မှား စေခြင်းငှါ၊ သင့် ကို ငါ ဆီးတား ပြီး။ သို့ဖြစ်၍ ထိုမိန်းမ နှင့် ပေါင်းဘော် ရသောအခွင့်ကို ငါမ ပေး။

7ယခု မှာ သူ ၏မယား ကို သူ့အားပြန် ပေးလော့။ သူ သည် ပရောဖက် ဖြစ်၏။ သင့် အဘို့ ဆုတောင်း လျက် ၊ သင်သည် အသက် ချမ်းသာရလိမ့်မည်။ ပြန် ၍ မ ပေးဘဲ နေလျှင် သင် မှစ၍ သင် နှင့်ဆိုင် သော သူအပေါင်း တို့ သည် ဧကန် အမှန်သေ မည်ဟု မိန့် တော်မူ၏။

8နံနက် စောစောအဘိမလက် သည် ထ ၍ ၊ မိမိ ကျွန် အပေါင်း တို့ကိုခေါ် ပြီးမှ အမှု အရာအလုံးစုံ ကို ပြော သဖြင့် ၊ ထို သူတို့သည် အလွန် ကြောက် ကြ၏။

9အာဗြဟံ ကို လည်း အဘိမလက် ခေါ် ၍ ၊ သင် သည် ငါ တို့၌ အဘယ်သို့ ပြု သနည်း။ သင့် ကို ငါတို့သည် အဘယ်သို့ ပြစ်မှား သောကြောင့် ၊ သင်သည် ငါ ၌ ၎င်း ငါ့ နိုင်ငံ ၌ ၎င်း၊ ကြီးစွာ သော အပြစ် ကိုရောက် စေသနည်း။ သင်သည် မ ပြု အပ်သောအမှု ကို ငါ ၌ ပြု ပါသည်တကားဟု ဆို လေ၏။

10တဖန် အဘိမလက် က၊ သင်သည် အဘယ် အမှုကို မြင် ၍ ဤ သို့ပြု သနည်းဟု အာဗြဟံ ကိုမေး လျှင်၊

11အာဗြဟံ က၊ ဤ အရပ် သားတို့သည် ဘုရားသခင် ကို မ ကြောက် ၊ အကျွန်ုပ် ၏မယား အတွက် အကျွန်ုပ် ကို သတ် ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။

12သို့သော်လည်း သူ သည်အကျွန်ုပ် နှမ မှန် ပါ ၏။ အကျွန်ုပ် အဘ ၏သမီး ဖြစ်၏။ အမိ ၏သမီး မ ဟုတ်။ အကျွန်ုပ် မယား လည်း ဖြစ် ပါ၏။

13ဘုရားသခင် သည် အကျွန်ုပ် ကိုအဘ ၏ အိမ် မှ ခေါ်၍ လည် စေတော်မူသောအခါ ၊ အကျွန်ုပ် က၊ သင် သည် ငါ ၌ ပြု ရသောကျေးဇူး ဟူမူကား ၊ ငါသည် သင်၏မောင် ဖြစ် ကြောင်းကို ရောက်လေရာရာ ၌ ပြော ရမည်ဟု၊ မယား ကို မှာ ထားပါသည်ဟု ပြန်ပြောလေ၏။

14ထိုအခါ အဘိမလက် သည်၊ သိုး ၊ နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမတို့ကိုယူ ၍ အာဗြဟံ အား ပေး လေ ၏။ မယား စာရာ ကို လည်း ပြန် ပေး၏။

15အဘိမလက် ကလည်း ၊ ငါ့ မြေ သည် သင့် ရှေ့ မှာ ရှိ၏။ အလို ရှိသည်အတိုင်း နေ ပါဟု အမိန့် ရှိ၏။

16စာရာ ကို လည်း သင် နှင့် သင့်အပေါင်း အဘော်တို့ အဘို့ မျက်နှာ ဖုံး များကို ဝယ်စရာဖို့ သင် ၏မောင် အား ငွေ တထောင် ကို ငါပေး ပြီဟု အမိန့် ရှိသဖြင့် သူသည် လည်း အရာရာ ၌ အဆုံး အမခံရ၏။

17အာဗြဟံ သည်လည်း၊ ဘုရားသခင် ကို ဆုတောင်း ၍ ၊ ဘုရားသခင် သည် အဘိမလက် နှင့် သူ ၏ မယား ၊ သူ ၏ကျွန် မတို့ကို အနာ ပျောက်စေတော်မူသဖြင့် ၊ သူတို့သည် သား ကိုဘွားကြ၏။

18အထက်က အာဗြံဟံ ၏ မယား စာရာ ကြောင့် ထာဝရဘုရား သည် အဘိမလက် ၏အိမ်သူ ၊ မိန်းမတယောက် မျှ ပဋိသန္ဓေ မယူစေခြင်းငှါ စီရင် တော်မူသတည်း။

Tip: use the ← and → keys to turn chapters.