ကမ္ဘာဦးကျမ်း

Old Testament

Chapter 8
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 8

Greek New Testament: Textus Receptus has no text for this chapter yet.

1ဘုရား သခင်သည်၊ နောဧ မှစ၍ အသက် ရှင်သမျှ သောသတ္တဝါ၊ နောဧ နှင့်အတူ သင်္ဘော ထဲ ၌ရှိသောတိရစ္ဆာန် အပေါင်း တို့ကို အောက်မေ့ ၍ ၊ မြေကြီး ပေါ် မှာ လေ လာစေတော်မူသဖြင့် ရေ ငြိမ် လေ၏။

2နက်နဲ ရေပေါက် ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝ များကို ဆို့ပိတ် ၍ မိုဃ်း ကို စဲ စေတော်မူ၏။

3ရေ သည်လည်း မြေ ပေါ် မှာ အစဉ် အတိုင်းစီး သွား၍ ၊ အရက် တရာ့ ငါး ဆယ်စေ့ သောအခါ ယုတ် လျော့ လေ၏။

4သတ္တမ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် သင်္ဘော သည် အာရရတ် အမည်ရှိသောတောင် ပေါ် မှာ တင် လေ၏။

5ဒသမ လ တိုင်အောင် ရေ သည် အစဉ် မပြတ်ယုတ် လျော့၍ ၊ ထိုလဆန်း တရက် နေ့တွင် တောင် ထိပ် တို့သည် ပေါ် ကြ၏။

6ထို အရက် လေး ဆယ်ကြာ လျှင်၊ နောဧ သည် သင်္ဘော ထဲ၌ လုပ် ခဲ့သော ပြတင်းပေါက် ကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ် လေ၏။

7ထိုကျီးအသည် မြေ ပေါ် မှာ ရေ မခန်း မခြောက် မှီတိုင်အောင် ၊ သွား လာလျက် နေလေ၏။

8တဖန် မြေ မျက်နှာ ပေါ် မှာ ရေ ကုန်သည် မကုန် သည်ကို သိ ခြင်းငှါ ၊ ချိုး တကောင်ကို လွှတ် ပြန်လေ၏။

9မြေ တပြင်လုံး ၌ ရေ ရှိသေးသောကြောင့် ၊ ချိုး သည် ခြေ ဖြင့်နင်း၍ အမော ဖြေစရာကို မ တွေ့ သဖြင့် ၊ နောဧ ရှိရာ သင်္ဘော သို့ ပြန် လာလေ၏။ နောဧ သည်လည်း လက် ကိုဆန့် ၍ ၊ ချိုး ကိုကိုင် ယူပြီးလျှင် ၊ မိမိ နေရာ သင်္ဘော ထဲသို့ သွင်း လေ၏။

10တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို သင်္ဘော ထဲက လွှတ် ပြန်၏။

11ညဦး အချိန် ၌ ချိုး သည် နောဧ ထံသို့ ပြန်လာ ၍ ၊ မိမိဆိတ်ယူသော သံလွင် ရွက် ကို မိမိ နှုတ် သီးဖြင့် ဆောင် ခဲ့ သောကြောင့်၊

12မြေကြီး ပေါ် မှာ ရေ ကုန် ကြောင်း ကို နောဧ သိ လေ၏။ တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို လွှတ် ပြန်၏။ နောက် တဖန်ချိုး သည် မ ပြန် မလာနေ၏။

13အနှစ် ခြောက် ရာ တခု ပဌမ လ ဆန်းတရက် နေ့တွင် ၊ မြေကြီး ပေါ် မှာ ရေ ခန်း ခြောက်သည်ရှိသော်၊ နောဧ သည် သင်္ဘော မိုး ကို ပယ်ဖျက် ၍ ကြည့်ရှု သောအခါ ၊ မြေ မျက်နှာ သွေ့ ခြောက်စရှိသည်ကို မြင် ၏။

14ဒုတိယ လ ၊ နှစ် ဆယ်ခုနစ် ရက် နေ့တွင် မြေကြီး သွေ့ ခြောက်လေ၏။

15ဘုရား သခင်ကလည်း သင် သည် သား မယား ၊ ချွေးမ တို့နှင့်တကွ ၊ သင်္ဘော ထဲက ထွက် ဆင်းလော့။

17သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။

18ထိုအခါ နောဧ မှစ၍ သား ၊ မယား ၊ ချွေးမ တို့သည် ထွက် ဆင်းကြ၏။

19သား များ၊ တွား တတ်သော တိရစ္ဆာန်များ၊ ငှက် များ၊ မြေ ပေါ် မှာ လှုပ်ရှား တတ်သမျှ သောအမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘော ထဲက ထွက် ဆင်းကြ၏။

20နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။

21ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။

22မြေကြီး မကုန်မှီတိုင်အောင်မျိုးစေ့ ကြဲရသောကာလ၊ အသီးအနှံ ကို သိမ်းရသောကာလ၊ ချမ်း သောကာလ၊ ပူ သောကာလ၊ နွေ ကာလ၊ ဆောင်း ကာလ မ ပြတ် ရဟု အမိန့် တော်ရှိ၏။

Tip: use the ← and → keys to turn chapters.